Saturday, May 11, 2019

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူ ပြုကော်မတီ ဥက္ကဋ္ဌ စစ်တွေမြို့သို့ ရောက်ရှိ

မြန်မာ့အလင်း
စစ်တွေ မေ ၁၀ 

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင်သည့်အဖွဲ့ဝင်များ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံ

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင်သည့် ကော်မတီအဖွဲ့ဝင်များသည် ယနေ့ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ရန်ကုန်မြို့မှ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိ ကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်ဥပဒေချုပ် ဦးကျော်လှထွန်း၊ ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့် နှင့် တာဝန်ရှိသူများက စစ်တွေလေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ ဦးဆောင်သည့် အ ဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဧည့်ဂေဟာ၌ တွေ့ဆုံ သည်။

တွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ကော်မတီဝင်များဖြစ်ကြသည့် ဒုတိယ ဝန်ကြီး ဦးတင်မြင့်၊ ဒုတိယေ့ရှ နေချုပ် ဦးဝင်းမြင့်၊ ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင် တိုင်းရင်းသား လူမျိုး ရေးရာ ဝန်ကြီး ဦးဇော်အေးမောင်၊ ဦးညီလှငယ်၊ ရဲဗိုလ်ချုပ် အောင်နိုင်သူ၊ ပြည်နယ် ဥပဒေချုပ် ဦးကျော်လှ ထွန်း ၊ ပြည်နယ် လွှတ် တော်ကိုယ်စားလှယ် ဦးမောင် မောင်အုန်း၊ အထူးဖိတ်ကြား၍ တက်ရောက်လာသူ များဖြစ် သည့် ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းနှင့် ဦးစိုးအောင်၊ ပြည်နယ်အစိုးရအဖွဲ့ တာဝန် ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံစဉ် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ အမျိုးသားလွှတ် တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီး ချုပ် ဦးညီပုတို့က အမှာ စကားများ ပြောကြားသည်။

ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများက သက်ဆိုင် ရာ ကဏ္ဍများအလိုက် ဆွေးနွေးကြ သည်။

ထို့နောက် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ အမျိုးသား လွှတ် တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က နိဂုံးချုပ် အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက် သည်။

တွေ့ဆုံပွဲတွင် လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာ ရေးနှင့် တည်ငြိမ်အေးချမ်းရေး ဆိုင်ရာ ကိစ္စရပ်များ၊ မကြာမီရောက်ရှိလာတော့ မည့် မိုးရာသီကာလအတွင်း တိုက်ပွဲ ရှောင်ပြည်သူများ လုံ ခြုံစိတ်ချစွာနေထိုင် နိုင်ရေးအတွက် ယာယီအဆောက်အအုံ များ ဆောက်လုပ်မည့်ကိစ္စရပ်များ၊ ရခိုင် ပြည် နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီအတွင်း ရေးမှူးအဖြစ် ပြည်ထောင်စုအစိုးရ အဖွဲ့ ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့် အား တာဝန်ပေးအပ်ပြီး ကော်မတီ၏ ဆောင်ရွက်ချက်များကို အ များပြည်သူ သိရှိနိုင်ရန် အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်ပြန်နိုင်ရေး ဆောင်ရွက်သွား မည့်ကိစ္စရပ် များ၊ တိုက်ပွဲရှောင်ပြည်သူ များအတွက် ထောက်ပံ့ရေးဆောင်ရွက် မည့် အစီအမံများ၊ ပြည်တွင်းပြည်ပအဖွဲ့ အ စည်းများအနေဖြင့် ထောက်ပံ့လှူဒါန်း နိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ ကြသည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် ဒုတိယဝန်ကြီး ဦးတင်မြင့်တို့က သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။ သတင်းစဉ်

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */