" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, March 4, 2023

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေ ဆော်ဒီဘုရားဖူး သွားခွင့်ပြု

VOA
ဆုမွန်
၀၃ မတ်၊ ၂၀၂၃
Muslim pilgrims walk around the Kaaba, the cubic building at the Grand Mosque, during the annual hajj pilgrimage, in Mecca, Saudi Arabia, on July 10, 2022.

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေကို ဆော်ဒီအာရေဗျနိုင်ငံ ဟာ့ဂျ် Hajj ဘုရားဖူးသွားဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပထမဆုံးအကြိမ်အဖြစ် ခွင့်ပြုလိုက်ပြီလို့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပါတယ်။ ဒီလ ၁ ရက်နေ့ကစပြီး ဒုက္ခသည်စခန်းတိုင်းမှာရှိတဲ့ စခန်းတာဝန်ခံတွေကနေတဆင့် ဘုရားဖူးသွားလိုတဲ့ လူဦးရေ စာရင်းကို လက်ခံဆောင်ရွက်နေပါပြီ။ အသွားအလာ ကန့်သတ်ခံထားရတဲ့ မြန်မာပြည်ကလာတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကနေ ဘုရားဖူးသွားနိုင်ရေး အခွင့်အလမ်းပေါ်လာတဲ့ အခြေအနေကို မဆုမွန် တင်ပြထားပါတယ်။
                                                                             မြန်မာပြည် ရခိုင်မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာတဲ့ ဒုက္ခသည် စခန်းအသီးသီးက ရိုဟင်ဂျာ မူဆလင်တွေ ဆော်ဒီအာရေဗျနိုင်ငံ ဟာ့ဂျ် Hajj ဘုရားဖူး သွားနိုင်ရေး ဘင်္ဂလားဒေ့ရှ်အစိုးရက ပထမဆုံးအကြိမ် ခွင့်ပြုလိုက်တယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပါတယ်။

ဒီမတ်လ ၁ ရက်နေ့က စပြီးတော့ ဆော်ဒီအာရေဗျနိုင်ငံ ဟာ့ဂျ် Hajj ဘုရားဖူးသွားလိုတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ လာပြီးတော့ စာရင်းပေးသွင်းဖို့ ဆော်ဩထားပြီး စခန်းတိုင်းမှာရှိတဲ့ စခန်းတာဝန်ခံ တွေကနေတဆင့် သွားချင်တဲ့ လူဦးရေစာရင်းကို စပြီးတော့ ကောက်ခံနေပါတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင် ရိုဟင်ဂျာဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည် ဦးကျော်မြင့်က ဗွီအိုအေကိုအခုလိုပြောပြပါတယ်။

"ဘင်္ဂလားဒေ့ရှ် အစိုးရကနေ ရိုဟင်ဂျာဒုက္ခသည် တော်တော်များများကို ဆော်ဒီအာရေဗျနိုင်ငံက ဟာ့ဂျ် Hajj ဘုရားဖူးသွားဖို့ အတွက် ခွင့်ပြုလိုက်ပါတယ်။ ဒီလ တရက်နေ့က စပြီးတော့ ဒုက္ခသည်စခန်းတိုင်းမှာ စခန်းတာဝန်ခံ ကမ့်တာဝန်ခံရုံးမှာ လူဦးရေစားရင်း စကောက်ခံနေတာကို တွေ့ရပါတယ်။ သွားချင်တဲ့ ပုဂ္ဂိုလ်တွေရဲ့ အမည်စာရင်းတွေကို လက်ခံ ဆောင်ရွက်ပေးနေပါတယ်။ အခုလောလောဆယ်မှာတော့ ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က ဘယ်လို စည်းကမ်းချက်မျိုး သတ်မှတ်ထားတယ် ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူးခင်ဗျာ။ နောက်ပိုင်းတွေမှာတော့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းချက်တွေ ထွက်ပေါ်လာမယ်လို့ ယူဆပါတယ်။ ဒီရောက်တာ ၆ နှစ်ဝန်းကျင်ရှိပြီ ၊ ဒီတခါပဲ ကျနော်တို့အတွက် ဘုရားဖူးနိုင်မယ့် အခွင့်အလမ်းကောင်းတခုကို ရရှိတဲ့အတွက် အင်မတန်မှကို ဂုဏ်ယူမိပါတယ်။"

အစ္စလာမ်ဘာသာဝင်တွေအတွက် အထွဋ်အအမြတ်ထားရာ ဆော်ဒီအာရေဗျက ဟာ့ဂျ် Hajj ဘုရားဖူးခရီးစဉ်ကို အသွားအလာ ကန့်သတ် ပိတ်ဆို့မှုတွေနဲ့ ဆယ်စုနှစ်နဲ့ချီ ပိတ်ပင်တားဆီးခံခဲ့ရတဲ့ ရိုဟင်ဂျာတွေအတွက် ဒီအခွင့်အရေးက မြန်မာနိုင်ငံမှာ ဆုံးရှုံးခဲ့ရတဲ့အတွက် အခုလို ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ခွင့်ပြုချက် ပေးလိုက်တဲ့အပေါ် ကြိုဆိုလက်ခံကြောင်းလည်း ရိုဟင်ဂျာဒုက္ခသည် ဦးကျော်မြင့်က ပြောပါတယ်။

"ဒီလို အခွင့်အလမ်းကို ဘင်္ဂလားဒေ့ရှ်ဘက်က ပေးလိုက်တဲ့အပေါ် ကျနော်တို့ အရမ်းကြိုဆိုပါတယ်။ ဝမ်းလည်း တော်တော်လေး ဝမ်းသာတယ်။ ဒါက ဘင်္ဂလားဒေ့ရှ်အစိုးရကို ကျနော်တို့က အထူးကို ကျေးဇူးတင်ကြပါတယ်။ ကျနော်တို့က ကိုယ့်နိုင်ငံ မြန်မာနိုင်ငံမှာ နေတုန်းက ဒီလိုအခွင့်အလမ်းမျိုး တခါမှ မရခဲ့ဘူး။ မြန်မာနိုင်ငံမှာ နေတုန်းကလည်း ကျနော်တို့ဆီကနေ သွားခွင့်ရတာ ဆယ်ဂဏန်းဝန်းကျင်လောက်ပဲ ရှိတယ်။ ဒီလိုမျိုး လူဦးရေ တော်တော်များများကို ခွင့်ပြုမယ်ဆိုတာ မရှိခဲ့ဘူး။ အခု ဘင်္ဂလားဒေ့ရှ်ရောက်ခါမှ ဒီနေ့ကနေစပြီး တော်တော်များများကို ခွင့်ပြုမယ်ဆိုတာ သိရပါတယ်။ ဒီအပေါ်မှာ ကျနော်တို့အနေနဲ့ အင်မတန်မှ ဝမ်းသာစရာ ကောင်းတဲ့ အခွင့်အလမ်းမျိုးကို ရတဲ့အတွက် ကြိုဆိုပါတယ်။ ဘာဖြစ်လို့ဆိုရင် ဒီဟာ့ဂျ်ကို ဘုရာဖူးသွားဖို့ဆိုတာ မြန်မာမှာရော ဘုရားဖူးဖို့ ဟာ့ဂျ်သွားဖို့ဆိုတာ ကျနော်တို့ ရိုဟင်ဂျာတွေအတွက် အခွင့်အလမ်းက အင်မတန်မှ နည်းပါးခဲ့ပါတယ်။ ဒီ ဘင်္ဂလားဒေ့ရှ် ရောက်တော့လည်း ဘုရားရှိခိုးဖို့ဆိုတာ အကုန်စုပြုံပြီးတော့ ဘာအခွင့်အလမ်းမှ မရခဲ့ဘူး။ ဘာသာရေးအတွက် ဟာ့ဂျ်သွားဖို့ ဆိုတာလည်း တွေးတောင် မတွေးခဲ့ဘူး ဒီနေ့ ဒီလိုအခွင့်အလမ်း ရတဲ့အပေါ် တကယ် ကြိုဆိုပါတယ်။"

ကမ္ဘာတဝန်းလုံးက မူဆလင် အစ္စလာမ်ဘာသာဝင်တွေ အထွဋ်အမြတ်ထားရာ ဟာ့ဂျ် Hajj ဘုရားဖူး ခရီးစဉ်သွားလိုသူ ရိုဟင်ဂျာတွေအတွက် လိုအပ်တဲ့ သဘောတူညီမှု စည်းမျဉ်းစည်းကမ်း ဘယ်လိုခွင့်ပြုချက်တွေနဲ့ ဘယ်လိုငွေကြေးစီစဉ်မှုတွေနဲ့ ရိုဟင်ဂျာတွေ သွားရောက်ဖို့စီစဉ်ပေးမလဲ ဆိုတာကိုတော့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ကမ့်တာဝန်ခံတွေဘက်က မကြာခင် တရားဝင်သတင်းထုတ်ပြန်ဖို့ရှိတယ်လို့လည်း ရိုဟင်ဂျာဒုက္ခသည်တွေကပြောပါတယ်။ Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */