VOA
မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုလုပ်ရပ်တွေ ဆက်ပြီးမဖြစ်အောင်တားဆီးရေး ဂမ်ဘီယာနိုင်ငံဘက်က လျှောက်ထားချက်အရ ကြားဖြတ်လိုက်နာ လုပ်ဆောင်ရမယ့် အချက် ၄ ချက် ကို ICJ အပြည်ပြည်ဆိုင် ရာ တရားရုံး က ဒီနေ့ ဆုံးဖြတ်ချက် ချမှတ်လိုက်ပါတယ်။
(၁) လူမျိုးတုန်းသတ်ဖြတ်မှုတားဆီးရေးဆိုင်ရာနိုင်ငံတကာသဘောတူညီချက် အပိုဒ်(၂) မှာ ဖော်ပြထားတဲ့ ကျူး လွန်မှုတွေ ဖြစ်မလာအောင် မြန်မာနိုင်ငံအနေနဲ့ အကာအကွယ်ပေးရေး အစီအမံတွေဆောင်ရွက်သွား ရမယ်။(၂) မြန်မာစစ်တပ်ဖြစ်စေ ပြည်သူ့စစ်အဖွဲ့ဖြစ်စေ အခြားအဖွဲ့အစည်းတခုခုကဖြစ်စေ ဂျီနိုဆိုဒ်စာချုပ် အပိုဒ် (၂) ပါ လူမျိုးတုန်းသတ်ဖြတ်မှုမြောက်တဲ့ လုပ်ရပ်တွေ မကျူးလွန်နိုင်အောင်နဲ့ ကျူးလွန်ဖို့ရည်ရွယ်ချက်နဲ့ လှုံဆော်မှုတွေမဖြစ်အောင် မြန်မာနိုင်ငံအနေနဲ့ ဒီအဖွဲ့အစည်းတွေကို ထိန်းချုပ်ကိုင်တွယ်ရမယ်။
(၃) ဖြစ်ပြီးခဲ့တဲ့ ကျူးလွန်မှုတွေက ကျန်တဲ့ သက်သေအထောက်အထားတွေကို မပျောက်ပျက်အောင် ထိမ်းသိမ်းပေးရမယ်၊ မဖျက်ဆီးပစ်ရဘူး။
(၄) ဂျီနိုဆိုဒ်သဘောတူညီချက်ကို ချိုးဖောက်မှုရှိမရှိ တရားရုံးက စစ်ဆေးနေစဉ်ကာလအတောအတွင်းမှာပဲ မြန်မာနိုင်ငံဖက်က ဆောင်ရွက်မှု တိုးတက်မှုဖြစ်စဉ်ကိုလည်း ၄ လ အတွင်း၊ ပထမအအကြိမ် တရားရုံးကို အစီရင်ခံစာတင်ရမယ်။ နောက်ပိုင်းမှာ ၆လတကြိမ် ပုံမှန်အစီရင်ခံစာတင်သွားရမယ်။
ဗွီအိုအေ (မြန်မာဌာန)
23 ဇန္နဝါရီ၊ 2020

Click : Here

No comments:
Post a Comment