Tuesday, February 12, 2019

ဒုက္ခသည်တွေ နေရပ်ပြန်ရေး ကချင်ဘာသာရေး ခေါင်းဆောင်တွေ ဦးဆောင်မည်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-02-12
ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်မှာရှိတဲ့ IDP စခန်းတွေက စစ်ဘေးဒုက္ခသည်များကို ၂ဝ၁၉ ဇန်နဝါရီလ ၃ဝ ရက်နေ့က ပြန်လည်ပို့ဆောင်နေစဉ်။


 ရှမ်းမြောက်နဲ့ ကချင်စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ ပြန်လည်နေရာချထားရေးကို ကချင် ခရစ်ယာန် ဘာသာရေး ဂိုဏ်းပေါင်းစုံက ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကချင်လူသားချင်း စာနာမှုကော်မတီ KHCC က ဦးဆောင်ပြီး လာမယ့်မတ်လမှာ စတင်အကောင်ထည်ဖော်သွားမယ်လို့ KHCC ဥက္ကဌ ဒေါက် တာ ခလမ်ဆမ်ဆွန် က ပြောပါတယ်။

အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ၊ တပ်မတော်၊ KIA တို့နဲ့ ပူးပေါင်းဆောင် ရွက်သွားမှာဖြစ်တယ်လို့ ဒေါက်တာ ခလမ်ဆမ်ဆွန်က RFA ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါလ ၁၀ ရက်နေ့က NRPC က ဦးဇော်ဌေးနဲ့ KHCC က တာဝန်ရှိသူတွေ ရန်ကုန်မြို့မှာ အလွတ် သဘောတွေ့ဆုံပြီး အခုလိုဒုက္ခသည်တွေနေရပ်ပြန်ရေးကို ဆောင်ရွက်ဖို့ ဆုံးဖြတ်လိုက်တာလို့ သိရပါတယ်။

တပ်မတော်နဲ့ KIA နှစ်ဖက်သဘောတူတဲ့နေရာတွေကို ဦးစားပေးပြီး နေရာချထားပေးမှာဖြစ်တယ်လို့ ဒေါက်တာခလမ်ဆမ်ဆွန်က ပြောပါတယ်။

အစိုးရထိန်းချုပ်ဧရိယာထဲမှာ ဒုက္ခသည် ၄သောင်းကျော်နဲ့ KIA ထိန်းချုပ်ဧရိယာထဲမှာ ၇သောင်းကျော် စုစုပေါင်း ဒုက္ခသည် တစ်သိန်းကျော်ရှိတယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */