" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, December 24, 2022

အမေရိကန် ကာကွယ်ရေး ဥပဒေကြမ်းကို သမ္မတ Biden လက်မှတ်ထိုးလိုက်ပြီ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၂၄ ဒီဇင်ဘာ၊ ၂၀၂၂
၂၀၂၃ ဘဏ္ဍာရေးနှစ် အတွက် ကာကွယ်ရေးဝန်ကြီးဌာနကို အမေရိကန်ဒေါ်လာ ဘီလီယံ ၈၀၀ ကျော် သုံးစွဲခွင့် ပြုထားတဲ့ အမေရိကန် အမျိုးသား ကာကွယ်ရေး လုပ်ပိုင်ခွင့် အက်ဥပဒေ NDAA ကို သမ္မတဂျိုးဘိုင်ဒန်က လက် မှတ်ရေးထိုးလိုက်ကြောင်း အမေရိကန်ကာကွယ်ရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒီဥပဒေအရ အမျိုးသားကာကွယ်ရေး မဟာဗျူဟာ ဆိုင်ရာ အကောင်ထည်ဖေါ်ရေးနဲ့ ကာကွယ်ရေးဝန်ကြီးဌာန မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ဘက်နဲ့ အရပ်ဘက်ဝန်ထမ်းတွေ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ခံနိုင်အောင် မူလ တောင်းခံထားတာထက် ဒေါ်လာ ၄၅ ဘီလီယံ ပိုချထားပေးတာ အပါအဝင် သူတို့အတွက် လစာ ၄.၆ ရာခိုင်နှုန်း တိုး မြှင့်ဖို့ ပါဝင်ပါတယ်။

ဒါ့အပြင် စွမ်းအင်နဲ့ ကာကွယ်ရေးဆိုင်ရာ နျူကလီယားအဆောက်အအုံတွေ လုံခြုံစိတ်ချရရေး ဘုတ်အဖွဲ့ရဲ့ အမျိုးသားလုံခြုံရေး အစီအစဉ်တွေ အတွက် ဒေါ်လာ ၃၀.၃ ဘီလီယံနဲ့ တခြားကာကွယ်ရေးဆိုင်ရာ တွေအတွက် သန်း ၄၀၀ နီးပါး သုံးစွဲခွင့် ရပြီဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

သမ္မတဘိုင်ဒန် အခု အတည်ပြုလက်မှတ်ရေးထိုးလိုက်တဲ့ NDAA အက်ဥပဒေအရ ယူကရိန်းနဲ့ တိုင်ဝမ်ကို အကူ အညီပေးဖို့ ပါဝင်ပါတယ်။

ဒီ ၂၀၂၃ - အမေရိကန် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA) - မှာ မြန်မာနိုင်ငံအပြင် မြောက် ကိုရီးယားနိုင်ငံ၊ အီရန်နိုင်ငံနဲ့ တခြားသောနိုင်ငံတွေနဲ့ပတ်သက်လို့ ဆောင်ရွက်သွားမယ့်ကိစ္စတွေလည်း ပါဝင်ပါ တယ်။ အမေရိကန် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့် အက်ဥပဒေ NDAA အရ ၂၀၂၃ တခုလုံးမှာ အမေရိကန် ဒေါ်လာ ၈၅၈ ဘီလီယံ သုံးစွဲသွားဖို့ ခွင့်ပြုထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဥပဒေထဲမှာ စစ်ကောင်စီရဲ့ အဓိက ဝင်ငွေလမ်းကြောင်းဖြစ်တဲ့ MOGE မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို ပိတ်ဆို့ဒဏ်ခတ်တာအပါအဝင် လူ့အခွင့်အရေး ချိုးဖေါက်နေတဲ့ မြန်မာစစ်ကောင်စီနဲ့ အဝန်းအဝိုင်းကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဒီထပ်ထိ ရောက် တဲ့ အရေးယူမှုတွေပါ လုပ်ဖို့ကိုလည်း ထည့်သွင်းထားပါတယ်။

အဲဒီအချက်တွေအပြင် တိုင်းရင်းသားပြည်နယ်တွေနဲ့ တိုင်းရင်းသားတွေကြားမှာ ဖယ်ဒရယ်စနစ် ခိုင်မာလာစေ ရေး အထောက်ကူဖြစ်မယ့် အစီအစဉ်တွေပေးဖို့လည်း ပါဝင်ပါတယ်။ စစ်တပ် အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး အရပ်သား အုပ်ချုပ်မှု ပြန်လည်ပေါ်ပေါက်လာအောင် ထုတ်ဖော်ပြောကြားပြီး လှုပ်ရှားနေတဲ့ စစ်တပ် တပ် ဖွဲ့ ဝင်ဟောင်းတွေကို ကူညီထောက်ပံ့ဖို့ကိုလည်း ထည့်သွင်းထားတာ ဖြစ်ပါတယ်။ 
 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */