MCN TV
News Channel
03.12.2019
ICJ တရားခွင်ကို နိုင်ငံတော်ရဲ့ အကျိုးစီးပွားအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ပြီးလာရောက် ဖြေရှင်းမယ်အပေါ် ထောက်ခံကြောင်းနဲ့ နိုင်ငံတော်ရဲ့ အကျိုးစီးပွားဆိုရာမှာ လူတစ်စုကို ချန်လပ်ခဲ့တာမျိုး မဖြစ်ဖို့ အလွန်အရေးကြီးတယ်လို့ (ဘင်္ဂါလီ-မွတ်စလင်) "ရိုဟင်ဂျာ" အသိုင်းအဝိုင်းရဲ့ ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ လွှတ် တော်ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင်က ပြောကြားလိုက်ပါတယ်။
● လူမျိုးတုံး သတ်ဖြတ်မှု တားဆီးရေး စာချုပ် (Genocide Convention) ပါ အချက်တွေကို ချိုးဖောက် တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ဂမ်ဘီယာက တရားစွဲဆို ထားတဲ့အပေါ် MCN သတင်း ဌာနက ဆက်သွယ်မေးမြန်းရာမှာ ဦးရွှေမောင်က ပြောကြားလိုက်တာပါ။
● ဒီလိုပြောကြားရာမှာတော့ နိုင်ငံအတွင်းမှာ တရားမျှတမှုအတွက် ဥပဒေရဲ့
အကာအကွယ်ကို ရရှိဖို့ကြိုးစား ခဲ့ပေမယ့် ငြင်းပယ်မှုတွေသာ ခံခဲ့ရတဲ့အတွက်
နိုင်ငံတကာရဲ့ အကူအညီကို ရယူခဲ့ရတာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
● အပြည့်အစုံကို MCN သတင်းဌာနရဲ့ The Streamiz Show ဆက်သွယ်မေးမြန်းခန်း အစီအစဉ်မှာ ရှုစား နိုင်ကြမှာ ဖြစ်ပါတယ်။
No comments:
Post a Comment