" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, March 4, 2023

ကန်ချနဘူရီ ကားမှောက်မှု ရိုဟင်ဂျာ ၂ ဦးသေဆုံး

ထိုင်းမြန်မာနယ်စပ် ကန်ချနဘူရီပြည်နယ် စိုင်ရို့အမြန်လမ်းမမှာ မြန်မာနိုင်ငံကလာတဲ့ အထောက်အထားမဲ့ ရိုဟင်ဂျာတွေပါလာတဲ့ ကားတစီး တိမ်းမှောက်တာကြောင့် ၂ ယောက်သေဆုံးခဲ့ပါတယ်။ ၈ ယောက်ကတော့ အတွင်းလူနာအဖြစ် စိုင်ရို့ဆေးရုံကြီးမှာ ကုသမှု ခံနေရပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက အပြည့်အစုံ ဆက်ပြောပြပါမယ်။

ထိုင်းမြန်မာနယ်စပ် ကန်ချနဘူရီပြည်နယ် စိုင်ရို့အမြန်လမ်းမှာ မတ်လ ၂ ရက် ကြာသပတေးနေ့က အထောက် အထားမဲ့ ရိုဟင်ဂျာတွေ ပါလာတဲ့ကားတစီး တိမ်းမှောက်ခဲ့တာပါ ၊ ကားတိမ်းမှောက်မှုမှာ ၂ ဦး သေဆုံးသွားပြီး ၈ ဦးကတော့ အတွင်းလူနာတွေအဖြစ် စိုင်ရို့ဆေးရုံကြီးမှာ ကုသမူခံယူနေရတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူ ဦးမိုးကြိုးက အခုလိုပြောပါတယ်။

အသံ (၁)

"မတ်လ ၂ရက်မနက်အစောပိုင်း မနက် ၄ နာရီလောက်မှာ ထိုင်းနဲ့မွန်ပြည်နယ်နယ်စပ် ကန်ချနဘူရီပြည်နယ်စိုင်ရို့မြို့နယ် စိုင်ရို့အမြန်လမ်းမှာ အရှိန်နဲ့မောင်လာတဲ့ကားတစီးဟာ လမ်းဘေးကိုတိမ်းမှောက်သွားတယ်လို့ ၃၂၃ အမြန်လမ်းရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ် ယဉ်တိမ်းမှောက်မူ့ ဖြစ်စဉ်မှာတော့ အမျိုးသမီးတဦးက ပွဲချင် းပြီးသေဆုံးသွားပါတယ်။ အမျိုးသားတဦးကတော့ ဆေးရုံရောက်မှ သေဆုံးသွားပါတယ်၊ ကျန်တဲ့ ၈ ဦးက တော့ စိုင်ရို့ဆေးရုံမှာ အတွင်းလူနာအဖြစ် တင်ထားရပါတယ်"

အလားတူ မတ်လ ၂ရက်နေ့မှာပဲ ချုံဖော်ပြည်နယ်ထဲမှာ မသင်္ကာဖွယ်ရာကားတစ်စီးကိုစစ်ဆေးရာမှာအထောက် အထားမဲ့မြန်မာ ၁၅ ဦးကို ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

"ထိုင်းနိုင်ငံတောင်ပိုင်းချုံဖော်ပြည်နယ်ထဲမှာပစ်ကပ်ကားတစီးကို မသင်္ကာလို့ လုံခြုံရေးတပ်ဖွဲ့တွေက စစ်ဆေးရာမှာတော့တရားမဝင်မြန်မာ ၁၅ ဦး အမျိုးသား ၁၂ ဦး အမျိုးသမီး ၃ ဦးကိုဖမ်းမိပါတယ်၊ အဲဒီမှာလည်းထိုင်းယာဉ်မောင်းကထွက်ပြေးနေဆဲဖြစ်ပါတယ်"

အဖြစ်အပျက် ၂ ခုလုံးမှာတော့ သူတို့ကိုသယ်ဆောင်လာတဲ့ ထိုင်းယာဉ်မောင်းကားသမား ထွက်ပြေးသွားတာကြောင့် လူကုန်ကူးမှု ကျူးလွန်ခဲ့သူတွေကို စုံစမ်းဖော်ထုတ်နေဆဲဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ စိုင်ရို့ မှာကားမှောက်မှုမှာတော့ ကားတစီးလုံးက ရိုဟင်ဂျာတွေဖြစ်တယ်လို့ ဒေသခံ လူမူကယ်ဆယ်ရေးအဖွဲ့တွေက ပြောကြပါတယ်။ ပြီးခဲ့တဲ့ရက်ကလဲ ရိုဟင်ဂျာအများစုပါဝင်တဲ့ မြန်မာနိုင်ငံသား ၁၂၀ လောက်ကို ပရာကျွတ်ခီရီကန်ပြည်နယ်ထဲမှာ ဖမ်းမိခဲ့ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */