" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, January 17, 2019

ကချင်နိုင်ငံတော် တည်ထောင်ဖို့ သဘောထား ကြေညာချက်ထုတ်

RFA
2019.01.17
ကချင်ပြည်နယ်ကို လွတ်လပ်တဲ့ ကချင်နိုင်ငံတော်အဖြစ် တည်ထောင်ဖို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၃ရက်ကြာ ကျင်းပခဲ့တဲ့ ကချင်တိုင်းရင်းသားတွေက သဘောထား ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ပြည်တွင်း၊ ပြည်ပ ကချင်အရပ်ဘက် အဖွဲ့အစည်းတွေ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့အစည်းတွေ၊ ဘာသာရေး ခေါင်း ဆောင်တွေက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဇန်နဝါရီလ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ၃ ရက် ကြာညီလာခံကျင်းပပြီး လွတ်လပ်တဲ့ ကချင်နိုင်ငံတော် တည်ထောင်ဖို့ ကြေညာချက် ထုတ်ပြန်လိုက်တာဖြစ် ပါတယ်။

သီးခြားနိုင်ငံတော်တစ်ခု တည်ထောင်နိုင်ဖို့အတွက် ကချင်ပြည်နယ်အတွင်းမှာနေထိုင်နေတဲ့ တိုင်းရင်းသား အား လုံးနဲ့ ဆွေးနွေးညှိနှိုင်းသွားမှာဖြစ်သလို သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေနဲ့ ငြိမ်းချမ်းစွာ အဖြေရှာ သွားမှာဖြစ်ကြောင်း ကချင်လူမျိုးများ အမျိုးသားညီလာခံ ဖြစ်မြောက်ရေး အဖွဲ့ဝင် ဦးနော်လတ်က RFA ကို ဒီနေ့ ပြောပါတယ်။

အစိုးရအနေနဲ့ ဒီထုတ်ပြန်ချက်ကို ပြဿနာလို့မမြင်ပဲ ပြည်သူတွေရဲ့ တင်ပြချက်တွေကို လေးလေးနက်နက်ထား ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးစေလိုတယ်လို့လည်း ပြောပါတယ်။

အဲဒီညီလာခံမှာ ကချင်ပြည်နယ်ရဲ့ အချုပ်အခြာအာဏာကို ပြည်သူတွေထံမှာ အပြည့်အဝရှိတဲ့ ဒီမိုကရေစီ နိုင် ငံတော် တည်ဆောက်ဖို့ သဘောတူခဲ့တာဖြစ်ပြီး ကချင်ပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ မြေယာတွေလုံခြုံမှုရှိရေးကို ကြိုးစားလုပ်ကိုင်ဖို့ကိုလည်း ဆွေး နွေးခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့တာပါ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */