" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, March 24, 2019

သေနတ်ဖြင့် ပစ်ခတ်ခံရ၍ တိမ်ညိုစခန်းမှူး သေဆုံး

DVB
By ဒီဗွီဘီ
24 March 2019

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တိမ်ညိုရဲစခန်းမှူးဟာ မတ်လ ၂၃ ရက်နေ့ ည ၇ နာရီဝန်းကျင်က ထမင်း ဆိုင်တခုမှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြောက်ဦးမြို့နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။

တိမ်ညိုရဲစခန်းမှူး ရဲအုပ်ကျော်ကျော်လှဟာ မနေ့ည ၇ နာရီ ၁၅ မိနစ်ခန့်က အဲဒီ ရဲစခန်းနဲ့ မလှမ်းအကန်း မှာရှိတဲ့ ထမင်းဆိုင်မှာ ထမင်းစားနေစဉ် သေနတ်နဲ့ ပစ်ခတ်သွားတာလို့ မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူး အောင်သူဖြိုးက ပြောပါတယ်။
“သူစခန်းရှေ့မှာ စခန်းနဲ့ ကိုက် ၂၀၀ လောက်အကွာမှာ ထမင်းသွားစားရင်းနဲ့ ဖြစ်တာပါ။

လောလောဆယ်က စိစစ်ဆေးပေါ့ဗျာ။ တိုက်ပွဲဖြစ်နေလို့ ဖြစ်တယ်မဟုတ်ပါဘူး။ ထမင်းစားရင်းနဲ့ ဖြစ်တာပါ။ လောလောဆယ်က ကျနော်တို့လည်း အခင်းဖြစ်တဲ့နေရာကို မသွားရသေးဘူးဗျ။ ညကလည်း မှောင်တဲ့အ ချိန်ဆိုတော့ သူ့ဒဏ်ရာ ဆေးကု ဘာညာလုပ်တော့ သေချာစိစစ်ဖို့ အချိန်မရသေးဘူးဗျ” လို့ ပြောပါတယ်။

အဲဒီလိုပစ်ခတ်ခံခဲ့ရတဲ့အတွက် ရဲအုပ်ကျော်ကျော်လှမှာ ဝဲပါးနဲ့ ယာဘက်ဝမ်းဗိုက်မှာ သေနတ်ဒဏ်ရာ နှစ် ချက် ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။ ဒဏ်ရာပြင်းထန်တဲ့အတွက် မြောက်ဦးမြို့နယ်ဆေးရုံကို သယ်ဆောင် သွားရာ အဲဒီဆေရုံမှာပဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အဲဒီစခန်းမှူးရဲ့ ရုပ်အလောင်းကို မြောက်ဦးဆေးရုံမှာ စိစစ်နေပေမယ့် ပစ်သွားတဲ့ ကျည်အ မျိုး အစားကို မသိရသေးဘူးလို့ အဆိုပါ ရဲအရာရှိကပြောပါတယ်။

ဒီပစ်ခတ်မှုကို ဘယ်သူ၊ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ ဒီဗွီဘီက အတည်ပြုချက် မရသေးပါဘူး။ သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခံရလို့ သေဆုံးတာဟာ အခုဆိုရင် ရခိုင်ပြည်နယ်အတွင်း ၆ ဦးအထိ ရှိလာနေပြီဖြစ် ပါ တယ်။

သတင်း-ဝဏ္ဏခွာညို

Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */