" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, August 14, 2023

မောင်တောမှာ အာဆာ ဖမ်းသွားတယ်လို့ ယူဆရတဲ့ မွတ်ဆ လင် ၂ ဦး အဆက်အသွယ်ပြတ်နေ

BBC
၁၄ သြဂုတ် ၂၀၂၃,
 

မီးရှို့ခံခဲ့ရတဲ့ကား 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် (အာဆာ)အဖွဲ့ဝင် တွေလို့ ယူဆရတဲ့ လက်နက်ကိုင်တွေက ဖမ်းဆီးသွားတဲ့ စံပါယ်ကုန်းကျေးရွာသား မွတ်ဆလင် ၂ ဦး ဟာ ၃ ရက်ကြာတဲ့အထိ အဆက်အသွယ်မရဖြစ်နေဆဲလို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

 

အဲဒီအမျိုးသား ၂ ဦးဟာ ဩဂုတ်လ ၁၂ ရက်ညနေပိုင်းမှာမောင်တောမြို့နယ်မြောက်ပိုင်းကြိမ်ချောင်း ကျေးရွာနဲ့ လောင်းဒုံရွာကြား ကားလမ်းပေါ်မှာ လက်နက်အပြည့်အစုံကိုင်ထားပြီး တူညီစစ်ဝတ်စုံတွေ ဝတ်ထားတဲ့အမျိုးသားတစုရဲ့ ဖမ်းဆီးတာခံခဲ့ရတာလို့ ဆိုပါတယ်။

လက်နက်ကိုင်တွေဟာ အဲဒီလမ်းပိုင်းမှာသွားလာခဲ့တဲ့လူတွေနဲ့ ယာဥ်တွေကို ရပ်တန့်စစ်ဆေးခဲ့သလို စစ်ဆေးခံခဲ့ရတဲ့ယာဉ်တွေထဲက စံပါယ်ကုန်းရွာသား ၂ ဦးရဲ့ကားကို မီးရှို့ဖျက်ဆီးပြီးနောက် လူတွေကို ဖမ်းသွားတာလို့လည်း ပြောပါတယ်။

အခင်းဖြစ်ပွားခဲ့တဲ့နေရာဟာ စစ်ကောင်စီရဲ့ အခြေချတပ်ရင်းတပ်စခန်းတွေနဲ့ ရဲတပ်ဖွဲ့တွေလည်းရှိတဲ့ ကြိမ်ချောင်းကျေးရွာနဲ့ မနီးမဝေးမှာရှိပါတယ်။

မောင်တောမြောက်ပိုင်းဒေသဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်မတိုင်ခင်က အာဆာတပ်ဖွဲ့တွေခြေကုတ်ယူ လှုပ်ရှားခဲ့တဲ့နယ်မြေဖြစ်ပြီး စစ်ကောင်စီရဲ့နယ်မြေရှင်းလင်းရေး စီမံချက်ကြောင့် အာဆာဟာ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးခဲ့ကြပါတယ်။

ဒါပေမဲ့ အာဆာအဖွဲ့ဟာ လွန်ခဲ့တဲ့နှစ်ကုန်ပိုင်းကစလို့ ပြန်လည်ဝင်ရောက်လာတဲ့လှုပ်ရှားမှုတွေကိုတွေ့ မြင်လာနေရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

စံပါယ်ကုန်းရွာသား မွတ်ဆလင် အမျိုးသား ၂ ဦးကို အာဆာအဖွဲ့က ဘာကြောင့်ဖမ်းဆီးသွားတယ်ဆို တာ ရှင်းရှင်းလင်းလင်း မသိရပေမဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲမှာလည်း လှုပ်ရှားတဲ့ အာဆာအဖွဲ့ဟာ သူတို့ကို မထောက်ခံသူလို့နားလည်ရတဲ့ စခန်းအတွင်းက ရိုဟင်ဂျာအချို့ ကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ပြုလုပ်လေ့ရှိပါတယ်။

ဒီအခြေအနေကြောင့် စခန်းအတွင်းက အာဆာတွေ လှုပ်ရှားနေမှုကို ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံတကာ လူ့ အခွင့်အရေးအဖွဲ့တွေက ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကို တိုက်တွန်းနေပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */