မဇ္ဈိမ
By AFP
15 December 2020
ငါးဖမ်းလှေနဲ့တင်ဆောင်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို လူမှောင်ခိုကူးသူတွေက ရက်ရက်စက် စက် ရိုက်နှက်နေတဲ့ ဗီဒီယိုဖိုင်တစ်ခုကို AFP က ရရှိခဲ့ပြီး ဒါဟာ ရိုဟင်ဂျာလူမှောင်ခိုကူးကွန်ရက်ရှေ့တန်းမျက် နှာ စာမှာ ဖြစ်ပျက်နေတာတွေကို ရှားရှားပါးပါး မြင်တွေ့လိုက်ရတာဖြစ်ပါတယ်။
By AFP
15 December 2020
ငါးဖမ်းလှေနဲ့တင်ဆောင်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို လူမှောင်ခိုကူးသူတွေက ရက်ရက်စက် စက် ရိုက်နှက်နေတဲ့ ဗီဒီယိုဖိုင်တစ်ခုကို AFP က ရရှိခဲ့ပြီး ဒါဟာ ရိုဟင်ဂျာလူမှောင်ခိုကူးကွန်ရက်ရှေ့တန်းမျက် နှာ စာမှာ ဖြစ်ပျက်နေတာတွေကို ရှားရှားပါးပါး မြင်တွေ့လိုက်ရတာဖြစ်ပါတယ်။
နောက်ပိုင်းမှာ ရေယာဉ်ကနေထွက်ပြေးသွားတဲ့ မှောင်ခိုကူးသူတစ်ယောက်က မိုဘိုင်းဖုန်းနဲ့ရိုက်ထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ ကလေးတွေအပါအဝင် ခိုလှုံခွင့်ရှာသူ ဒါဇင်ပေါင်းများစွာဟာ လှေကုန်းပတ်နဲ့ စင်တွေပေါ်မှာ ထိုင် နေကြတာကို တွေ့မြင်ရပါတယ်။
အဲဒီနောက် ကြိုးကိုင်ထားတဲ့လူက အင်္ကျီတောင်မဝတ်ထားတဲ့ တခြားလူတွေကို ကြိုးနဲ့ ထပ်တလဲလဲ လှမ်း ရိုက်နှက်နေခဲ့ပြီး လူတွေကလည်း အရိုက်မခံရအောင် အော်ဟစ်ကာ ရှောင်နေတဲ့ပုံတွေကို တွေ့မြင်ရပါ တယ်။
ဒုက္ခသည်တွေက ထမင်းနဲ့ရေ ထပ်တောင်းတဲ့အခါ မှောင်ခိုကူးသူတွေက ရိုက်နှက်ကြတယ်လို့ လှေပေါ်မှာပါခဲ့ သူ အသက် ၁၆ နှစ်အရွယ် မိုဟာမက်အိုစမန်က AFP ကို ပြောပါတယ်။
လှေအတွင်း ဆူပူမှုတွေဖြစ်လာတဲ့အခါ လူကုန်ကူးသူတစ်ဦးက တခြားလှေအုပ်စုဆီ ထွက်ပြေးသွားခဲ့ပါတယ်။ အဲဒီလူကျန်ခဲ့တဲ့ဖုန်းကို အိုစမန်ရဲ့သူငယ်ချင်း အသက် ၁၉ နှစ်အရွယ် အီနာမယ်ဟာဆန်က ကောက်ယူထားခဲ့ တာဖြစ်ပါတယ်။
မလေးရှားကို သွားမယ့် အဲဒီလှေဟာ ဖေဖော်ဝါရီလထွက်သွားခဲ့တာဖြစ်ပြီး ဧပြီလလယ်မှာ ဘင်္ဂလားဒေ့ရှ်က ပြန်လှည့်ခဲ့တာဖြစ်ပါတယ်။ လှေပေါ်မှာ ရက်ပေါင်းများစွာနေရစဉ်အတွင်း အဲဒီအဖြစ်အပျက်ကို ရိုက်ကူးခဲ့ တာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာရှိနေတဲ့ ဟာဆန်က လှေပေါ်မှာ ကြုံတွေ့ခဲ့ရတာတွေကို ခုလိုပြောပြပါတယ်။
“လှေပေါ်မှာ တစ်ယောက်ယောက်သေပြီဆိုရင် လူကုန်ကူးသူတွေက သွေးခုန်နှုန်းလာစမ်းကြည့်ပြီး သေတာ သေ ချာရင် ပင်လယ်ထဲကို ပစ်ချကြပါတယ်။ လူတွေသေဆုံးနေတာမြင်တွေ့ရတော့ကျွန်တော်တို့က သူတို့တွေ နဲ့ စတင်စကားများကြပါတယ်။ သူတို့တွေက တုတ်တွေ ကြိုးတွေနဲ့ ကျွန်တော်တို့ကို ရိုက်ပါတယ်။ အမျိုး သမီးတွေက ချက်ချင်းငြိမ်သွားပေမယ့် အမျိုးသားတွေက ဆက်ပြီးအာခံပြောဆိုကြပါတယ်။ ခေါင်းတွေကို ရိုက်၊ နားရွက်တွေလိမ်ဆွဲ၊ လက်တွေချိုးပြီး နှိပ်စက်ပါတယ်။ ကျွန်တော်တို့အတွက် ဆုံးရှုံးစရာ ဘာမှမရှိတော့ ဘူးဆိုတာ သဘောပေါက်လာပြီး သူတို့ကို ပြန်တိုက်ခိုက်ခဲ့ပါတယ်။ ကျွန်တော်တို့ကို မြေပေါ်မချပေးရင် သတ် မယ်လို့ သူတို့ကိုခြိမ်းခြောက်ခဲ့ပါတယ် ။ သူတို့ကလည်း လှေကိုမီးရှို့ပစ်မယ်ဆိုပြီး ပြန်ခြိမ်းခြောက်ပါတယ် ” လို့ဆိုပါတယ်။
နောက်ရက်အနည်းငယ်အကြာမှာ လူကုန်ကူးသူတွေက လှေကို ဘင်္ဂလားဒေ့ရှ်အနီးမှာ ကမ်းကပ်ပေးခဲ့ပြီး ထွက် ပြေးသွားခဲ့ကြတာဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးမှုတွေအရ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေကို မလေးရှားကိုပို့ဆောင်တဲ့ လူ ကုန်ကူးတဲ့ကွန်ရက်ဟာ ရှုပ်ထွေးပြီး အမြဲဖြစ်ပေါ်နေတဲ့ ဒေါ်လာသန်းပေါင်းများစွာတန်လုပ်ငန်းတစ်ခုဖြစ်ပြီး အဲဒီဖြစ်စဉ်ထဲမှာ ရိုဟင်ဂျာအသိုင်းအဝိုင်းကလူတွေဟာလည်း သူတို့လူတွေကို လူကုန်ကူးရာမှာ အဓိကအ ခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။
အရှေ့တောင်အာရှတစ်လွှားမှာ ခရီးသည် ၁ ၀၀၀ ဆံ့ ဂြိုဟ်တုဖုန်းတွေပါရှိတဲ့ ထိုင်းနိုင်ငံမှတ်ပုံတင်ထားတဲ့ ငါးဖမ်းလှေတွေ၊ ထောက်ပံ့ရေးရေယာဉ်ငယ်တွေ၊ အကျင့်ပျက်အရာရှိတွေနဲ့ ဘင်္ဂလားဒေ့ရှ်ဒုက ္ခသည်စခန်း တို့ဟာလည်း လူမှောင်ခိုကူးကွန်ရက်ရဲ့ အဓိကကျတဲ့အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။
Link : Here
No comments:
Post a Comment