Saturday, May 4, 2019

စေတီတောင် ဒေသခံတစ်ဦး သဗ္ဗာန်လှေနဲ့ ထင်း သယ်သွားစဉ် ပစ်ခတ်ခံရ

RFA 
လွတ်လပ်တဲ့ အာရှအသံ 
2019-05-04
သေနတ်နဲ့ပစ်ခတ်ခံရတဲ့ စေတီတောင်ရွာသား ဦးခင်မောင် ကို ၂ဝ၁၉ ခုနှစ် မေလ ၃ ရက်နေ့က စစ်တွေဆေးရုံမှာ တွေ့ရစဉ် Photo: RFA


ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စေတီတောင်ကျေးရွာကနေ စည်တောင်ကျေးရွာဘက်ကို မနေ့ကနေ့ လယ်ပိုင်းမှာ စက်တပ်သဗ္ဗာန်လှေနဲ့ ထင်းတင်ဖို့သွားတဲ့ အသက် ၅၄ အရွယ် ဦးခင်မောင်ဟာ သေနတ်နဲ့ ပစ်ခတ်ခံရတဲ့အတွက် ဝဲဘက်ခါးအထက်ပိုင်းမှာ ကျည်ထိမှန်သွားပြီး စစ်တွေဆေးရုံကြီးကို မနေ့ညနေက အရေးပေါ်ပို့ဆောင်လိုက်ရပါတယ်။
အဲဒီလှေပေါ်မှာ ဦးခင်မောင်ရဲ့ဇနီးနဲ့အတူ ထင်းသယ်ဖို့အတွက် တခြားသူ့မိတ်ဆွေတစ်ဦးပါ လိုက်ပါလာ တာလို့ သိရပါတယ်။

ကျည်ဒဏ်ရာရသူ ဦးခင်မောင်က သူတို့စက်တပ်သဗ္ဗန်လှေကို စပါးထားကျေးရွာမှာရှိနေတဲ့ အစိုးရ တပ် မတော် တပ်ဖွဲ့တွေဘက်က ပစ်ခတ်ခဲ့တာဖြစ်သလို ဒဏ်ရာရပြီးနောက်မှာ စပါးထားကျေးရွာတံတားမှာ စောင့်ဆိုင်းနေတဲ့ တပ်မတော်သားတွေက သူ့အမျိုးသမီးနဲ့ လှေပေါ်ပါလာတဲ့ သူ့မိတ်ဆွေကို ခေါ်ယူစစ် ဆေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် သိပ်မကြာခင်မှာပဲ တပ်မတော်သားတွေက ဒဏ်ရာကိုဆေးကုနိုင်အောင်ဆိုပြီး စက်လှေကို ပြန်လွှတ် ပေးခဲ့တယ်လို့လည်း ဦးခင်မောင်က ပြောပါတယ်။

ရက္ခိုင့်တပ်တော် AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက AA အဖွဲ့အနေနဲ့ အရပ်သားပြည်သူတွေကို ဘယ် တော့ မှ တိုက်ခိုက်တာမရှိသလို ဒီဖြစ်ရပ်ဟာ အစိုးရတပ်ဘက်က ဥပဒေမဲ့ကျူးလွန်တဲ့ ရာဇဝတ်မှုတစ်ခု သာဖြစ်တယ်လို့ ပြောပါတယ်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ အဲဒီကျေးရွာဘက်တွေမှာ တပ် မတော်စစ်ကြောင်းတွေ မရှိတာကြောင့် သေနတ်နဲ့ပစ်ခတ်တာဟာ တပ်မတော်ဘက်က ပစ်ခတ်တာ မဟုတ် ဘဲ AA အဖွဲ့ရဲ့လက်ချက်သာဖြစ်နိုင်တယ်လို့ ပြောပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */