ဗွီအိုအေ (မြန်မာပိုင်း)
06 မေ၊ 2020
ရိုဟင်ဂျာ ဒုက္ခသည်တွေလို့ ယူဆရသူ ၂၀၂ ဉီးကို ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့တုန်းက မလေးရှား နိုင်ငံထဲ တ ရားမဝင် ပို့ဆောင်ဖို့ ကြိုးပမ်းမှုနဲ့သံသယ ရှိသူ နောက်ထပ် မြန်မာနိုင်ငံသား ၄ ဦးကို မလေးရှား ရေကြောင်း ကြီး ကြပ်ရေး အေဂျင်စီ (MMEA) က ဖမ်းဆီး ထိန်းသိမ်း လိုက်ပါတယ်။06 မေ၊ 2020
ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်နဲ့ ၁၈ ရက်တွေက Yan ခရိုင်အနီးမှာ အလားတူ ဖမ်းဆီးခံခဲ့ရသူ ၂ ဦးဆီက သတင်း အ ချက်အလက်တွေအရ အခုလို ထပ်မံဖမ်းဆီးခဲ့တာလို့ Kedah နဲ့ Perlis ပြည်နယ် (MMEA) လက်ထောက် ညွှန်ကြားရေးမှုး ရေကြောင်း ကပ္ပတိန် Zulinda Ramly က ပြောပါတယ်။
အသက် ၂၄ နှစ်နဲ့ ၅၃ နှစ်ကြား အရွယ်ရှိတဲ့လူ ၄ ဦးကို တနင်္ဂနွေနေ့က Pendang ပြည်နယ်မှာ သီးခြားဖမ်း ဆီး ခဲ့တာလို့ Malay Mail သတင်းမှာ ဖော်ပြထားတာပါ။
အခုဖမ်းဆီးရမိသူအားလုံးကို လူကုန်ကူးမှု၊ ရွှေ့ပြောင်း အခြေချတွေကို တရားမဝင် ပို့ဆောင်မှု စတဲ့ပြစ်မှု တွေနဲ့ တရားစွဲဆိုသွားမှာဖြစ် ကြောင်း ကပ္ပတိန် Zulinda Ramly က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
နိုင်ငံခြားသားတွေနဲ့ အထူးသဖြင့် ရိုဟင်ဂျာ ဒုက္ခသည် တွေကိုနိုင်ငံတွင်းတရားမဝင်ပို့ဆောင်ပေးနေတဲ့ ဒီ ကျူးလွန်မှုမှာ အဓိကပါဝင်ပတ်သက်နေတဲ့ နောက်ထပ်သံသယရှိသူ၂ဦးကိုလည်း MMEA က ဆက်လက် ရှာဖွေနေတယ်လို့ ပြောပါတယ်။

Link : Here
No comments:
Post a Comment