Saturday, April 4, 2026

ထင်ရှားသော ဘော်လီမျိုးနွယ်စု၏ နှစ်ပေါင်း ၁၅၀ ခန့် ရှိသည့် အထောက်အထားတစ်ခု

 ထင်ရှားသော ဘော်လီမျိုးနွယ်စု၏ နှစ်ပေါင်း ၁၅၀ ခန့် ရှိသည့် အထောက်အထားတစ်ခု




ဖခင် ပြုစုခေါင်း ဖတေအာလီ ကွယ်လွန်သွားသဖြင့် သားဖြစ်သူ ပြုစုခေါင်း ဖဇဲရာလီက ဖခင်၏ ပိုင်ဆိုင်မှုများမှ ဘူးသီးတောင်၊ ကွန်တိုင်ပြုစုကို မိမိ နာမည်နှင့် လွှဲပြောင်းယူသည့် ပတ္တာလက်မှတ်စာဖြစ်သည်။ ၁၈၇၄ ခု ဒီဇင်ဘာလ ၂၂ ရက်နေ့ လျှောက်ထားသည်ဟု တိတိကျကျ ပါရှိသည်။ စာချုပ်တွင် ဂေါ်ဝနာရ်မင်းကြီး၏ ခွင့်ပြုချက် လက်မှတ်နှင့်အတူ Deputy Commissioner ....... (ဒုတိယမင်းကြီးသခင်ဘရား နန်းတော်ဝန်) စာသားပါ ဗြိတိသျှကိုလိုနီအစိုးရ၏ သရဖူတံဆိပ်တုံးလည်း ကျော့ဘက်တွင် ပါရှိသည်။ စာချုပ်ကို အောင်ကျော်စံ အမည်ရှိ စာရေးတစ်ဦးက ရေးသည်ဟု ဖော်ပြထားသည်။ 
 
ကွန်တိုင်ကျေးရွာတွင် ယနေ့အချိန်အထိ ဘော်လီဝတ်ပြုကျောင်း၊ ဘော်လီရေကန် တို့ တည်ရှိပါသည်။ (ဖတေအာလီမှာ ဘော်လီဘာဇားကို တည်ခဲ့သော ပုဂ္ဂုလ်ဖြစ်သည်။ ဘော်လီ ဟု လူသိများသည်။ #ဘော်လီ၏ အတ္တုပ္ပတ္တိကို သီးခြားပို့စ် တစ်ခုနှင့် ဖော်ပြပါမည်။) 
 
ရိုးသားစွာ စဉ်းစားဝေဖန်ကြည့်ပါရန်-
— ဖခင် ပြုစုခေါင်း ကွယ်လွန်ပြီးနောက် သားဖြစ်သူက အဖပိုင်ဥစ္စာကို မိမိနာမည်နှင့် လွှဲပြောင်းသည့် ခုနှစ်က ၁၈၇၄ ခုနှစ်ဆိုလျှင်…
ဖခင် အသက်ရှင်ခဲ့သည့် သက်တမ်း ၇၀ နှစ် ဆိုပါစို့ …
နောက်ပြန်ဆုတ် တွက်ကြည့်သော် သက္ကရာဇ် ၁၈၀၇ ခုနှစ်ခန့် ရရှိမည်။
— အာဏာရှင်တို့၏ ဥပဒေ အရ ၁၈၂၃ မတိုင်မီကပင် ဗမာပြည်မှာ နေထိုင်နေသော မျိုးရိုးစဉ်ဆက်များသည်သာ တိုင်းရင်းသား အဖြစ်သတ်မှတ်လျှင်…
ရိုဟင်ဂျာတို့လည်း စစ်မှန်သော တိုင်းရင်းသား မဟုတ်ပါလော့။
— ရိုဟင်ဂျာတို့သည် အဘယ် အပြစ်ကြောင့် ညကရောက်လာသကဲ့သို့ ခိုးဝင်ဖြစ်နေရသနည်း။ အသားအရေ မတူ၍လား… ကိုးကွယ်သည့်ဘာသာ မတူ၍လား။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */