Friday, November 22, 2019

လက်ရှိကြုံတွေ့နေရသော နိုင်ငံတော်၏အခြေအနေ အရပ် ရပ်ကို ရှင်းပြမည့် နိုင်ငံတော်သမ္မတ၏ ရှင်းလင်းဆွေးနွေးပွဲ သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ် ရေးဦး စီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်များ တက်ရောက်မည်

ELEVEN
23 NOVEMBER 2019  
မင်းနိုင်စိုး 
၂၀၁၈ ခုနှစ် ဇွန် ၈ ရက်က နိုင်ငံတော် သမ္မတအိမ်တော် ဧည့်ခန်းမဆောင်တွင် ရခိုင်ပြည်နယ်အရေး ကိစ္စအပါအဝင် အမျိုးသားလုံခြုံရေးနှင့်နိုင်ငံတကာဆက်ဆံရေးအခြေအနေများနှင့် စပ်လျဉ်းသည့်အစည်းအဝေး
 
 လက်ရှိကြုံတွေ့နေရသော နိုင်ငံတော်၏ အခြေအနေအရပ်ရပ်အား ရှင်းပြမည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ၏ ရှင်းလင်းဆွေးနွေးပွဲကို နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတွင် ယနေ့ (နိုဝင်ဘာ ၂၃ ရက်) နံနက် ၉ နာရီခွဲ၌ ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါရှင်းလင်းဆွေးနွေးပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် တပ်မတော်အရာရှိကြီးများနှင့် ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေ သကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ တက်ရောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

နိုင်ငံတော်၏အခြေအနေအား နိုင်ငံတော်သမ္မတက ရှင်းပြမည့်အခမ်းအနားရှိသည်မှာ မှန်ကန်ပြီး အဆိုပါ အခမ်း အနားသို့ တက်ရောက်ရန် ၎င်းအား ခေါ်ထားကြောင်း မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက အတည်ပြုပြောကြားသည်။

“အစည်းအဝေးခေါ်တာတော့ မဟုတ်ပါဘူး။ နိုင်ငံတော်ရဲ့အခြေအနေကို သမ္မတကြီးက ရှင်းပြမယ်ဆိုပြီး ခေါ် ထားတာပါ။ ဟုတ်တယ်။ ၉ နာရီခွဲမှာပါ။ နိုင်ငံတော်သမ္မတ အိမ်တော်မှာပါ။ ဝန်ကြီးချုပ်တွေအကုန်လုံး ထင် တာပဲ။ ခေါ်ထားတယ်။ တခြားတော့ ကျွန်တော်လည်း ဘာမှမသိဘူး။ ခေါ်တာပဲသိတာ” ဟု မကွေးတိုင်းဒေ သကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီများအပေါ် မြန်မာနိုင်ငံ ပြုမူဆက်ဆံပုံနှင့် ပတ်သက်၍ လူမျိုးတုံးသတ် ဖြတ် သည်ဟူသော စွပ်စွဲချက်ဖြင့် အဖွဲ့ဝင် ၅၇ နိုင်ငံပါဝင်သည့် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့ OIC ၏ ကိုယ် စားဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ကုလသမဂ္ဂ၏ တရားရုံးဖြစ်သော နယ်သာလန်နိုင်ငံ The Hague မြို့ရှိ အပြည် ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် အမှုဖွင့်ထားသည်။

ထို့ပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဘင်္ဂါလီများနှင့်ပတ်သက်၍ပင် ဗြိတိန်အခြေစိုက် BROUK ဟူသော ဘင်္ဂါလီအဖွဲ့အစည်းက နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စု ကြည်၊ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ယခင်နိုင်ငံတော် သမ္မတ ဟောင်း များ ဖြစ်ကြသည့် ဦးသိန်းစိန်နှင့် ဦးထင်ကျော်တို့ကို အာဂျင်တီးနားနိုင်ငံတွင် အမှုဖွင့်ထားသည်။

The Daily Eleven သတင်းစာ၏ စုံစမ်းမှုအရ ယနေ့တွင် နိုင်ငံတော်သမ္မတရုံး၌ ပြုလုပ်မည့် အခမ်းအနား သည် နိုင်ငံတကာတွင် မြန်မာနိုင်ငံရင်ဆိုင်နေရသည့် အထက်ပါအခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော် သမ္မတ က ရှင်းလင်းမည့်အခမ်းအနားဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားကာကွယ် ရန်အတွက် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးစီးဆောင်ရွက်သွားမည်ဟု နိုဝင်ဘာ ၂၀ ရက် တွင် နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများကိစ္စနှင့်ပတ်သက်၍ ဂမ်ဘီယာနိုင်ငံသည် အစ္စလာမ္မစ် ပူးပေါင်း ဆောင် ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ တရားစွဲဆို ခဲ့ ကြောင်း၊ ကုလ သမဂ္ဂပဋိညာဉ်စာချုပ်အရ မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံတိုင်းသည် အပြည်ပြည်ဆိုင် ရာတရားရုံး၏ အဖွဲ့ဝင်ဖြစ်ကြောင်း အဆိုပါသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုချက်ကို တုံ့ပြန်နိုင်ရန်အတွက် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာမှ ကျွမ်းကျင် သည့် ဥပဒေပညာရှင် ရှေ့နေကြီးများအား ငှားရမ်းထားပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏အကျိုးစီးပွား ကာကွယ် ရန်အတွက် နယ်သာလန်နိုင်ငံ The Hague မြို့သို့ စေလွှတ်မည့် အဖွဲ့တစ်ဖွဲ့ကို နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်သည် ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် ဦးဆောင်သွားရောက် ရန်ရှိ ကြောင်း နိုင်ငံတော်အတိုင် ပင်ခံရုံးက သတင်းထုတ်ပြန်သည်။

ဘင်္ဂါလီများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်ရန်အတွက် အစိုးရသည် သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (OICE) အား ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသကဲ့သို့ တပ်မတော် ကလည်းစုံစမ်း စစ်ဆေးရေးခုံရုံး (Court of Inquiry) ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း အစိုးရနှင့် တပ်မတော်ပြောရေးဆိုခွင့်ရှိသူများက ထုတ်ဖော်ပြောကြားထားပြီး အဆိုပါကိစ္စနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုများရှိနေကြောင်း သိရသည်


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */