" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, July 23, 2023

ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) ထိပ်တန်းတပ် မှူးတဦး ဘင်္ဂလားဒေ့ရ်ှဒုက္ခသည်စခန်းမှာ ဖမ်းဆီးခံရ

VOM
ဒါကာ၊ ဇူလိုင်-၂၂-၂၀၂၃
မျိုးဆက်(VOM)

 ဘင်္ဂလားဒေ့ရ်ှနိုင်ငံအရှေ့တောင်ပိုင်း ကော့ဘဇားဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် ARSA အဖွဲ့ရဲ့ အဓိကခေါင်းဆောင်တဦးကို ဇူလိုင် ၂၁ ရက်ညပိုင်းမှာ ဖမ်းဆီးရမိခဲ့ကြောင်း တာ၀န်ရှိသူတွေက အတည် ပြုထုတ်ပြန်ပါတယ်။

ဖမ်းဆီးရမိသူဟာ ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် ARSA အဖွဲ့ရဲ့ တပ်မှူး ဟာဖက်ဇ်နာမိုဟာမက်ကို သော ကြော နေ့ညက ပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်းမှာ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး အခြားအဖွဲ့၀င်တွေကို ဖမ်းဆီးနိုင်ရေး ဆက်လုပ်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် ARSA ဟာ ရာဇ၀တ်မှုတွေ၊ ပြန်ပေးဆွဲမှုတွေနဲ့ လူသတ်မှုတွေအတွက် တာ ၀န် ရှိကြောင်း ဘင်္ဂလားဒေ့ရ်ှရဲတပ်ဖွဲ့က စွပ်စွဲထားပါတယ်။ ရခိုင်ပြည်နယ်နယ်စပ်က ခွဲထွက်ရေးသောင်း ကျန်းသူ အဖွဲ့တွေဟာ ဘင်္ဂလားဒေ့ရ်ှက ကော့ဘဇားဒုက္ခသည်စခန်းတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေကြတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ရာဇ၀တ်ဂိုဏ်းတွေဟာ ဘင်္ဂလားဒေ့ရ်ှဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေကို အကြမ်းဖက်ဖို့ လုပ်ဆောင်နေကြောင်း ယခုလအစောပိုင်းမှာ ထုတ်ပြန်တဲ့လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကော့ဘဇားမှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ထက်မနည်း လှုပ်ရှားနေပြီး ဒုက္ခသည်တွေကို ပြန်ပေးဆွဲ၊ ခြိမ်းခြောက်၊ သတ်ဖြတ်မှုတွေကြောင့် ၂၀၂၂ ခုနှစ်မှာ ရိုဟင်ဂျာ ၄၀ သေဆုံးပြီး ဒီနှစ်မှာတော့ ၄၈ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း တရား၀င်ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

Ref: Anadolu
#voiceofmyanmar #VOM #ဒါကာ

Link  : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */