Friday, March 14, 2025

ကုလအတွင်းရေးမှူးချုပ် Cox's Bazar ရောက်

VOA
ဗွီအိုအေ (မြန်မာဌာန)
၁၄ မတ်၊ ၂၀၂၅ 

ရာမဒါမ်ဥပုသ်ကာလတိုင်း နှစ်စဥ်သွားနေကခရီးအဖြစ် ကုလအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်က်က ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားဖို့ ကော့ဇ်ဘဇားလေဆိပ်ကိုရောက်လာစဥ်။ (မတ်လ ၁၄၊ ၂၀၂၅။ ဓာတ်ပုံ-Chief Adviser of the Government of Bangladesh'X social Media)
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရောက်နေကြတဲ့ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံဘက်ကို ပြန်ချင်ကြတယ်ဆိုတာ သူရှင်းရှင်းလင်းလင်း ကြားသိခဲ့ရတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres ကဒီနေ့ Cox's Bazar ရောက်စဉ်မှာ ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပြန်လည်ရရှိဖို့၊ ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးကို လေးစားဖို့နဲ့ အတိတ်မှာ ဖြစ်ခဲ့တဲ့ ဖိနှိပ်မှုမျိုးတွေဆက်မရှိဘဲ အဆုံးသတ်သွားဖို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ တတ်နိုင်သမျှ ဝိုင်းဝန်းကြိုးပမ်းပေးကြဖို့ မဖြစ်မနေ လိုအပ်တယ်လို့ အတွင်းရေးမှူးချုပ် Guterres က ကြေ ညာချက် ထုတ်ပြန်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေရဲ့ အခြေအနေ တိုးတက်ဖို့ လိုလားချက်ကိုလည်း ရိုဟင်ဂျာဒုက္ခ သည် တွေက သူ့ကို ပြောခဲ့ကြတယ်လို့ ကုလအတွင်းရေးမှူးချုပ်က ပြောပါတယ်။ အမေရိကန်နဲ့ ဥရောပနိုင်ငံ အများစုဖြစ်တဲ့ တခြားနိုင်ငံတချို့က လူသားချင်းစာနာမှုအကူအညီတွေ သိသိသာသာ ဖြတ်တောက် မယ်လို့ ကြေညာထားတာကြောင့် ဒုက္ခသည်စခန်းတွေမှာပေးနေတဲ့ အစားအသောက်ဝေစုကို ကုလသမဂ္ဂအနေနဲ့ ဖြတ်ရတော့မယ့် အခြေအနေကြုံနေတယ်လို့လည်း သူ့ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ အဲဒီလို အခြေအနေမျိုးရောက်ခဲ့ရင် လူတွေဒုက္ခပိုရောက်ပြီး တချို့ သေဆုံးအထိ အဖြစ်ဆိုးရနိုင်တယ်ဆိုတာကို ထောက်ပြပြီး ရန်ပုံငွေပေးကြဖို့ ကုလသမဂ္ဂကို ထောက်ခံတဲ့ နိုင်ငံအားလုံးနဲ့ ဆွေးနွေးကြိုးစားမယ်လို့လည်း သူကပြောပါတယ်။

ရိုဟင်ဂျာတွေအရေး နိုင်ငံတကာအသိုင်းအဝိုင်းက မေ့သွားမှာမျိုးကို လက်မခံနိုင်ဘူးလို့လည်း ကုလ သမဂ္ဂ အတွင်းအရေးမှူးချုပ် António Guterres က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာဒုက္ခသည် စခန်းတွေ ရှိရာ Cox's Bazar ရောက်နေစဉ် ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဘင်္ဂလား ဒေ့ရှ်ပြည်သူတွေနဲ့ ရပ်တည်ကြောင်းပြသတဲ့အနေနဲ့ ရာမဒါမ်ဥပုသ်ကာလမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နှစ်စဥ်သွားရောက်တဲ့ ခရီးစဉ်ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပြောဆိုထားပါတယ်

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */