" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, January 23, 2020

မြန်မာလိုက်နာဆောင်ရွက်ရမယ့် ကြားဖြတ်အစီအမံလေး ချက် နိုင်ငံတကာ တရားရုံး အိုင်စီဂျေ ချမှတ်


B B C 
ဘီဘီစီ မြန်မာပိုင်း
2020.01.23
ကြားဖြတ်အစီအမံတွေ ချမှတ်ပေးဖို့ တောင်းဆိုတာကို ကြားနာနေတဲ့ တရားရုံး

မြန်မာက လူမျိုးတုံးသတ်ဖြတ်မှု တားဆီးတဲ့ ဂျီနိုဆိုက် ကွန်ဗန်းရှင်းကို ချိုးဖောက်တယ်ဆိုပြီး ကြားဖြတ်အစီ အမံတွေ ချမှတ်ပေးဖို့ ဂမ်ဘီယာနိုင်ငံက ကုလသဂ္ဂရဲ့ အမြင့်ဆုံးတရားရုံး အိုင်စီဂျေမှာ တောင်းဆိုထားတာ ကို ဒီကနေ့ ဇန်နဝါရီ ၂၃ ရက်မှာ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့မှာ တရားရုံးက မြန်မာက ဆောင်ရွက် ရမယ့် ကြားဖြတ် အစီအမံ အချက်လေးချက်ကို ဆုံးဖြတ်ချမှတ်ခဲ့ပါတယ်။

အဲဒီလေးချက်ကို တရားရုံးက တရားသူကြီး ၁၇ ဦးလုံးက တညီတညွတ်တည်း သဘောတူချမှတ်ခဲ့ တာပါ။


မြန်မာက ဆောင်ရွက်ရမယ့် ကြားဖြတ်အစီအမံ လေးချက်က

 
(၁) ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုက အကာအကွယ်ပေးဖို့
(၂) မြန်မာတပ်မတော်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက လူမျိုးတုံးသတ်ဖြတ်မှုတွေ မလုပ်ဖို့
(၃) သက်သေ အထောက်အထားတွေ မပျက်စီးအောင် ထိန်းသိမ်းဖို့
(၄) ဒီကနေ့ အမိန့်ချမှတ်တဲ့နေ့က စပြီး လေးလအတွင်း မြန်မာရဲ့ဆောင်ရွက်မှုတွေကို အစီရင်ခံစာတင်ဖို့နဲ့ အဲဒီနောက်ပိုင်းမှာ လူမျိုးတုံးသတ်ဖြတ်မှု အမှုကြီးအတွက် အပြီးသတ် အမိန့်မချမချင်း ခြောက်လတစ်ကြိမ် အစီရင် ခံစာတင်သွင်းဖို့တို့ ဖြစ်ပါတယ်။

တရားရုံးက ကြားဖြတ်အစီအမံချတာနဲ့ ပတ်သက်ပြီး ဂမ်ဘီယာ တရားရေးဝန်ကြီး အဘူဘာကာ တမ်ဘာဒူးက အခုလို တရားသူကြီးတွေက တညီတညွတ်တည်း ဆုံးဖြတ်တာကိုက ဂျီနိုဆိုက်ကို ကမ္ဘာက လက်မခံဘူးဆိုတာ ပြတာဖြစ်တယ်လို့ ပြောပါတယ်။

ဒါကြောင့် ရိုဟင်ဂျာတွေကို အကာအကွယ်ပေးရမယ်လို့ ပြောပါတယ်။

ဒါပေမဲ့ အခုဆုံးဖြတ်ချက်ကို အောင်ပွဲအဖြစ် မယူဆဘဲ လုပ်ရမှာတွေ အများကြီး ကျန်သေးတယ်လို့ ပြောပါတယ်။

အခု ချမှတ်တာတွေကို မြန်မာဘက်က လိုက်နာမယ်လို့ ယုံကြည်တယ်လို့လည်း သူက ပြောပါတယ်။

အခု တရားရုံးက ကြားဖြတ်အစီအမံ အဆုံးအဖြတ်ချမှတ်တာကို မြန်မာဘက် အဆင့်မြင့် အရာရှိကြီး တက် ခဲ့ပြီး အခု တရာရုံးကိစ္စကို မြန်မာက တာဝန်သိတဲ့ နိုင်ငံအဖြစ် လုပ်ဆောင်ခဲ့တယ်လို့လည်း သူက ပြောပါ တယ်။

မြန်မာအနေနဲ့ လုပ်ဆောင်ခဲ့တာတွေကို သုံးသပ်ပြင်ဆင်နိုင်မယ့် လုပ်ရပ်လည်း ဖြစ်တယ်လို့ ပြောပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */