ဘလောက်မှကူးယူသည်။
၂၀၀၉ ခုနှစ်၊ ပထမငါးလတာကာလအတွင်း၊ အာရှစစ်ရေး၊ နိုင်ငံရေးလောကမှာ ပေါ်ထွက်လာခဲ့တဲ့ ထိပ်တန်း သတင်းတွေထဲမှာ စစ်ရေးအကဲခတ်တွေ၊ စစ်မဟာဗျူဟာလေ့လာရေး သုတေသီတွေ၊ အာရှ- ပစိဖိတ်လုံခြုံ ရေး လေ့လာသူတွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ သတင်းလေးပုဒ်ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့ အကြားက ရေပိုင်နက် ပဋိပက္ခ၊ သီရိလင်္ကာစစ်တပ်ရဲ့ တမီးလ်တော်လှန်ရေး သမားတွေကို အပြီးသတ်ချေ မှုန်းရေးစစ်ပွဲ၊ လတ် တလောဖြစ်နေတဲ့ ပါကစ္စတန်စစ်တပ်ရဲ့ တာလီဘန် ချေမှုန်းရေးစစ်ပွဲ၊ မြန်မာနိုင်ငံက အာ ဏာရှင်လက်ပါးစေစစ် တပ်ရဲ့ တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင်များကို အင်အားလျှော့ပေါ့ရေး စီမံချက် နဲ့ အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင်ကို မတရားအမှုဆင် ဖမ်းဆီးပြီး၊ ခေါင်းဆောင်နဲ့ တော်လှန်ရေး ပြတ် တောက်အောင် ပြုလုပ်ကြိုးပမ်းနေမှု စတာတွေဟာ သီးခြားစီ၊ သူ့နိုင်ငံနဲ့ သူဖြစ်ပွားနေတာ မှန်ပေမယ့်၊ ဒေသ ရဲ့ မဟာဗျူဟာ အချက်အချာ အကျ ဆုံးနေရာတွေအားလုံးမှာ တပြိုင်နက်တည်း ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံနှင့် ကွန်မြူနစ်ပါတီသြဇာအာဏာ
(၂၀၀၀) ခုနှစ်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ထုတ်ဝေတဲ့ အမျိုးသားကာကွယ်ရေးအစီရင်ခံစာမှာ တရုတ် နိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင်ရာ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး အခင်းအကျင်းအသစ်ကို ရှာဖွေနေတယ်လို့ တရားဝင်ထုတ်ပြန်ထားခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ပြည်ပပို့ကုန် အခြေပြု စီးပွားရေးစနစ်ကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရှိလာတာ ဖြစ်ပေမယ့်၊ ၁၉၉၀ နောက်ပိုင်းကာလတွေကစပြီး နိုင်ငံတကာရေးရာတွေမှာ တစ တ စနဲ့ aggressive ဖြစ်လာခဲ့ပါတယ်။ အိမ်နီးချင်းနိုင်ငံများနဲ့ နယ်မြေအငြင်းပွားမှုဆိုင်ရာ ပြဿနာတွေ၊ အာ ဏာရှင်နိုင်ငံအစိုးရတွေကို ပံ့ပိုးမှုတွေ၊ သူလျှိုပြဿနာတွေ၊ လက်နက်ကန့်သတ်ရေး သဘောတူစာ ချုပ်များ အပေါ် ဖောက်ဖျက်မှုစတာတွေက တစတစ များပြားလာခဲ့ပါတယ်။ တချိန်တည်းမှာပဲ ကမ္ဘာ့ရေးရာ ပြဿ နာတွေဖြစ်တဲ့ အကြမ်းဖက်နှိမ်နင်းရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ပြည်သူ့ကျန်းမာရေး၊ ငြိမ်းချမ်း ရေး တပ်ဖွဲ့စေလွှတ်ရေး၊ နယူးကလီးယားလက်နက်ထိန်းချုပ်ရေး၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးစနစ် ခိုင်မာ တောင့်တင်းမှု စတာတွေမှာလဲ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍဟာ တစတစ ကြီးထွားလာခဲ့ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ အာရှတိုက်အပေါ် လွှမ်းမိုးဖို့ ကြိုးပမ်းရခြင်း အကြောင်းရင်းတခုကတော့ တရုတ်ကွန် မြူ နစ်ပါတီရဲ့ အာဏာ သက်ရောက်မှုကို ထိန်းသိမ်းထားနိုင်ဖို့ဖြစ်ပါတယ်။ ကွန်မြူနစ်ပါတီ ခေါင်းဆောင်များအေ နနဲ့ ၁၉၅၀ ပြည့်လွန်ကာလများကတည်းက တရုတ်ပြည်မှာ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီကို ရွေ့လျော ကူးပြောင်းသွားမှာကို စိုးရိမ်ခဲ့ကြပါတယ်။ စီးပွားရေးရာမှာ ဈေးကွက်စီးပွားရေးစနစ်နဲ့ ပြည်ပပို့ကုန် အခြေပြု စီးပွားရေးအဆောက်အအုံကို တည်ဆောက်ကျင့်သုံးနေပေမယ့် နိုင်ငံရေးရာမှာတော့ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းမှုပြီး၊ ပါတီရဲ့ သြဇာအာဏာ လျော့နည်းလာမှာကို လိုလားခြင်း မရှိပါဘူး။ ဒါကြောင့် တရုတ် ကွန်မြူနစ်ပါတီရဲ့ အာဏာသက်ရောက်မှုကို ထိန်းသိမ်းထားနိုင်ဖို့က ပြည်တွင်းထိန်းချုပ် ကန့်သတ်မှုတွေ လိုအပ်သလို၊ ပြည်ပနိုင်ငံ များအပေါ်မှာလဲ သြဇာသက်ရောက်ဖို့ လိုအပ်လှပါတယ်။ မြန်မာနိုင်ငံအပါအဝင် အာဏာရှင်နိုင်ငံများရဲ့ အစိုးရတွေကို ပံ့ပိုးနေခြင်းမှာလဲ ဒီအချက်က အချက်တခုအနေနဲ့ ပါဝင်ပါတယ်။
ပြည်ပနိုင်ငံများအပေါ် သြဇာသက်ရောက်ဖို့ တရုတ်နိုင်ငံရဲ့ လက်သုံးစကားကတော့ stability တည်ငြိမ်မှုပဲ ဖြစ်ပါတယ်။ နိုင်ငံတွင်းမှာ နိုင်ငံရေး၊ စစ်ရေးတည်ငြိမ်မှုရှိအောင်လုပ်ဖို့၊ ငြိမ်ဝပ်ပိပြားမှုရှိဖို့ကို အထူးတလည် ပြောဆိုလေ့ရှိပါတယ်။ နိုင်ငံရေးသိပ္ပံပညာရှင်တဦးကတော့ တရုတ်နိုင်ငံဟာ တရားဥပေဒေစိုးမိုးရေးနဲ့ ငြိမ်ဝပ် ပိပြားမှုနှစ်မျိုးမှာ ငြိမ်ဝပ်ပိပြားမှုရှိရေးကို ဦးစားပေးတွန်းအားပေးလေ့ရှိပြီး၊ ဒီအတွက် နိုင်ငံတော်အစိုးရတွေက တရားဥပဒေကို လျစ်လျူရှုလာမှုတွေကိုပါ အားပေးအားမြှောက်လုပ်တတ်တယ်လို့ ဆိုထားခဲ့ပါတယ်။
တရုတ်နှင့် စွမ်းအင်လုံခြုံရေး
တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ ပြည်ပက တင်သွင်းတဲ့ စီးပွားရေး အရင်းအမြစ်များအပေါ်မှာ အများကြီး မူတည်နေပါတယ်။ စွမ်းအင်နဲ့ ပတ်သက်ရင် လက်ရှိကာလမှာ နေ့စဉ် 4 million barrels of oil ကို တရုတ်ပြည်ထဲ တင်သွင်းဖို့ လိုအပ်နေပါတယ်။ ဒီပမာဏဟာ ၂၀၂၀ ခုနှစ်ကျရင် 6 millions ဖြစ်လာပါမယ်။ ဒီလို အခြေ အနေမှာ အနာဂတ်စွမ်းအင်လုံခြုံရေးအတွက် အဓိက ကျလာတာက ပြည်ပရေနံနဲ့ သဘာဝဓာတ် ငွေ့ အရင်းအမြစ်နေရာဒေသတွေအပေါ် လွှမ်းမိုးချုပ်ခြယ်မှု ရှိလာနိုင်စေရေးဖြစ်ပါတယ်။ ၁၉၈၉ ခု၊ တရုတ် ကျောင်းသားများ လုပ် ရှားမှုကို အကြမ်းဖက်နှိမ်နင်း သတ်ဖြတ်ပွဲအပြီးမှာ အမေရိကန်၊ ဂျပန်နဲ့ တခြားနိုင်ငံ တွေ က စီးပွားရေးပိတ်ဆို့မှုလုပ်ခဲ့ဖူးတာကို တရုတ်အနေနဲ့ ကြုံတွေ့ခဲ့ရဖူးပါတယ်။ ဒီလိုထပ်မဖြစ်လာနိုင်ဖို့ အတွက်က တရုတ်နိုင်ငံရဲ့ စီးပွားရေးအဆောက်အအုံ လည်ပတ်မှုအတွက် အရေးပါတဲ့ စီးပွားရေးအရင်း အ မြစ်တွေအပေါ်မှာ ဘယ်နိုင်ငံကမှ ထိပါးနိုင်စွမ်း မရှိဖို့ နိုင်ငံရေးအရ၊ စီးပွားရေးအရ ပါဝါကြီးမားလာဖို့ လိုအပ် တယ်လို့ တရုတ်ခေါင်းဆောင်များက တွက်ဆကြပါတယ်။
အဲဒီမှာတင် စွမ်းအင်လုံခြုံရေးအတွက် အဓိကကျတဲ့ ဒေသ (၅) ခုနဲ့ ပတ်သက်ပြီး၊ လွှမ်းမိုးထိန်းချုပ်နိုင်တဲ့ တ ရုတ်နိုင်ငံရဲ့ Geostrategy ထွက်ပေါ်လာပါတော့တယ်။ ဒီမဟာဗျူဟာအရ တရုတ်နိုင်ငံဟာ အာရှအလယ် ပိုင်း နိုင်ငံများနဲ့ ဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်လာပါတယ်။ (၁၉၉၆) ခုနှစ်ကစပြီး ရုရှားနိုင်ငံကို တရုတ်နဲ့ အာ ရှအလယ်ပိုင်းနိုင်ငံများရဲ့ တွေ့ဆုံပွဲတွေမှာ ဖိတ်ကြားမှုတွေ စလုပ်လာခဲ့ပြီး၊ (၂၀၀၁) ခုနှစ်မှာတော့ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံ ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်းကြီးတခုဖြစ်တဲ့ Shanghai Pact ပေါ်ပေါက် လာ ပါတယ်။ ဒီမဟာ မိတ်အဖွဲ့မှာ ရုရှား၊ တရုတ်နဲ့ အာရှအလယ်ပိုင်းနိုင်ငံကြီးလေးခုက ပါဝင်လက်မှတ်ရေးထိုးခဲ့ပါ တယ်။ ရုရှားရဲ့ စွမ်းအင်အရင်းအမြစ်နဲ့ ပတ်သက်ပြီး တရုတ်နဲ့ ဂျပန်တို့ရဲ့ အပြိုင်အဆိုင် ရယူကြိုးပမ်းမှုပြ သနာတွေက အခုထိ ရှိနေဆဲပဲ ဖြစ်ပါတယ်။ ရုရှားနဲ့ တရုတ်တို့အကြားက proposed pipelines မြေပုံမှာ ၂၀၁၀ မှာ သဘာဝဓာတ်ငွေ့စတင် ထုတ်လွှတ်မှုပြုလုပ်မယ့် ရုရှား- တရုတ်ပိုက်လိုင်းကို တွေ့မြင်ရမှာဖြစ် ပါတယ်။
လက်တင်အမေရိက ဒေသနဲ့ ပတ်သပ်တဲ့ တရုတ်နိုင်ငံရဲ့ geostrategy ကတော့ ကျူးဘားနဲ့ နိုင်ငံရေး၊ စစ်ရေး ဆက်ဆံမှု ခိုင်မြဲအောင် တည်ဆောက်ရေးဖြစ်ပါတယ်။ ဒီလို တည်ဆောက်ရင်း တောင်ပိုင်းနယ်စပ်မှာရှိတဲ့ အာ ဏာရှင်နိုင်ငံများကို အကူအညီပေးပြီး အမေရိကန်ပြည်ထောင်စုကို စိတ်အနှောင့်အယှက်ပေးခြင်း ဖြစ်ပါတယ်။ ကျူး ဘားနဲ့မဟာမိတ်တည်ဆောက်ထားတာ၊ ဗင်နီဇွဲလား အာဏာပိုင်တွေကို အကူုအညီပေးမှုတွေဟာ တ ရုတ်နိုင်ငံရဲ့ ဒီဒေသနဲ့ပတ်သက်တဲ့ စွမ်းအင်အရင်းအမြစ် ရရှိနိုင်မှုကို အာမခံချက်ပေးနိုင်တယ်လို့ တရုတ် ခါင်းဆောင်များက ယူဆပါတယ်။
အခုဆက်လက်ပြီး တရုတ်နိုင်ငံရဲ့ စီးပွားရေးအရင်းအမြစ်နဲ့ ပင်လယ်ရေကြောင်း ထွက်ပေါက်တွေမှာ အရေး ကြီး ဆုံးဖြစ်တဲ့ တောင်တရုတ်ပင်လယ်နဲ့ တရုတ်နိုင်ငံ နိုင်ငံတော်ကာကွယ်ရေးမှာ အရေးကြီးတဲ့ ကျွန်းစုများ ကို ဆက်လက်တင်ပြပါမယ်။ ၁၉၉၂ ခုနှစ်ကစပြီး တောင်တရုတ်ပင်လယ်ဟာ တရုတ်ပိုင်ရေပိုင်နက်ဖြစ် ကြောင်း တရုတ်အစိုးရက ထပ်ခါတလဲလဲ ပြောကြားခဲ့ပါတယ်။ အငြင်းပွားစရာဖြစ်တဲ့ ကျွန်းစုတွေကို သိမ်းပိုက် ပြီး ဖြေရှင်းတာကြောင့် ဖိလစ်ပိုင်၊ ဂျပန်၊ မလေးရှား၊ ဗီယက်နမ်တို့နဲ့ အငြင်းပွားမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်ကျတော့ အမေရိကန်နိုင်ငံက တောင်တရုတ်ပင်လယ်မှာ freedom of navigation ရှိဖို့ဟာ အာရှ- ပစိဖိတ်ဒေသရဲ့ ငြိမ်း ချမ်းရေးနဲ့ တိုးတက်ရေးအတွက် အရေးကြီးကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
တောင်-တရုတ်ပင်လယ်ကို ထိန်းချုပ်နိုင်ဖို့ တရုတ်နိုင်ငံရဲ့ ကြိုးပမ်းမှုဟာ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးပထစီဝင် strategic doctrine ဖြစ်တဲ့ first island chain of defense ကို အကောင်အထည်ဖော်တာဖြစ်ပါတယ်။ ဒီ strategic doctrine ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အရေးပါသော ပင်လယ်ဒေသများကို ထိန်းချုပ်ခြင်းအား ဖြင့် တရုတ်နိုင်ငံရဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ စီးပွားရေး အရင်းအမြစ်များကို ကာကွယ်ဖို့ဖြစ်ပါတယ်။ တရုတ်နိုင် ငံဟာ တောင်တရုတ် ပင်လယ်သာမက တရုတ်- အိန္ဒိယဒေသမှာ အရေးကြီးတဲ့ ရေကြောင်းလမ်းများကို ထိန်း ချုပ်နိုင်ရေးကိုပါ ကြိုးပမ်းဆောင်ရွက်လာပါတယ်။ မြန်မာနိုင်ငံ၊ အာဏာရှင်အစိုးရကို ကျောထောက်နောက် ခံ ပေးပြီး၊ တရုတ်ရေတပ် အခြေစိုက်စခန်းများ ဆောက်လုပ်ထားမှုနဲ့ မဟာဗျူဟာ ဆိပ်ကမ်းများ တည်ဆောက် မှုမှာလဲ ဒီအချက်က အလွန်အရေးကြီးပါတယ်။ ဒီဒေသရဲ့ ရေကြောင်းလမ်းများ မြေပုံပေါ်မှာ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ ပင်လယ်လမ်းကြောင်းများအတွက် အရေးကြီးတဲ့ နေရာတခုဖြစ်တယ်ဆိုတာ သေချာ တွေ့မြင် နိုင်ပါတယ်။
တရုတ်- ပါကစ္စတန် ဆက်ဆံရေး
နိုင်ငံတကာရေးရာမှာ တရုတ်နိုင်ငံနဲ့ ပါကစ္စတန်တို့အကြားက ဆက်ဆံရေးကို Sino-Pakistani Relations အနေနဲ့ သုံးသပ်ပြောဆိုကြပါတယ်။ ပါကစ္စတန်နိုင်ငံဟာ တရုတ်နိုင်ငံကို ပထမဆုံးအသိအမှတ်ပြုခဲ့တဲ့ နိုင်ငံ အုပ်စုတွေထဲမှာ အပါအဝင်ဖြစ်ပါတယ်။ ၁၉၅၁ ခုနှစ်မှာ ပထမဆုံးသံတမန်ရေးရာ ဆက်နွယ်မှုစတင် ခဲ့ပြီးက တည်းက ဒီနိုင်ငံနှစ်နိုင်ငံအကြားက ဆက်ဆံရေးဟာ ပြေပြစ်ချောမော တိုးတက်ကောင်းမွန်ခဲ့ပါတယ်။ နှစ်နိုင်ငံ ချစ်ကြည်ရေးတည် ဆောက်မှုဆိုတာက တဘက်မှာ သံတမန်ရေး၊ စစ်ရေး၊ မဟာဗျူဟာရေးပူးပေါင်းဆောင် ရွက်မှုတွေ လိုအပ်သလို တဘက်မှာလဲ ကုန်သွယ်ရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုပိုင်းမှာ ကူးလူးဆက်နွယ်မှုတွေ လိုအပ်တယ်ဆိုတာ တရုတ်ခေါင်းဆောင်များရော၊ ပါကစ္စတန်ခေါင်းဆောင်းများပါ သဘောပေါက်ခဲ့ကြပါ တယ်။
ဒါကြောင့် တရုတ်နိုင်ငံမှာ ပါကစ္စတန်နိုင်ငံနဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်ခဲ့ပြီး၊ ပါကစ္စတန်နိုင်ငံ က လဲ Exclusive Industrial Zones တွေ ဖွင့်လှစ်ပြီး၊ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ် ခဲ့ပါတယ်။ တောင်အာရှမှာ ပါကစ္စတန်နိုင်ငံဟာ သီရိလင်္ကာတနိုင်ငံတည်းနဲ့သာ လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်ရှိနေတာကြောင့်၊ ဘေဂျင်း ပေါ်လစီက ပါကစ္စတန်ပို့ကုန် တထောင်နီးပါးကို tariffs လျှော့ ချပေးမှုဟာ ပါကစ္စတန်နိုင်ငံအတွက် ကုန်သွယ်မှုအကျိုးအမြတ်များစွာ ရရှိလာခဲ့ပါတယ်။
စစ်ရေးပိုင်းမှာဆိုရင် တရုတ်နိုင်ငံဟာ ပါကစ္စတန်နိုင်ငံကို အဓိက လက်နက်ရောင်းချ ထောက်ပံ့ပေးတဲ့နိုင် ငံဖြစ်ပါတယ်။ တရုတ်နဲ့ ပါကစ္စတန်နိုင်ငံတို့အကြားမှာ defence production pact ကော၊ defence co-operation pact တို့ပါ သဘောတူလက်မှတ်ရေးထိုးပြီး ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ နှစ်နိုင်ငံ စစ် ဘက် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံမှုမှာ တရုတ်နဲ့ပါကစ္စတန်တို့ရဲ့ နှစ်နိုင်ငံကြား bilateral strategic partnership ကို တိုးမြှင့်သွားမှာဖြစ်ကြောင်း ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။ ၂၀၀၈ ခုနှစ်ဟာ ပါကစ္စနဲ့ တရုတ် တို့ ရဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို အဆုံးစွန်တိုးမြှင့်ပေးခဲ့တဲ့နှစ်ပါ။ ဘေဂျင်းအို လံ ပစ်ကို သပိတ်မှောက်ဖို့ ပြုလုပ်နေတာတွေ ရပ်ဖို့ ပါကစ္စတန်နိုင်ငံရေးဝန်ကြီးဌာနက သုံးကြိမ်တောင်းဆို ခဲ့ပါ တယ်။ တခါ ပါကစ္စတန်နိုင်ငံတွင်းမှာ အမေရိကန်ပြည်ထောင်ရဲ့ war on terror တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ တရုတ်နိုင်ငံက သတိပေးပြောကြားခဲ့သလို တရုတ်နိုင်ငံရဲ့ advanced state of the art navy frigate ဖြစ်တဲ့ F-22 Frigate ကို ပါကစ္စတန်ရေတပ်ကို ပံ့ပိုးပေးခဲ့ပါတယ်။
ဒီ ၂၀၀၈ ခုနှစ်ထဲမှာပဲ တရုတ်နဲ့ ပါကစ္စတို့ ပူးတွဲအကောင်အထည်ဖော်နေတဲ့ Gwadar Port မှာ ပထမဆုံးသေ င်္ဘာ ကျောက်ချခဲ့ပါတယ်။ ဒီ ဆိပ်ကမ်းဟာ တရုတ်နဲ့ ပါကစ္စတန်နိုင်ငံတို့အတွက် အရေးပါတဲ့ အချက်အချာ ဆိပ်ကမ်း တခုပါ။ အခုလက်ရှိမှာ တရုတ်ပြည်မှာ အသုံးပြုနေတဲ့ oil တွေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းဟာ မလက္ကာ ရေလက်ကြားကနေ ဝင်တာဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ဒီရေလက်ကြားကို တချိန်မှာ အမေရိကန်ပြည် ထောင်စုက ပိတ်ဆို့ပြီး တရုတ်နိုင်ငံကို ထိန်းချုပ်မှာကို စိုးရိမ်မှုရှိပါတယ်။ ဒီအတွက် String of Pearl's Strategy ဆိုတဲ့ မဟာဗျူဟာတရပ်ကို အကောင်အထည်ဖော်ပါတယ်။ ရည်ရွယ်ချက်ကို oil movement ကို အနောက်နိုင်ငံတွေက ထိန်းချုပ်လို့မရအောင် line of defense တည်ဆောက်ဖို့ပါ။ ဒီလိုတည်ဆောက်ဖို့မှာ ပါကစ္စတန် ဂျီဝါဒါ၊ ဘင်္ဂလားဒေ့ရှ် စစ်တကောင်း၊ သီရိလင်္ကာ ဟာဘမ်တိုတာ၊ မြန်မာနိုင်ငံ စစ်တွေ၊ ကျောက်ဖြူ ဆိပ်ကမ်းတွေဟာ အရေးကြီးတဲ့ အချက် အချာနေရာတွေ ဖြစ်လာပါတယ်။
ဒီလိုစီမံချက်တွေ အကောင်အထည်ဖော်နေစဉ်မှာပဲ ဘင်လာဒင်ဦးဆောင်တဲ့ တာလီၤဘန်အကြမ်းဖက် သမား တွေကို အကြောင်းပြုပြီး၊ ပါကစ္စတန်နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုရဲ့ ပစ်မှတ်ဖြစ်လာနိုင်တာကို တရုတ် ခေါင်းဆောင်များနဲ့ ပါကစ္စတန်ခေါင်းဆောင်များက စိုးရိမ်မကင်းဖြစ်လာကြပါတယ်။ ဒီလိုအချိန်မျိုးမှာ အ ကောင်း ဆုံးလုပ်နိုင်တဲ့ မဟာဗျူဟာ ထွက်ပေါက်ကတော့ ချေမှုန်းရေး ထိုးစစ်တွေ စတင်ပြီး၊ အနောက်အုပ်စု ရဲ့ ဒေသတွင်းလွှမ်းမိုးမှု ပါဝါကို လျှော့ချခြင်းပါပဲ။
တရုတ်- သီရိလင်္ကာ ဆက်ဆံရေး
သီရိလင်္ကာ နိုင်ငံ၊ ဟာဘမ်တိုတာ ဆိပ်ကမ်းဟာ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာ ဆိပ်ကမ်းတည်ဆောက်မှုကွန် ယက် အတွင်းက ဆိပ်ကမ်းတခုဖြစ်ပါတယ်။ ဒီဒေသအတွင်းက Trincomalee ဆိပ်ကမ်းကို ဗြိတိသျှရေတပ်က ၁၉၅၇ အထိ စစ်အခြေစိုက်စခန်းအနေနဲ့ အသုံးပြုခဲ့ပြီး၊လက်ရှိအချိန်အထိ အနီးအနားက ကျွန်းစုတခုဖြစ်တဲ့ Diego Garcia ကျွန်းကို စစ်ရေးအချက်အချာ နေရာတခုအနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့အတူပူးတွဲအသုံး ပြုနေဆဲပဲ ဖြစ်ပါတယ်။ ဒီဒေသအတွင်းမှာ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာ ဆိပ်ကမ်းတခု ပေါ်ထွက်လာနေတာကို အနောက်အုပ်စုနဲ့ အိန္ဒိယနိုင်ငံတို့အနေနဲ့ အတော်ပဲ စိုးရိမ်မကင်းဖြစ်နေကြပါတယ်။
တရုတ်နိုင်ငံအနေနဲ့ သီရိလင်္ကာနိုင်ငံကို ၁၉၉၀ နှောင်းပိုင်းကာလက စတင်ပြီး လက်နက်ရောင်းချမှုတွေ အ များအပြားပြုလုပ်လာခဲ့ပါတယ်။ သီရိလင်္ကာ စစ်တပ်ရဲ့ တမီးလ်တော်လှန်ရေးသမားတွေအပေါ် ရက်စက်စွာ နှိမ်နင်းမှုတွေကြောင့် အနောက်အုပ်စုက ပြည်တွင်းစစ်အတွက်သုံးမယ့် လက်နက်တွေကို မရောင်းချဖို့ ကို လန်ဘိုကို ငြင်းဆိုထားချိန်မှာ တရုတ်နိုင်ငံက ကြားဝင်လာတာ ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်နှောင်းပိုင်းမှာ အမေရိ ကန်ပြည်ထောင်စုက သီရိလင်္ကာနိုင်ငံအစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တွေကို အကြောင်းပြုပြီး စစ်ရေး ထောက်ပံ့မှုရပ်ဆိုင်းထားချိန်မှာ သိရိလင်္ကာနိုင်ငံကို တရုတ်နိုင်ငံရဲ့ လက်နက်ရောင်းချမှုနှုန်းတွေက တစတစ တိုးတက်မြင့်မားလာပါတယ်။ ၂၀၀၇ခုနှစ်၊ အေပြီလဆန်းပိုင်းမှာတင် တရုတ်နဲ့ ကိုလန်ဘိုအစိုးရတို့အကြား ဒေါ်လာ ၃၇ သန်းကျော် တန်ဖိုးရှိတဲ့ လက်နက်ရောင်းဝယ်မှု စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ပါကစ္စ တန်နိုင်ငံကိုလဲ သီရိလင်္ကာကို လက်နက်ပစ္စည်းများ ပိုမိုတိုးမြှင့်ရောင်းချပေးဖို့နဲ့ လေတပ်အရာရှိတွေကို တ ရုတ်တိုက်လေယာဉ်များ မောင်းနှင်တဲ့သင်တန်းများပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ F7 တိုက်လေ ယာဉ် ခုနစ်စီးကို ကိုလန်ဘိုအစိုးရလေတပ်ကို အခမဲ့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ဒီနှစ်ထဲမှာပဲ တမီးတိုက် ဂါးလ် တို့ရဲ့ တိုက်လေယာဉ်တွေကို တရုတ်လေတပ်က ပစ်ချခဲ့တဲ့ ဖြစ်စဉ်တွေလဲ ပေါ်ပေါက်လာခဲ့ပါတယ်။
လက်ရှိမှာ ဖြစ်ပွားခဲ့တဲ့ တမီးတိုက်ဂါးတို့ကို အဆုံးသတ်ချေမှုန်းရေးတိုက်ပွဲမှာဆိုရင် လူ့အခွင့်အရေးချိုး ဖောက် မှုတွေ၊ စစ်ပွဲဇုန်အတွင်းမှာ အရပ်သားတွေ ပိတ်မိနေတာတွေ အများကြီးရှိခဲ့ပါတယ်။ တမီးလ်တို့ဘက် က အပစ်အခတ်ရပ်စဲဖို့ ကမ်းလှမ်းတာတွေမှာလဲ ကိုလန်ဘိုအစိုးရက ငြင်းပယ်ခဲ့ပါတယ်။ အလုံးစုံချေမှုန်း ရေးထိုးစစ်ကြီးကို အပြီးသတ် ဆင်နွှဲခဲ့တာဖြစ်ပါတယ်။ နိုင်ငံများစွာမှာ တမီးလ်လူမျိုးတို့ရဲ့ ဆန္ဒပြပွဲတွေ၊ နိုင်ငံ တကာအဖွဲ့အစည်းတွေကို ကြားဝင်စေ့စပ်ဖို့ တောင်းဆိုမှုတွေ များစွာ ပေါ်ပေါက်ခဲ့ပေမယ့် အမေရိကန် ပြည် ထောင်စုအပါအဝင်အနောက် အုပ်စုအနေနဲ့ ကြေငြာချက်တွေ ထုတ်ပြန်ပေးတာက လွဲလို့ ဘာမှ ထိရောက် စွာ ကူညီနိုင်ခဲ့ခြင်း မရှိပါဘူး။
နိုင်ငံတကာမျက်နှာစာပေါ်ရောက်တဲ့ ပြဿနာတွေဖြစ်လာတဲ့အခါမှာ နိုင်ငံတကာ အဖွဲ့အစည်းများ ဝင် ရောက်ဖြေရှင်းနိုင်ဖို့အတွက် အဆင့်ဆင့် ဆုံးဖြတ်ချက်ချမှတ်မှုတွေ၊ ဝင်ရောက်ဖြေရှင်းရင် ရနိုင်မယ့် အကျိုး အမြတ်တွေ၊ ဆုံး ရှုံးမှုတွေအတွက် တွက်ချက်ပြီး ဝင်ရောက်ဖို့ တန်သလား- မတန်သလား ရွေးချယ်ရမှုတွေ အများကြီးရှိပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ရောက်သွားခဲ့ရင်လဲ တရုတ်နဲ့ ရုရှားတို့ရဲ့ သြဇာကို ရှောင်ရှားကျော်လွှားနိုင်ဖို့က ခက်ခဲလှပါတယ်။ အထူးသဖြင့် အာရှပါဝါတည်ဆောက်နေတဲ့ တရုတ်နိုင်ငံနဲ့ ထိပ်တိုက်ဖြစ်လာခဲ့ရင် နိုင်ငံတကာက ရှောင်လွှဲသွားလေ့ရှိပါတယ်။
အနောက်အုပ်စုအနေနဲ့ ဒီဒေသနဲ့ ပတ်သက်တဲ့ Strategic imperative က လက်ရှိအခြေအနေအထိမှာ အိန္ဒိ ယရဲ့ ပါဝါကို ကျားကန်ပေးပြီး၊ regional balance ကို တည်ဆောက်ဖို့နဲ့ အိန္ဒိယနဲ့ တရုတ်တို့အကြားကဆက် ဆံရေး dynamics ကို မျက်ချေမပြတ်စောင့်ကြပ်နေဖို့ အဆင့်ပဲ ရှိပါသေးတယ်။ ဘယ်လိုအကြောင်းပြ ချက်နဲ့ ပဲဖြစ်ဖြစ် တရုတ်နိုင်ငံရဲ့ မဟာဗျူဟာ အကျိုးစီးပွားတွေကို တိုက်ရိုက်ထိခိုက်ပြီး ထိပ်တိုက်ရင်ဆိုင်ဖို့ အဆင့် ထိ ဟာ နောင် ဆယ်နှစ်တာ ကာလအတွင်းဖြစ်လာဖို့တောင် ခဲယဉ်းပါလိမ့်မယ်။ နောက်တချက်က တမီးလ် တိုက် ဂါးတွေက long-term political struggles ရဲ့ frustration တွေကို သည်းမခံနိုင်ပဲ လက်နက်ကိုင် တော် လှန်ရေးနဲ့ အကြမ်းဖက်မှုကြားမှာ စည်းခြားထားတဲ့ ပြည်သူလူထုအသက်အိုးအိမ်ကို မထိပါးရေးဆိုတဲ့ စည်း ကို ကျော်လွန်ထားပြီဖြစ်တဲ့အတွက် ၂၁ရာစုရဲ့ နိုင်ငံရေးအခြေအရ သူတို့ဘက်မှာ နိုင်ငံတကာက ဝင်ရပ်ပေး ဖို့ ဆိုတာ အလွန်ပင်ခဲယဉ်းသွားခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နယူးဒေလီအခြေစိုက် ပေါ်လစီသုတေသန ဌာန က Brahma Chellaney ဆိုထားခဲ့သလိုပဲ ကိုလန်ဘိုအစိုးရရဲ့ တမီးလ်တိုက်ဂါးများကို အဆုံးသတ်ချေမှုန်းရေး စီမံချက်မှာ အဆုံးအဖြတ်ပေးခဲ့တဲ့ အချက်ကတော့ တရုတ်နိုင်ငံရဲ့ စစ်ရေး၊ သံတမန်ရေး ထောက်ကူပေးမှုပဲ ဖြစ်ပါတယ်။
တရုတ်- မြန်မာ ဆက်ဆံရေး
မြန်မာနိုင်ငံရဲ့ တည်နေရာ အနေအထားဟာ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာနည်းကျ တွေးခေါ်ရေးမှာ အရေးကြီး တဲ့ ကဏ္ဍမှာ ရှိနေပါတယ်။ မြန်မာ့ရေပိုင်နက်က ကိုးကိုးကျွန်းဟာ တရုတ်ပြည်ရဲ့ ရေတပ်အခြေစိုက်စခန်း အ တွက် သင့်လျော်တဲ့ လမ်းကြောင်းပေါ်မှာ ဖြစ်နေသလို၊ မြန်မာပြည်အနောက်ပိုင်း စစ်တွေ၊ ကျောက်ဖြူဒေသ ဟာ တရုတ်ပြည်ရဲ့ စွမ်းအင်လုံခြုံရေး မူဝါဒထဲမှာ အရေးပါနေပြန်ပါတယ်။ People's Liberation Army Navy (PLAN) ရဲ့ ရေရှည်မဟာဗျူဟာဖြစ်တဲ့ အိန္ဒိယသမုဒ္ဒရာကို ဖြန့်ကျက်ထိန်းချုပ်ထားနိုင်ရေး၊ အိန္ဒိယရေတပ် လှုပ်ရှားမှုကို မျက်ချေမပြတ်စောင့်ကြပ်နိုင်ရေးအတွက် အိန္ဒိယရေတပ်ရဲ့ ထိန်းချုပ်ထားတဲ့ အဒန်မန်ကျွန်း စု တွေနဲ့ ကီလိုမီတာ (၃၀) ပဲကွာဝေးတဲ့ မြန်မာ့ရေပိုင်နက်ထဲက ကိုးကိုးကျွန်းဟာ အလွန်ပဲ အရေးကြီးပါတယ်။ (၂၀၅၀) ခုနှစ်မှာ ကမ္ဘာ့အဆင့်မီ blue water navy status ကို ရောက်ရှိဖို့ မျှော်လင့်ထားတဲ့ တရုတ်ရေတပ် အ တွက် ကိုးကိုးကျွန်းကို လက်လွှတ်ခံလို့ လုံး၀ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်လဲ တရုတ်ရေတပ်ရဲ့ ရေဒါနဲ့ electronic surveillance အခြေစိုက်စခန်း ဖြစ်အောင် မြန်မာစစ်အာဏာရှင်တွေနဲ့ ပူးပေါင်း တည်ဆောက်ခဲ့ တာဖြစ်ပါတယ်။
နောက်ထပ်နေရာတခုကတော့ strings of Pearl's strategy မှာ ပါနေတဲ့ စစ်တွေ၊ ကျောက်ဖြူဒေသဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ဒီဒေသကနေမြန်မာပြည်အထက်ပိုင်းကို ဖြတ်ပြီး ယူနန်နယ်ထဲကို တိုက်ရိုက်ဝင်ရောက်မယ့် ပိုက်လိုင်းတည်ဆောက်ဖို့ မြန်မာစစ်အုပ်စုတွေနဲ့ သဘောတူညီထားပြီးဖြစ်နေပါတယ်။ ဒီဒေသဟာ ပိုက်လိုင်း စီမံ ကိန်းအတွက်သာမကပဲ တရုတ်နိုင်ငံရဲ့ ဝင်ပေါက်ကြီးသဖွယ်ဖြစ်နေပါတယ်။ ၁၉၉၀ နောက်ပိုင်းကာလေ တွမှာ မြန်မာပြည်အထက်ပိုင်းဒေသ နယ်မြေစိုးမိုးရေးကို မြန်မာစစ်အုပ်စုက ဦးစားပေးလုပ်လာတာတွေ၊ လမ်း တံတားတည် ဆောက်မှုတွေ၊ နယူးကလီးယားစီမံကိန်း ဖော်ဆောင်မှု တည်နေရာတွေ၊ မေမြို့ဝန်းကျင်ဒေသေ တွမှာ အာဏာပိုင်များအတွက် အထူးလုံခြုံရေး အိမ်ခြံမြေတည်ဆောက်မှုတွေ၊ စစ်ရေးအချက်အချာကျတဲ့ ကျောက်ဂူ- အင်တော နယ်မြေအတွင်းက လှုပ်ရှားစစ်ကြောင်းတွေ၊ နောက်ဆုံး မြို့တော်ကို နေပြည်တော် ရွှေ့ပြောင်းမှုတွေဟာ တချို့အတိုက်အခံတွေ အဆိုရှိသလို မြန်မာ့အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ရောက် သွားလို့ မဟုတ်ပါဘူး။မရောက် ခင်ကတည်းက ကြိုတင်စီမံထားကြတဲ့ ကွင်း ဆက်ဖြစ်စဉ်ကြီးဖြစ်ပါ တယ်။
တခါက ဆောင်းပါးတပုဒ်မှာလဲ ကျွန်မရေးခဲ့ပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံကို အနောက်အုပ်စုက စစ်ရေးအရ ဝင် ရောက်ကူညီပေးနိုင်မှုအခွင့်အလမ်း ရလာနိုင်ချေ တစ် ရာခိုင်နှုန်းလောက်သာ ရှိပေမယ့်၊ တကယ်ဝင်တော့ မယ် ဆိုတဲ့ အချိန်မှာ အမေရိကန်က မြန်မာပြည်အောက်ပိုင်း၊ တရုတ်က မြန်မာပြည်အထက်ပိုင်း ဝင်လိုက်ရတဲ့ အခြေ အနေမျိုးပဲ ဖြစ်လာပါလိမ့်မယ်။ လုံခြုံရေးကောင်စီမှာ ပါဝါရှိတာ အမေရိကန်တခုတည်း မဟုတ်ပါဘူး။ အထူး သဖြင့် ဒေသအနေအထားအရ ဝင်ရောက်ရတော့မယ်ဆိုတဲ့ အနေအထားမှာ တရုတ်က အမေရိကန်နဲ့ မဟာမိတ်ဖွဲ့ချလိုက်ပြီး၊ မြန်မာပြည်အထက်ပိုင်းကို အလွယ်တကူပဲ ဝင်ရောက်ထိန်းချုပ်သွားမှာပါပဲ။ ဒါကလဲ အဆုံးစွန်အနေ အထားမှာမှ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာ အချက်အချာနိုင်ငံထဲကို အနောက်အုပ်စု မဝင်လာနိုင်အောင် တရုတ်နိုင်ငံဟာ နည်းမျိုးစုံနဲ့ ကြိုတင်ကာကွယ်တားဆီးမှာကတော့ အသေအချာပါပဲ။
မြန်မာပြည်နဲ့ပတ်သက်တဲ့ နောက်ထပ် မဟာဗျူဟာ အချက်အချာနေရာကတော့ အင်ဒိုနီးရှား ဆာဘင် ကျွန်း စု အနီး မြန်မာ့ရေပိုင်နက်ထဲက ဇာဒက်ကြီးကျွန်းဖြစ်ပါတယ်။ ဒီကျွန်းမှာလဲ တရုတ်ရေတပ်က စစ်လက်နက် ပစ္စည်းတွေ တပ်ဆင်ထားရှိထားပါတယ်။ ဒီကိစ္စဟာ အာဆီယံနဲ့ အရှေ့တောင်အာရှနိုင်ငံများအတွက် တရုတ်ရဲ့ အနာဂတ် maritime ambitions အပေါ်မှာ စိုးရိမ်မကင်းဖြစ်နေရတဲ့ အချက်တချက်ပဲ ဖြစ်ပါတယ်။ ၁၉၈၉ အ ထိ တရုတ်- မြန်မာ စစ်ရေးဆက်ဆံရေးဟာ ပူးပေါင်းဆောင်ရွက်မှု နည်းခဲ့ပေမယ့် ၁၉၈၉ ခုနှစ်မှာပထမဆုံးမြန် မာစစ်အုပ်စု ကိုယ်စားလှယ်အဖွဲ့ ဘေဂျင်းကို ရောက်သွားစဉ်ကတည်းက စပြီး လက်နက်အရောင်းအဝယ်စာ ချုပ်များ သာမက၊ မြန်မာစစ်တပ်ကို လေ့ကျင့်ပေးဖို့ သဘောတူညီချက်တွေပါ ရှိထားခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ စစ်ဦးစီးကောလိပ်မှာ မြန်မာအရာရှိများအတွက် နေရာပေးထားမှုများပါ ရှိခဲ့ပါတယ်။ စစ်ရေးမှာသာမက ယူနန် နယ်နဲ့ ဆက်သွယ်ရေး လွယ်ကူချောမွေ့လာဖို့အတွက် လိုအပ်တဲ့ infrastructure တည်ဆောက်ရေးမှာပါ အ ကူအညီပေးထားခဲ့ပါတယ်။ ဒါကြောင့် ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် တရုတ်နိုင်ငံဟာ နိုင်ငံတကာ စစ်မျက် နှာမှာ သူ့ရဲ့ strategic interests ကို အကာအကွယ်ပေးနေမှာပဲ ဆိုတာ အသေအချာပဲဖြစ်ပါတယ်။ ဒီလို အခြေ အနေမျိုးမှာ မြန်မာအတိုက်အခံတွေအနေနဲ့ ဘယ်လို နည်းလမ်းတွေကို အသုံးပြုသင့်သလဲ။ ဘာတွေ လုပ် သင့်သလဲ။ တရုတ်ရဲ့ အား ကြီးသူဘက်က ထောက်မပေးတတ်တဲ့ မူဝါဒနဲ့ အနောက်အုပ်စုရဲ့ အားနည်း သူ ဘက်က လိုက်ပါပေးလေ့ရှိတဲ့ မူဝါဒနှစ်ခုတို့ရဲ့ အားပြိုင်မှုကို ကနဦးတင်ပြချင်ပါတယ်/
တရုတ်၏အားကြီးသူဒေါက်တိုင် မူဝါဒနှင့် အနောက်အုပ်စု၏ အားနည်းသူမူဝါဒတို့ အားပြိုင်မှု
အာရှရေးရာမှာသာမက အာဏာရှင်နိုင်ငံအများစုမှာ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက ဒီမိုကရေစီနဲ့ လူ့ အခွင့် အရေးကို အားပေးပြီး၊ ပါဝါမရှိတဲ့ ပြည်သူတွေ ဘက်က ရပ်တည်တဲ့ မူဝါဒကို သုံးလေ့ရှိပါတယ်။ တရုတ် နိုင်ငံကကျတော့ ပါဝါရှိနေပြီးသား အာဏာရှင်အစိုးရတွေကို ကူညီအားပေးတဲ့ မူဝါဒကို သုံးလေ့ရှိပါတယ်။ ဒီ လိုဖြစ်လာတဲ့အခါ အာဏာရှင်အစိုးရတွေက ကျောထောက်နောက်ခံ တရုတ်နိုင်ငံရှိလာတဲ့အတွက် ပိုမို ရမ်း ကားမှုတွေ လုပ်လာတာတွေ ရှိလာပါတယ်။ ဒီကိစ္စကို အနောက်နိုင်ငံနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ကန့် ကွက်အရေးယူမှုတွေ လုပ်လာတဲ့အခါကျတော့ တရုတ်နိုင်ငံက ရှေ့ကနေ မားမားမတ်မတ်ရပ်ပြီး ပဲဖြစ် ဖြစ်၊ နောက်ကနေ ကြိုးဆွဲလို့ပဲဖြစ်ဖြစ် အကူအညီပေးပါတယ်။ တစတစများလာတဲ့အခါကျတော့ ကျုံးသွင်းခံ လိုက်ရပြီး၊ စီးပွားရေးအရရော၊ အတွေးအ ခေါ်၊ မူဝါဒရေးရာတွေမှာပါ တဖြည်းဖြည်း ဝါးမျိုခံရတော့တာပါပဲ။
တပြိုင်နက်တည်းမှာပဲ ပါဝါမရှိတဲ့ အဖိနှိပ်ခံ တော်လှန်သူတွေကလဲ အမေရိကန်နဲ့ နိုင်ငံတကာကို အားကိုးရာ က တစတစ ကယ်တင်ရှင်လို ထင်မှတ်လာတတ်ကြပါတယ်။ အရေးကြီးတဲ့ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ် လာတဲ့အခါတိုင်း မိမိတို့ကံကြမ္မာကို မိမိတို့ဘာသာ ဆုံးဖြတ်လုပ်ကိုင်ဖို့ ကြိုးပမ်းမှုမရှိတော့ပဲ နိုင်ငံတကာရဲ့ ဝင်ရောက်ကူုညီပေးမှုအပေါ်မှာပဲ အလုံးစုံပုံအပ်လာတာတွေ ဖြစ်လာတတ်ပါတယ်။ ၂၁ရာစု ကမ္ဘာ့အခြေ အေ နပြောင်းလဲလာမှုတွေထဲမှာ အရေးပါတဲ့ အချက်တခုဖြစ်တဲ့ အကြမ်းဖက်မှုချေမှုန်းရေးကိစ္စကလဲ အတိုက်အ ခံတွေကို တော်တော်ဂယက်ရိုက်စေလာပါတယ်။ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတိုင်းဟာ အကြမ်း ဖက်အဖွဲ့တွေမဟုတ်ပေမယ့် အကြမ်းဖက်အဖွဲ့ အစည်းတော်တော်များများဟာ လက်နက်ကိုင်တော် လှန်ရေး အဖွဲ့အစည်းဘဝကနေ တိုက် ပွဲကြန့်ကြာမှု အပေါ်မှာ စိတ်မရှည်ဖြစ်မှုတွေ၊ ခံစားချက်ကို ဦးစားပေးရင်း လက် နက်ကိုင်တော်လှန်ရေးနဲ့ အကြမ်း ဖက်မှုအကြားမှာ တားဆီးထားတဲ့ စည်းတခုဖြစ်တဲ့ အပြစ်မဲ့ပြည်သူအပေါ် တိုက်ခိုက်ခြင်း စည်းကျော်သွားမှုတွေ၊ တခါတရံမှာလဲ ဒီလိုစည်းကျော်မှုဖြစ်အောင် အာဏာရှင်တွေဘက်က အကောက်ကြံဉာဏ်ဆင်မှုတွေ စတဲ့အချက်တွေကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အသွင်ကူးပြောင်း သွား တာတွေ ဖြစ်လာတာကြောင့်၊ အနောက်အုပ်စုအနေနဲ့ လက်နက်ကိုင် တော်လှန်ရေးကို တရားဝင်အား ပေးလို့ မရတာတွေ ဖြစ်လာပြီး၊ အတိုက်အခံတွေအပေါ်မှာ ထောက်ပံ့ရေးဆိုင်ရာ စည်းဘောင်ကန့် သတ် ချက် တွေ ဖြစ်လာပါတယ်။
ဒီလိုနဲ့ နှစ်ဘက်အားကိုးမှုတွေအပေါ် အခြေတည်လာတဲ့ နိုင်ငံရေးဟာ တခါတရံမှာ political deadlock ဖြစ် သွားပြီး၊ တခါတရံမှာကျတော့ စစ်ရေး၊ နိုင်ငံရေး ထိုးစစ်တွေနဲ့ ချေမှုန်းခံရတတ်တာတွေ ရှိလာပါတယ်။ အဆုံး သတ်တိုက်ပွဲကို နိုင်ငံတကာစစ်မျက်နှာပေါ်မှာပဲ တည်ဆောက်ထားတဲ့ တော်လှန်ရေးတိုင်းဟာ အချိန် ကြန့်ကြာမှုရှိသလို ရေရှည်မှာ အားပျော့လာတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တကယ်အရေး ပေါ်ဖြစ် လာတဲ့အချိန်မျိုးမှာ တော်လှန်ရေးသမားနဲ့ ပြည်သူတွေအတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေဆီက ရလာနိုင် တဲ့ ပံ့ပိုးမှုက စတိတ်မင့်တွေနဲ့၊ နိုင်ငံခေါင်းဆောင် မိန့်ခွန်းများ ဖြစ်လေ့ရှိပြီး၊ အာဏာရှင်အစိုးရတွေကို တရုတ် နိုင် ငံရဲ့ ထောက်မပေးမှုကကျတော့ အရေးပါတဲ့ အကြံဉာဏ်တွေနဲ့ သံတမန်ရေးရာ အကာအကွယ်ပေးမှု တွေ ဖြစ်နေလို့ပါပဲ။ ဒီလိုအခြေ အနေမျိုးနဲ့ နိဂုံးချုပ်မခံရလေအောင် အတိုက်အခံတွေဘက်မှာ ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။
ဘာတွေ လုပ်နိုင်သလဲ၊ ဘာတွေ ရှောင်သင့်သလဲ
အတိုက်အခံတွေ ပြုလုပ်နိုင်တဲ့ အဓိကနည်းတွေကတာ့ နိုင်ငံတကာ စစ်မျက်နှာကို ပြည်တွင်းစစ်မျက်နှာအဖြစ် ပြောင်းလဲနိုင်မှုနဲ့၊ တော်လှန်ရေးနဲ့ အကြမ်းဖက်မှုတို့အကြားက စည်းဘောင်ကို လုံး၀ မကျော်မိစေအောင် ထိန်းညှိရေးပဲ ဖြစ်ပါတယ်။ အာဏာရှင်ဘက်က ဒီစည်းဘောင်ကျော်အောင် ထောင်ချောက်ဆင်မှုရှိလာ တဲ့အ ခါမှာလဲ အတိုက်အခံများနဲ့ လုံး၀ မဆိုင်ကြောင်း ပြန်လှန်ထုတ် ပြန်ကြေညာချက်တွေ ပြုလုပ်ဖို့ လိုအပ်လှပါ တယ်။ အတိုက်အခံများအတွင်းက ထုတ်ပြန်ကြေငြာချက်တွေ ထွက်ပေါ်လာခဲ့ရင်လဲ အချင်းချင်းပြန်လည် ထိန်း ညှိဖို့ လိုအပ်ပါတယ်။
ဒီနေရာမှာ အများပြည်သူကို ထိခိုက်ခြင်း ဆိုတာနဲ့ ပတ်သက်ပြီး ထပ်မံ ဆွေးနွေးလိုပါတယ်။ ဒီအချက်က အကြမ်း ဖက်မှုနဲ့ တော်လှန်ရေးကို စည်းခြားထားတဲ့ အရေးအကြီးဆုံး အချက်ပါ။ အများပြည်သူသွား လာ ကျက် စားတဲ့နေရာမှာ ဗုံးခွဲခြင်း၊ ဗုံးခွဲမည်ဟု ခြိမ်းချောက်ခြင်း၊ လူထုကို အထိတ်တလန့်ဖြစ်စေခြင်းတွေက နိုင်ငံတကာ သတ် မှတ် ချက်များအရ အကြမ်းဖက်မှု မြောက်ပါတယ်။ လူထုတိုက်ပွဲတွေမှာ အာဏာရှင်တွေ ဘက်က အကြမ်းဖက်တာကို ပြန်လှန်ခုခံခြင်း၊ အာဏာရှင် ဘက်တော်သားများကို ချေမှုန်းခြင်း၊ လက်နက် ကိုင်တော်လှန်ရေးစစ်မျက်နှာတွေမှာ တပ်စခန်းများကို တိုက်ခိုက်ခြင်း၊ ရန်သူ့စစ်တပ်ကို မိုင်းဆွဲ တိုက်ခိုက် ခြင်း စတာတွေကကျတော့ အကြမ်းဖက်မှု မမြောက်ပါဘူး။ ဒါက တော်လှန်ရေး လုပ်တာပဲ ဖြစ်ပါတယ်။ တော်လှန်ရေးတိုင်း ငြိမ်းချမ်းစွာနဲ့ အောင်ပွဲရချင်မှ ရပါတယ်။ လက်နက်ကိုင်တော်လှန်ရေးနဲ့ လူထုတိုက်ပွဲ ပေါင်းစပ်မှ အောင်မြင်တာတွေလဲ ရှိပါတယ်။
အရေးကြီးဆုံးက လက်နက်ကိုင်တော်လှန်ရေးစည်းကနေ အကြမ်းဖက်မှုဆီကို ဦးမတည်သွားမိစေဖို့နဲ့ ဦး တည်အောင် အာဏာရှင်တွေဘက်က ထောင်ချောက်ဆင်မှုတွေမှာ မျောမပါသွားဖို့ပဲ ဖြစ်ပါတယ်။ အခုလ တ်တလောဖြစ်ခဲ့တဲ့ တမီးလ်အရေးမှာ ဖိနှိပ်ခံရသူတွေ လူမျိုးစုတွေဘက်က ဖိနှိပ်သူတွေကို တော်လှန်တဲ့ တော်လှန်ရေးအသွင်နဲ့ အစပြုခဲ့တာဖြစ်ပေမယ့် ဒီစည်းဘောင်ကို ကျော်လွန်သွားတာကြောင့် အမှန်က အမှား ဖြစ်ပြီး၊ အလုံးစုံ စစ်ပွဲအသွင်နဲ့ ချေမှုန်းခံလိုက်ရတာ ဖြစ်ပါတယ်။ ခေါင်းဆောင်များရဲ့ အမြော်အမြင်ကြီးမှုနဲ့ စိတ်ခံစားမှုကို ဦးစားမပေးပဲ သုံးသပ်ဆုံးဖြတ်ချက် မှန်ကန်မှုတွေက တော်လှန်ရေးတိုင်းရဲ့ အဓိက သော့ချက် တွေပဲဖြစ်ပါတယ်။
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ မြန်မာ့အရေးမှာ အတိုက်အခံတွေဘက်က strategic failure တွေ ရှိနေပါတယ်။ အဆိုးဆုံးအချက်ကတော့ တစုံတရာ နိုင်ငံရေးပြောင်းလဲမှုတွေဖြစ်လာတိုင်း အမေ ရိကန်နဲ့ အနောက်အုပ်စုကို အားကိုးတကြီး ပြေးတွယ်ပြီး၊ လုံခြုံရေးကောင်စီမှာ ပြဿနာဖြေရှင်းဖို့ လုပ်တဲ့ ဗျူဟာကိုသာ အဓိကထားလုပ်ဆောင်နေခြင်းပါပဲ။ ဒီလိုလုပ်တဲ့အခါတိုင်း အနောက်အုပ်စုက စတိတ်မင့်တွေ ထုတ်တာ၊ နိုင်ငံခေါင်းဆောင်တွေက မြန်မာစစ်အုပ်စုကို သတိပေးပြောကြားတာ၊ ပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်မယ်လို့ ခြိမ်းချောက်ပြီး တကယ်တမ်းကျတော့ မဟာဗျူဟာ လိုအပ်ချက်ခုအနေနဲ့သာ အရေးကြီးပြီး၊ အဆုံးသတ်တိုက်ပွဲအတွက် လက်တွေ့မှာ အသုံးမဝင်တဲ့ unilateral economic sanction ချမှတ်တာတွေ လုပ် ပြပြီး ကူညီပေးပါတယ်။ တခါတရံမှာလဲ လုံခြုံရေးကောင်စီရောက်သွားလိုက်၊ တရုတ်နဲ့ ရုရှားက ကန့်ကွက် လိုက်နဲ့ လုံးချာလည်သံသရာလည်နေတတ်ပါသေးတယ်။
အင်အားနည်းသူတို့ ထုံးစံအတိုင်း အရေးကြီးလာတဲ့အခါမှာ အင်အားကြီးသူဆီ ပြေးတွယ်တတ်တာ အပြစ်မ ဟုတ်ပါ။ စစ်မဟာဗျူဟာလေ့လာရေးလောကမှာတော့ ဒါကို comfort blanket လို့ သုံးနှုန်းကြပါတယ်။ လူတွေ ၊ အဖွဲ့တွေ အသာထားလို့ နိုင်ငံတော်အဆင့်တွေမှာတောင် အင်အားနည်း နိုင်ငံတွေက အင်အားကြီးနိုင် ငံ တွေ ရဲ့ စောင့် ရှောက်ပေးမှု၊ ဒါမှမဟုတ် အမှန်တကယ်စောင့်ရှောက်ပေးတာ မဟုတ်တောင်မှ သူတို့ umbrella အောက်ဝင်ရောက်ပြီး စိတ်ပိုင်းဆိုင်ရာ လုံခြုံရေးတည်ဆောက်မှုတွေ ရှိတတ်ပါတယ်။ ဒါပေမယ့်လဲ တကယ့် လက်တွေ့ နိုင်ငံ ရေး၊ စစ်ရေးတွေမှာ စိတ်ပိုင်းဆိုင်ရာ လုံခြုံရေးတခုတည်းနဲ့ မလုံလောက်တော့ပါဘူး။ ကိုယ် အား ကိုးသူဟာ အား ကိုးရလောက်ရဲ့လားဆိုတာ ပြန်လှန်သုံးသပ်မှုလဲ လုပ်ဖို့ လိုပါသေးတယ်။ နောက်တခါ နေရာတိုင်းမှာ သူများကိုပဲ အားကိုးနေလို့လဲ အကျိုးမရှိပါဘူး။ အသက်အရွယ်အရ၊ အချိန်အခါအရ ကိုယ့် ဘာသာ လုပ်နိုင်တာလေးတွေလဲ လုပ်ရပါသေးတယ်။
ဥပမာ- လမ်းပေါ်သွားရင်း ခွေးလိုက်ဆွဲခံရလို့ သုံးနှစ်အရွယ်ကလေးငယ်လေးက သူ့အမေဆီ ခြေကားရား၊ လက်ကားရားလေးနဲ့ ပြန်ပြေးလာတဲ့ ပုံက လူမြင်လို့ကောင်းပါတယ်။ မိခင်ကလဲ အားကိုးခံရသူပီပီ သားငယ် လေးကို ရင်ခွင်ထဲပွေ့ပြီး၊ ကျောလေးသပ်ပေး၊ ကြောက်စိတ်လေး ပြေအောင်လုပ်ပေး၊ လိုက်တဲ့ခွေးကို ဟန့်ပေး ၊ ခွေးပိုင်ရှင်တွေကို ကိုယ့်ခွေးကိုယ် ဂရုတစိုက်ထိန်းဖို့ သွားပြောပေး လုပ်ရတာပါပဲ။ ဒါပေမယ့် အသက် သုံးဆယ်အရွယ် ယောကျ်ားရင့်မာကြီးက အသက်ခုနစ်ဆယ်အရွယ် အမေအိုကြီးဆီ ခွေးလိုက်ခံရလို့ ဆိုပြီး ခြေကားရား၊ လက်ကားရား ပြေးလာပုံကြီးဆိုရင်တော့ လူမြင်လို့လဲ မကောင်းပါဘူး။ အမေများရဲ့ ထုံးစံအ တိုင်း ဖြေသိမ့်မှုတော့ လုပ်ပေးရမှာအမှန်ပါပဲ။ ဒါပေမယ့်လဲ နေ့စဉ်နေ့တိုင်း မျက်နှာကြီးကိုမဲ့၊ ငိုယိုအော် ဟစ် ပြီး - အမေရေ- ကယ်ပါဦး လုပ်နေရင်- အဲဒီအမေ မပြောနဲ့။ ဘေးက လူတောင် နားငြီးလာမှာတော့ အမှန်ပါပဲ။ တခါတရံမှာ ကိုယ်ပိုင်အတွေ့အကြုံအရ၊ ရင့်ကျက်မှုအရ ကိုယ့်ဘာသာကိုယ် စဉ်းစားတွေးခေါ်ပြီး ဆုံးဖြတ် လုပ်ကိုင်ဖို့ လိုအပ်တာတွေလဲ အများကြီး ရှိပါတယ်။ အရွယ်ရောက်နေပြီး လူတယောက်ဟာ ဒီခွေးတေ ကာင် ရဲ့ ထိခိုက်နိုင်ရည်စွမ်းကို တွက်ချက်နိုင် စွမ်းရှိရပါမယ်။ အများကို ထိခိုက်လာပြီဆိုရင် အများကို စည်းရုံးပြီး ဘယ်လိုနှိမ်နင်းမလဲဆိုတာ စုပေါင်း တိုင်ပင်နိုင်တဲ့ အရည်အချင်းတွေ ရှိနေရတော့မှာဖြစ်ပါတယ်။ ထစ်ခနဲ ရှိ တိုင်း- အမေရယ်- ကယ်ပါဦး စိတ်ဓာတ်ဟာ ရေရှည်မှာ အလုပ်မဖြစ်ပါဘူး။
ဒီဥပမာလိုပါပဲ။ ကျွန်မတို့အတိုက်အခံတွေဟာလဲ နှစ်နှစ်ဆယ်ကျော်ကာလမှာ နိုင်ငံရေးရင့်ကျက်မှုနဲ့ အတွေး အခေါ် မြင့်မားမှုတွေ ရှိလာသင့်တဲ့ အချိန်တန်နေပြီဖြစ်ပါတယ်။ ရန်နိုင်ငံ၊ မိတ်နိုင်ငံတွေရဲ့ ပေါ်လစီ အသွားအ လာ၊ မဟာဗျူဟာ အခင်းအကျင်းတွေကို မှန်မှန်ကန်ကန်သုံးသပ်နိုင်မိဖို့ အတွက်ကလဲ နှစ်နှစ်ဆယ်ဆို တဲ့အ ချိန်ဟာများ တောင်များနေပါသေးတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ The Use of Force ဆိုင်ရာ ကန့် သတ် ချက်တွေ၊ ပြဿနာတွေကလဲ လယ်ပြင်မှာဆင်သွားပြသလို ထင်ရှားနေပြီးသား ဖြစ်ပါတယ်။ နိုင်ငံရေး ဦးတည်ချက်လမ်း ကြောင်းတွေကို ကွေ့ကွေ့ကောက်ကောက်တွေ လုပ်ပြမနေပဲ၊ မျှော်လင့်ချက်အတုတွေ ပေး မနေပဲ ရိုးရိုးသားသားနဲ့ အမှန်တရားကို ခင်းကျင်းပြပြီး၊ ပူးပေါင်းဖို့ အဆိုရှိလိုက်တာနဲ့ ဘာလုပ်ရမလဲဆိုတာ ပြောစရာ မလိုတော့တဲ့ စစ်မှန်တဲ့ အင်အားကလဲ ရှိနေပြီးသားဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာမှ -ခွင့်သာ တုန်း မှ မလိုက်ချင်ရင် အမိုက်နင့်ပြင် ရှိသေးရဲ့လား - လို့ ဆိုရတော့ မလောက်အောင် ဖြစ်ချင်တိုင်းဖြစ်နေကြ တဲ့ strategic failure တွေကို မပြုပြင်ရင် နောင်တချိန်မှာ နောင်တရစရာတွေ အများကြီး ကြုံလာရပါလိမ့်မယ်။ နိုင်ငံတကာဖိအားကို မထိရောက်ဘူးလို့ ကျွန်မဆိုလိုတာမဟုတ်ပါဘူး။ အဆုံးသတ်အောင်ပွဲရအောင် အေ ထာက်အပံ့လုံး၀ မဖြစ်နိုင်ဘူးဆိုတဲ့ အမှန်တရားကိုပဲ ပြောနေတာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အောင်ပွဲ အလံ စိုက်ထူရမယ့် နေရာဟာ နိုင်ငံတကာ စစ် မျက်နှာ မဟုတ်လို့ပါပဲ။
နောက်ထပ်အရေးကြီးတဲ့ strategic failure တခုကိုလဲ ထည့်သွင်းပြောကြားချင်ပါတယ်။ အဲဒါကတော့ ရန်သူ့ မိတ်ဆွေ ကိုယ့်ရန်သူ လုပ်နေကြတဲ့ ကိစ္စပါ။ တရုတ်နိုင်ငံဟာ မြန်မာ စစ်အုပ်စုကို လူပုဂ္ဂိုလ်ရေး ခင်မင်ရင်းနှီး လွန်းလို့ အားပေးကူညီနေတာ မဟုတ်ပါဘူး။ အခုနေများ မြန်မာအတိုက်အခံက အနိုင်ရခဲ့ပြီး၊ နိုင်ငံတကာ ခုံရုံးမှာ စစ်အာဏာရှင်တွေကို တရားစွဲခဲ့ရင် သူ့နိုင်ငံထဲ ခိုအောင်းနေတာဆိုရင်တောင် အလွယ်တကူ ထုတ် ပေး မှာပါပဲ။မြန်မာ စစ်အုပ်စုကို တရုတ်နိုင်ငံ အကာအကွယ်ပေးနေမှုက မြန်မာစစ်အာဏာရှင်တွေဘက်မှာ နိုင်ငံရေးချိန်ခွင်လျှာ အလေးသာနေလို့ ဖြစ်ပါတယ်။ ပါဝါရှိတဲ့ဘက်ကို အားပေးကူညီတာက တရုတ်ရဲ့ နိုင်ငံ ရေးလုပ်ထုံးလုပ်နည်းဖြစ်ပါတယ်။ ဒီနေရာမှာ ပါဝါဆိုတာက ရောင်တော်ပြန်နဲ့ ရောလွှတ်ပြီး ရှိတဲ့ ပါဝါကို ဆို လိုတာ မဟုတ်ပါဘူး။ မြန်မာပြည်သူလူထုရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်တဲ့ ပါဝါကို ဆိုလိုတာ ဖြစ်ပါတယ်။
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အမေရိကန်ရယ်ကယ်ပါ- အီးယူရယ်ကယ်ပါ လုပ်နေသ၍ ကတော့ တရုတ်က ဒါကို စစ်မှန်တဲ့ လူထုပါဝါလို့ အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။ ဒါတွေမပါပဲ လူထုတိုက်ပွဲကို စနစ်တကျ အေ ကာင်အ ထည်ဖော်မှုကနေ နိုင်ငံရေးချိန်ခွင်လျှာ လူထုဘက် အလေးသာလာချိန်မှာ တရုတ်ဘက်က deal တွေ အလိုအလျောက်ပေါ်လာပါလိမ့်မယ်။ အဲဒီလိုမဟုတ်ပဲ အမေရိကန်နဲ့ အနောက်အုပ်စုက စစ်ရေးအရ ဝင် ရောက်ကူညီပါ၊ ပိုမိုထိရောက်တဲ့ စီးပွားရေးပိတ်ဆို့မှုလုပ်ပေးပါ၊ လုံခြုံရေးကောင်စီက အရေးယူပေးပါလို့ စကားတခွန်း ဆိုလိုက် တိုင်းမှာ မြန်မာစစ်အုပ်စုကို တကယ်ဖိအားပေးနိုင်သလား၊ မပေးနိုင်ဘူးလားဆိုတာ သေချာ မသိနိုင်ပေမယ့်၊ သေ ချာတာကတော့ တရုတ်နိုင်ငံရဲ့ strategic interests ကို တခါခြိမ်းချောက်လိုက်သ လို ဖြစ်နေတယ်ဆိုတာပါပဲ။ အဲဒီအခါတိုင်း တရုတ်မှာ ရွေးစရာ လမ်းမရှိတော့ပဲ မြန်မာစစ်အုပ်စုကိုသာ မျက်စိ မှိတ်အကာအကွယ်ပေးဖို့ တ လမ်းသာ ကျန်သလို ဖြစ်ဖြစ်သွားပါတော့တယ်။ တခါတရံ တရုတ်နိုင်ငံက မဟာ ဗျူဟာ လေ့လာသူတွေအတွက် မျက်စိဆံပင်မွှေးစူးစရာ ကိစ္စတွေကလဲ ပေါ်လာတတ်ပါသေးတယ်။ မြန်မာ့ နိုင်ငံရေးဖိအားအတွက် ဘယ်လိုမှ အသုံးမဝင်နိုင်တဲ့ ဘေးဂျင်းအိုလံပစ် သပိတ်မှောက်တဲ့ ကိစ္စတွေ၊ တိဘက် အရေးလှုပ်ရှားသူများနဲ့ ပူးပေါင်းအင် အားပြမှုတွေ၊ တမီးလ်ပျောက်ကျားတွေနဲ့ ပူးတွဲအင်အားပြမှုတွေ၊ တ ရုတ် ဒီမိုကရေစီလှုပ်ရှားသူတွေနဲ့ ပူးပေါင်းလှုပ်ရှားမှုတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရလာပြီး ရင် တောင် အင်အားကြီးတရုတ်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့ရဲ့ ပြည်တွင်းရေးကို ဝင်ရောက်ပြော ဆိုနိုင် တဲ့ အဆင့်ဖြစ်လာဖို့ နှစ်ပေါင်းများစွာ တည် ဆောက်ရဦးမှာ ဖြစ်ပါတယ်။ ရန်သူ့မိတ်ဆွေ- တို့ဲရန်သူ၊ ရန် သူ့ ရန်သူ- တို့မိတ်ဆွေဆိုတဲ့ စဉ်းစားတွေးခေါ်မှုတွေဟာ ရပ်ကွက်ထဲမှာ လုပ်လို့ရပေမယ့် နိုင်ငံတော်အဆင့်မှာ လုပ်လို့မရပါဘူး။ အင်အားကြီးမားတဲ့ နိုင်ငံကြီးတွေအောင် double-edged policy တွေ သုံးသင့်တဲ့အခါမှာ သုံးကြရပါတယ်။
ဒီလို ကျွန်မဆိုတော့ မေးတတ်သူတွေ ရှိပါတယ်။ တရုတ်နိုင်ငံကိုများ ဂရုစိုက်စရာလားလို့ ဆိုလာသူတွေ ရှိပါ တယ်။ မြန်မာနိုင်ငံကြီးကို မြေပုံထဲမှာ ဖြတ်တောက်လို့ရသလို ဖြတ်တောက်ခွာယူပြီး၊ အမေရိကန်နိုင်ငံ၊ အီး ယူနိုင်ငံတွေဘေးမှာ သွားကပ်လို့ရရင်တော့ ဂရုစိုက်စရာ လုံးဝမလိုတာ အမှန်ပါပဲ။ ဒါပေမယ့် လက်တွေ့မှာ ဒီလို မဖြစ်နိုင်တာမို့ ဒီမိုကရေစီရပြီးခဲ့ရင်တောင် အိမ်နီးချင်းနိုင်ငံတခုအနေနဲ့ သင့်လျော်တဲ့ သံတမန် ဆက် သွယ်ရေး၊ စစ်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ နယ်စပ်ရေးရာ စတာတွေမှာ မလွဲမသွေ ပတ်သက်ရမှာ ဖြစ်တဲ့ အတွက် လုံးဝဂရုမစိုက်လို့ မရတာကတော့ အသေအချာပါပဲ။ ဒါကြောင့် တချိန်သံတမန်ဆက်ဆံရေးမှာ ရှုပ် ထွေးနိုင်မယ့် ကိစ္စတွေကို ကြိုတင်လမ်းမခင်းထားတာ အကောင်းဆုံးပဲဖြစ်ပါတယ်။ အားမပေးရလို့ ဆိုလိုတာ မ ဟုတ်ပါ။ လူတိုင်းလွတ်လပ်စွာ ရွေး ချယ်ဆုံးဖြတ်ခွင့် ရှိပါတယ်။ အားပေးပုံ၊ အားပေးနည်းမှာကတော့ လိမ် မာပါးနပ်ရမှာ ဖြစ်ပါတယ်။
၂၀၀၈ တိဘက်အရေးမှာတုန်းက ဗြိတိန်ဝန်ကြီးချုပ်ကို မီဒီယာက မေးပါတယ်။ တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ဘယ်လို အရေးယူမှာလဲ ဆိုတော့ ကုန်သွယ်မှု များများလုပ်လေလေ၊ ဒီလိုချိုးဖေါက် နိုင်မှုတွေ လျော့လာလေလေ ဖြစ်လာမှာပါလို့ ဆိုပါတယ်။ ဒီလိုဆိုလိုက်လို့ ဗြိတိန်နိုင်ငံဟာ တိဘက်အရေးအ ပါအဝင် လူ့အခွင့်အရေးရေးရာတွေကို မထောက်ခံ တာလားဆိုတော့ မဟုတ်ပါဘူး။ မြန်မာ့ရေးရာတွေအပါအဝင် နိုင်ငံတ ကာ လူ့အခွင့်အရေး တိုးမြှင့်ရေးတွေမှာ ဗြိတိန်နိုင်ငံဟာ ရှေ့တန်းက ဦးဆောင်ပါဝင်နေတဲ့ နိုင်ငံပါ။ ဒါပေမယ့် တရုတ်နိုင်ငံနဲ့ နှစ်နိုင်ငံ ကုန်သွယ်မှုကြောင့် နှစ်ဦးနှစ်ဘက် အကျိုးအမြတ်တွေ ရှိနေပါတယ်။နောက် တချက်က ၂၀၀၃ ခုနှစ်အတွင်းမှာ သဘောတူညီခဲ့တဲ့ အီးယူနဲ့ တရုတ်နိုင်ငံတို့အကြားက strategic partnership အရ ဥရောပဟာ တရုတ်နိုင်ငံကို failed state အဖြစ်မခံဖို့ သဘောထားရှိပါတယ်။ တရုတ်နိုင်ငံရဲ့ soft power တိုးမြင့်လာမှုနဲ့ civil society အားကောင်းလာမှုတွေဟာ တရုတ်နိုင်ငံရဲ့ aggressive behavior ကို ပြန်ပြီး ထိန်းချုပ်သွားနိုင်လိမ့်မယ်လို့ အီးယူက မဟာဗျူဟာကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ ဒါကြောင့် လဲ ဗြိတိန်ဝန်ကြီး ချုပ်က လိမ္မာပါးနပ်စွာ စကားသုံးနှုန်းသွားတာပါ။
ဒါကြောင့် ကျွန်မတို့ အတိုက်အခံတွေလဲ တချို့သော အကြောင်းအရာတွေမှာ တရုတ်နဲ့ ထိပ်တိုက်ဖြစ်စေ တာတွေ ရှိရင် ရှောင်ကွင်းပြီး၊ လိမ္မာပါးနပ်စွာ ကျင့်သုံးဖို့ အချိန်အခါရဲ့ တောင်းဆိုမှုအရ ကျွန်မတိုက်တွန်း ပြောကြားနေတာ ဖြစ်ပါတယ်။
နိဂုံး
နိဂုံးချုပ်ဆိုရရင် အခုဒီဆောင်းပါးဟာ တရုတ်ဘက်ကနေ ရေးသားထားတာမဟုတ်သလို၊ အနောက်အုပ် စု ဘက်ကနေ ရေးသားထားတာလဲ မဟုတ်ပါဘူး။ Pro-American မဟုတ်သလို Pro-Chinese လဲ မဟုတ်ပါဘူး။တရုတ် နိုင်ငံရဲ့ အာရှရေးရာ၊ မြန်မာ့ရေးရာတွေနဲ့ ပတ်သက်တာတွေကို မဟာဗျူဟာ ရှုထောင့်ကနေ ရှုမြင် သုံးသပ်ချက်သာဖြစ်ပါတယ်။ မြန်မာအတိုက်အခံတွေအနေနဲ့ ရေကြောမရှိတဲ့နေရာမှာ အချိန်ကုန်ခံပြီး၊ အေ မာခံပြီး အဝီစိတွင်းတူးနေကြတာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီမို့ ကြာရင် လူပမ်းစိတ်မောနဲ့ လုံးပါးပါးပြီး၊ ရေမထွက်တဲ့ တွင်းထဲ ပြုတ်ကျသွားမှာကို စိုးရိမ်တဲ့အတွက် သတိပေးပြောကြားချက်များသာဖြစ်ပါတယ်။ ဘယ်လိုမှ ရှောင်လွှဲမရတော့တဲ့ နိုင်ငံတော် တည်နေရာအနေအထားမှာ လိမ္မာပါးနပ်စွာနဲ့ ရှောင်သင့်တာကို ရှောင်ပြီး၊ လုပ်သင့်တာကို လုပ်ဖို့ တိုက် တွန်းရေးသားချက်များသာ ဖြစ်ပါတယ်။ နိုင်ငံတကာ စစ်မျက်နှာမှာ အလုံးစုံပုံအပ်ထားတဲ့ မဟာဗျူဟာတွေကို ပြန်လှန်သုံးသပ်ပြီး၊ ပြည်တွင်းစစ်မျက်နှာနဲ့ လူထုတိုက်ပွဲကို ဦးတ ည်ရတော့မယ့် အချိန်က တန်ရုံတင်မက လွန်ကို လွန်နေပြီဖြစ်ပါတယ်။ တဦးတယောက်၊ တဖွဲ့တည်းက လုပ်ဆောင်လို့ ရတာ မဟုတ်ပဲ အားလုံး မဟာဗျူဟာအရ ပူးပေါင်းဆောင်ရွက်မှု လုပ်ရတော့မယ့်အနေအ ထား ကို ရောက်နေပြီဖြစ်ပါတယ်။
တယောက်တပေါက် ဗျူဟာတွေ ချနေရမယ့် အချိန်လဲမဟုတ်တော့ပါဘူး။ တယောက်က တရုတ်နဲ့ deal လုပ်ဖို့ ကြိုးစားချိန်မှာ နောက်တယောက်က အမေရိကန်ကယ်ပါ သွားလုပ်ပြီး ယုံကြည်မှု တည်ဆောက်လို့လဲ မဖြစ်နိုင်ပါဘူး။ တယောက်က လူထုတိုက်ပွဲ ခေါ်တုန်းမှာ နောက်တယောက်က အခုပဲ ယူအင်က အရေးထယူ တော့မယောင် ပြောလိုက်ပြန်ရင်လဲ လူထုရဲ့ နိုင်ငံရေး ရေချိန်က ပြန်ကျသွားတတ်ပါတယ်။ တယောက်က လို အပ်ရင် မိမိကိုယ်ကို ခုခံကာကွယ်ရမယ်ဆိုချိန်မှာ နောက်တယောက်က ငြိမ်းချမ်းစွာပဲနေရမယ်၊ ပြန်မခုခံရ ဘူး ဆိုပြန်ရင်လဲ လူတွေက ဘာလုပ်ရမှန်းမသိ ဖြစ်တတ်ပါတယ်။ တယောက်က ချဟဲ့လို့ ဆိုနေချိန်မှာ နောက် တယောက်က မချနဲ့၊ တောင်းပန်ပြီး တောင်းခံလိုက် လုပ်နေလို့ကလဲ မဖြစ်ပြန်ပါဘူး။ ဟိုကွေ့၊ ဟိုတက်နဲ့ လှော်၊ ဒီကွေ့ဒီတက်နဲ့ လှော်ဆိုပြီး ရှေ့က ညာကွေ့ဖို့လုပ်၊ နောက်က ဘယ်ကွေ့ဖို့လုပ်၊ အလယ်က လှေ ဝမ်းဗိုက်ဖောက် လုပ်နေလို့လဲ မရပါဘူး။ အကုန်လုံးစုန်းစုန်းမြှုပ်ကုန်ပါလိမ့်မယ်။
ဒါကြောင့် ပုဂ္ဂိုလ်ရေးတွေ ရှေ့တန်းတင်ကြ၊ ဆရာတပည့်တွေမွေးကြ၊ ခေါင်းဆောင်နောက်လိုက်တွေ ရွေးကြ၊ သူဘာလဲ၊ ငါဘာလဲတွေ လက်မထောင်ကြလုပ်နေကြမယ့်အစား၊ သွေးစည်းညီညွတ်မှုအဆင့် မဟုတ်ရင် တောင် မဟာဗျူဟာအရ ပေါင်းစည်းမှု အဆင့်ကိုတော့ အနိမ့်ဆုံးထား တည်ဆောက်ဖို့ လိုအပ်နေပြီဖြစ်ပါ ကြောင်း ရေး သားတိုက်တွန်းလိုက်ပါတယ်။
(စာရေးသူသည် ဗြိတိန်နိုင်ငံ၊ Aberdeen တက္ကသိုလ်၊ ဘုရင့်ကောလိပ်မှ နိုင်ငံရေးဘောဂဗေဒအထူးပြုဘောဂေဗ ဒ မဟာဝိဇ္ဖာဘွဲ့၊ စစ်မဟာဗျူဟာလေ့လာရေးပညာ မဟာသိပ္ပံဘွဲ့များ ရရှိထားပြီး၊ အကြမ်းဖက်မှုနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုနှိမ်နင်းရေး၊ စစ်ရေး၊ နိုင်ငံရေး ဆိုင်ရာ လေ့လာသူ သုတေသီတဦး ဖြစ်ပါသည်)
ရည်ညွှန်းကိုးကား-
Chang, F. (2001) 'Chinese Energy and Asian Security;, Orbis, 45 (2)
Dreyer, J. T. (2007) 'China's Power and Will: The PRC's Military Strength and Grand Strategy', Orbis, Fall 2007
Dibb, P. (1995) Towards a New Balance of Power in Asia, Adelphi Paper 295
Erickson, A. & Collins, G. (2007) 'Beijing's Energy Security Strategy', Orbis, Fall 2007
Fravel, M. (2008) 'China's Search for Military Power', Washington Quarterly, 31 (3)
Grant, R. (1994) 'China and its Asian neighbours', Washington Quarterly, 17 (1)
Hale, D. & Hale, L. (2003) 'China Takes off', Foreign Affairs, 82 (6)
International Energy Agency (2000) China's worldwide Quest for Energy security
Jaffe, A. & Lewis, S. (2002) 'Beijing's Oil Diplomacy', Survival, 44 (1)
Kim, S. (1998) 'The South China Sea in China's strategic thinking', Contemporary Southeast Asia, 19 (4)
Lei, D. (2008) 'China Multi-Faceted Maritime Strategy', Orbis, 53 (1)
Malik, J. (1997) 'Myanmar's Role in Regional Security: Pawn or Pivot', Contemporary Southeast Asia, 19 (1)
Muni, S. (2002) 'China's strategic engagement with the New ASEAN, an exploratory study of China's post-cold War Political, Strategic and Economic Relations with Myanmar, Laos, Cambodia and Vietnam, Institute of Defence and Strategic Studies, IDSS, Monograph, No. 2, Singapore
Medeiros, E. & Fravel, M (2003) 'China's New Diplomacy', Foreign Affairs, 82 (6)
Menges, C. (2003) 'China: Its Geostrategy and energy needs', Testimony presented to the US-China Economic and Security Review Commission
Manning, R. (2000) The Asian Energy Factor, New York, Polygrave
People's Republic of China, State Council, Report on National Defence, 2002
Roy, D. (1995) 'Assessing the Asia-Pacific Power Vacuum', Survival, 37 (3)
Shambaugh, D. (ed.) (2006) Power Shift: China and Asia's New Dynamics
Shambaugh, D. (2005) 'The New Strategic Triangle: US and European Relations to China's Rise', Washington Quarterly, 28 (3)
Seekins, D. (1997) 'Burma- China Relations: Playing with Fire', Asian Survey, 37 (6)
Sutter, R. (2003) 'Why does China Matter', Washington Quarterly, 27 (1)
Segal, G. (1994) 'China changes Shape: Regionalism and Foreign Policy', Adelphi paper 287
Valencia, M. (1995) 'China and the South China sea disputes, Adelphi paper 298
Yoshihara, T. & Holmes, J. (2008) 'China's Energy- Driven Soft Power', Orbis, 53 (1)
Posted by Khin Ma Ma Myo
Labels: စစ်ရေး, နိုင်ငံရေးရာ
Link : Here
No comments:
Post a Comment