မြန်မာတိုင်းမ်နေ့စဉ်
စိုင်းဝဏ္ဏ
08 Nov 2019
တပ်မတော်နှင့် အေအေတို့ တိုက်ပွဲဖြစ်ပွားသည့် ကာလအတွင်း ချင်းပြည်နယ် ပလက်ဝနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ အရပ်သား ၈၀ ကျော် အစအန ပျောက်ဆုံးမှုသည် ၎င်းတို့နှင့်မသက် ဆိုင်ကြောင်း AA အဖွဲ့ က ထုတ်ပြန်သည်။
ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးဝှေ့တင်း အပြင် အရပ်သား များကိုပါ ဖမ်းဆီးမှုမရှိတော့ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
ရခိုင်ပြည်နယ်အတွင်း ကုန်းလမ်း၊ ရေလမ်းတို့ဖြင့် ခရီးသွားလာနေသူများအနက်မှ တပ်မတော်နှင့် ဆက်စပ် မှု မရှိသူများနှင့် အပြစ်မရှိသူများကို လေးကြိမ်တိုင်တိုင် ပြန်လည်လွှတ် ပေး ပြီးဖြစ်ကာ NLD လွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းတစ်ဦးသာ ကျန်ရှိတော့သည်ဟု ယင်းအဖွဲ့က ဆိုထား သည်။
သို့သော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ အောက်တို ဘာ ၃၀ ရက်က သတင်းထုတ်ပြန် ချက် တွင် အရပ်သားအများအပြားကို AA အဖွဲ့က ဖမ်းဆီးထားဆဲဖြစ်ပြီး တစ်ဦးတစ်ယောက်မျှ ပြန်လည်လွတ် မြောက်လာခြင်း မရှိသေးကြောင်း ဖော်ပြခဲ့သည်။
"ကျွန်တော့်အထင် အစအနပျောက်နေတဲ့ ချင်းလူမျိုးတွေ အများကြီးရှိနေတယ်။ တကယ်လို့ သူတို့ဟာ အ သက်ရှင်လျက်မရှိတော့ဘူးဆိုရင် AA လက်ချက်နဲ့ သေဆုံးသွားပြီလို့ သုံးသပ် ပါတယ်"ဟု ချင်းလူငယ် ဗဟို အဖွဲ့ဥက္ကဋ္ဌ ဆလိုင်းမတူပီနိုထန်က ပြောသည်။ ချင်းလူငယ်ဗဟိုအဖွဲ့ချုပ်၏ နိုဝင် ဘာ ၆ ရက်က သတင်း ထုတ်ပြန်ချက် ၌ ၂၀၁၅ ခုနှစ် နောက်ပိုင်း ဗဗ အဖွဲ့ သည် ပလက်ဝဒေသမှ ချင်းတိုင်းရင်းသား ၈၂ ဦးအထိ ဖမ်းဆီးထားကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သည့်ရက်ပိုင်းက လူမှုကွန်ရက်ပေါ်တွင် ပေါက်ကြားလာသည့် ဗီဒီယိုဖိုင်နှင့် ဓာတ်ပုံ အထောက်အထား များအရ စစ်ဖြစ်ပွားနေသည့် တိုင်းရင်းသားဒေသတစ်ခုတွင် အရပ်သားများ ရိုက်နှက်သတ်ဖြတ်ခံထားရမှု များ ဖြစ်ပွားခဲ့ရာ ယင်းဖြစ်ရပ်အပေါ် ၎င်းတို့ မဟုတ်ကြောင်း ဗဗ အဖွဲ့က ငြင်းဆိုထားသည်။
Link : Here
No comments:
Post a Comment