" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, March 8, 2021

Jammu နဲ့ Kashmir မှာ ဖမ်းမိတဲ့ ရိုဟင်ဂျာ (၁၅၀)ကျော် မြန်မာနိုင်ငံဘက် ပြန်ပို့မည်

VOA
VOA (မြန်မာပိုင်း)
08 မတ်၊ 2021

အိန္ဒိယနိုင်ငံတွင်းမှာ ဖမ်းမိသည့် တရားမဝင် ရိုဟင်ဂျာဒုက္ခသည်များ ( ပုံဟောင်း - ၂၀၁၉ )

အိန္ဒိယနိုင်ငံမြောက်ပိုင်း Jammu နဲ့ Kashmir ဒေသမှာ ဖမ်းမိခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည် (၁၅၀)ကျော်ကို မြန်မာ နိုင်ငံဘက် ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှ ပြောပါတယ်။
ဒီ ဒုက္ခသည်တွေဟာ အဲဒီဒေသမှာ တရားမဝင် နေထိုင်သူတွေဖြစ်ပြီး အိန္ဒိယရဲတွေက ဖမ်းမိခဲ့တာပါ။ Jammu ဒေသမှာ တရားဝင် စာရွက်စာတမ်းမရှိပဲ နေထိုင်နေတဲ့ နိုင်ငံခြားသားတွေကို လိုက်လံရှာဖွေရာက ဒီရိုဟင်ဂျာ ဒုက္ခသည်တွေကို ဖမ်းမိခဲ့တာ ဖြစ်တယ်လို့ အမည်မဖေါ်လိုတဲ့ ဒေသဆိုင်ရာ အရာရှိ(၂)ဦးက ပြောပါတယ်။ ဒုက္ခသည်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေ စစ်ဆေး ရယူထားပြီးနောက် လောလောဆယ် ယာယီအချုပ် ထောင်မှာ ဖမ်းဆီးထားပါတယ်။

ဝန်ကြီးချုပ် မိုဒီ အစိုးရက Jammu နဲ့ Kashmir ဒေသကို ၂၀၁၉ သြဂုတ်လမှာ အထူးလွတ်လပ်ခွင့်ရ ဒေသ အဖြစ် ကနေ ပယ်ဖျက်ခဲ့ပြီး ၊ အိန္ဒိယ ဗဟိုအစိုးရကနေ တိုက်ရိုက် အုပ်ချုပ်နေတာ ဖြစ်ပါတယ်။

ရိုဟင်ဂျာတွေဟာ မူဆလင်တွေဖြစ်ပြီး ၊ တရားမဝင် နိုင်ငံခြားသားတွေဖြစ်သလို၊နိုင်ငံ့လုံခြုံရေးအတွက်အန္တ ရာယ်ရှိတယ်ဆိုပြီး ဟိန္ဒူအမျိုးသားရေးဝါဒီ အိန္ဒိယအစိုးရက ဖမ်းဆီး ပြန်ပို့ဖို့ အမိန့်ထုတ်ထားပါတယ်။

၂၀၁၇ ခုနှစ် ရခိုင်မြောက်ပိုင်းကို ARSA အကြမ်းဖက်အဖွဲ့တွေဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်း မြန်မာစစ် တပ်ရဲ့ နယ်မြေရှင်းလင်းရေးဖြစ်စဉ်အတွင်း သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဖက် ထွက်သွားကြတာပါ။ မြန်မာအစိုးရကရော စစ်တပ်ကပါ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံ ပယ်ချထား ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */