နိရဉ္စရာ၊ ဧပြီ ၂၀
ရခိုင်ပြည်နယ်မြို့တော် စစ်တွေထောင်မှ ယနေ့ညဉ့် ၈ နာရီကျော် သေနတ်ပစ်ခတ်သံများ ဆက်တိုက် ကြား ခဲ့ရသည်ဟု ဒေသခံများက ပြောသည်။
အနီးအနားရှိ ဒေသခံ တစ်ဦးက “ထောင်ထဲကနေ သေနတ်ပစ်ခတ်သံ ၂၀ ကျော်လောက် ကြားရပါတယ်။ ထောင်ထဲမှာ ဘာဖြစ်နေသလဲဆိုတာ မသိရသေးဘူး။ အခုအချိန်ထိ ထောင်ထဲမှာ ဆူညံနေတုန်းပါဘဲ။ သေနတ်ပစ်ခတ်သံတွေကတော့ ဆက်မကြားရတော့ပါဘူး။ ဆူဆူညံညံ အသံတွေတော့ ကြားနေရတုန်းဘဲ” ဟု ယနေ့ ညဉ့် ၉ နာရီ ၄၅ မိနစ်က နိရဉ္စရာ သတင်းဌာနသို့ ပြောကြာသည်။
စစ်တွေထောင်မှ သေနတ်ပစ်ခတ်သံများ ထွက်ပေါ်လာသဖြင့် အနီးအနားရှိ ပြည်သူများအနေဖြင့် စိုးရိမ် ထိတ်လန့်ခဲ့ကြရသည်ဟုလည်း ၎င်းက ပြောဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး စစ်တွေထောင်သို့ ဆက်သွယ်ရာ ဖုန်းရိန်းသော်လည်း လက်ခံ ဖြေဆိုခြင်း မရှိပါ။ ရခိုင် ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီး ကြည်လင်းသို့ ဆက်သွယ်ရာ လောလောဆယ် မပြောနိုင်သေး ဘူးဟုဆိုကာ ဖုန်းချသွားခဲ့သည်။
“ အခုတော့ ရဲတပ်ဖွဲ့ဝင်တွေ တော်တော်များ ရောက်နေပါပြီ။ ထောင်အနီးဝန်းကျင်မှာ လူပ်ရှားသွားလာနေ တာကို မြင်နေရပါတယ်” ဟု ၎င်းက ပြောကြားသည်။
လင့်၊----

No comments:
Post a Comment