" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, July 23, 2023

ဘင်္ဂလားဒေ့ရှ်ရဲ့ ညလုံးပေါက်စစ်ဆင်ရေးမှာ အာဆာအဖွဲ့ ဝင်တွေ ဖမ်းမိ

BBC
၂၃ ဇူလိုင် ၂၀၂၃,

ကော့ဆက်ဘဇားခရိုင်မှာ ဘင်္ဂလားဒေ့ရှ်အထူးရဲတပ်ဖွဲ့တွေက ညလုံးပေါက်ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးမှာ အာရကန် ရိုဟင်ဂျာလွတ်မြောက်ရေးတပ်(အာဆာ) အဖွဲ့က တပ်မှူးတစ်ဦးအပါအဝင် ခြောက်ဦးကို ဖမ်းမိထားတယ်လို့ ဘင်္ဂ လားဒေ့ရှ်ဘက်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။

ကောက်ဘဇားခရိုင်ထဲက ရှမ်လာပူအရပ်မှာရှိတဲ့ တောင်ကုန်းတစ်ခုကို သောကြာနေ့ကနေ စနေနေ့မနက်ပိုင်း အ ထိ စီးနင်းရှာဖွေခဲ့တဲ့အဲဒီစစ်ဆင်ရေးမှာ အာဆာအဖွဲ့ဝင်တွေအပြင် လက်နက် ၇ လက်၊ ကျည်တွေနဲ့ ငွေတွေကိုပါ ဖမ်းမိခဲ့တာလို့ သိရပါတယ်။

ရာဇဝတ်မှုနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့(RAB) ရဲ့ စစ်ဆင်ရေးအတွင်း အာဆာအဖွဲ့ရဲ့ ထိပ်တန်းတပ်မှူး တစ်ဦးဖြစ်သူ အသက် ၂၈ နှစ်အရွယ် ဟာဖစ်ဇ် နျူ မဟာမက်ကို ဖမ်းမိခဲ့တာလို့ RAB သတင်းအချက်အလက် ဌာ နညွှန်မှူးက ပြောပါတယ်။


အဲဒီလူကို ဖမ်းမိအပြီးမှာ သူ့ထွက်ဆိုချက်နဲ့ နောက်ထပ် အာဆာအဖွဲ့ဝင်တွေကို ဖမ်းခဲ့တာလို့လည်း ဆိုပါတယ်။

အာဆာအဖွဲ့ဟာ ပြန်ပေးဆွဲတာ၊ လူသတ်တာနဲ့ ရာဇဝတ်မကင်းတဲ့အလုပ်တွေကို လုပ်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲ တပ်ဖွဲ့က ပြောထားတာပါ။

ဟာဖစ်ဇ်ဟာ အဖွဲ့ဝင် ၃၀ နဲ့ ၃၅ ဦးအထိရှိတဲ့ ရာဇဝတ်ဂိုဏ်းကို ဦးစီးနေပြီး မြန်မာပြည်တွင်းစစ်တပ်က နယ်မြေ ရှင်း လင်းရေးလုပ်ချိန် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် သိန်းချီရှိရာ ကူတူပါ လောင် ဒုက္ခသည် စခန်းနဲ့ အဲဒီစခန်းကပ်လျက်အရပ်တွေမှာ လူသတ်မှု၊ ပြန်ပေးမှု၊ ငွေညှစ်မှုတွေကို ပြုလုပ်နေ တယ်လို့ ဘင်္ဂလားဒေ့ရှ်ပို့စ်သတင်းက ဖော်ြပထားပါတယ်။

အာဆာအဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ ဝင်ရောက်ခြေရာဖျောက်နေပြီး ဒုက္ခ သည်တွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေရှိလို့ အသက်အန္တရာယ် စိုးရိမ်ကြတဲ့အကြောင်း စခန်းမှာနေထိုင်တဲ့ရိုဟင်ဂျာ တွေက ဘီဘီစီကို အစောပိုင်းမှာ ပြောထားပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ အပြောအရဆိုရင် ၂၀၂၂ ခုနှစ်အတွင်းမှာ လက်နက်ကိုင်အဖွဲ့တွေကြောင့် ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာ ၄၀ ဦး သတ်ဖြတ်ခံခဲ့ရသလို အခုနှစ် ပထမ ၆ လပတ်မှာတင် သတ်ဖြတ်ခံရ တဲ့ဒုက္ခသည် ၄၈ ဦးအထိရှိနေပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */