RFA
2017.12.21
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နဲ့ အစိုးရတာဝန်ရှိသူတွေဟာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ မွတ်စလင်တွေကို
ပြန်လည်လက်ခံမယ့် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲနဲ့ ငခူရ ကျေး ရွာတွေကို
ဒီနေ့ သွားရောက်စစ်ဆေးခဲ့ ပါတယ်။
တောင်ပြိုနဲ့
ငခူရကျေးရွာ နှစ်နေရာမှာ ဒုက္ခသည် ပြန်လည်လက်ခံရေးစခန်းတွေ
တည်ဆောက်နေတာဖြစ်ပြီး လာမယ့်ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေမှာ ပြီးစီးမယ်လို့
သိရပါတယ်။
အစိုးရအနေနဲ့ တဘက်နိုင်ငံကို
ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ ဟိန္ဒူဘာသာဝင်တွေကို ပထမဆုံးစိစစ်လက်ခံပြီး
မောင်တောမြို့နယ် မြောက်ပိုင်းမှာရှိတဲ့ အိုးထိန်းကျေးရွာမှာ
နေရာချထားပေးသွားမယ်လို့လည်း ပြောပါတယ်။
ပြည်ထောင်စုဝန်ကြီးနဲ့အဖွဲ့ဟာ
မြိုတိုင်းရင်းသားကျေးရွာသစ် တည်ဆောက်နေတဲ့ သစ်တုံးနားခွဆုံကျေးရွာကို
သွားရောက်ခဲ့သလို လှဖိုးခေါင်ကျေးရွာအနီးက ပြန်လည်နေရာချထားရေး
ဆောင်ရွက်မယ့်နေရာတွေကိုပါ သွားရောက်ခဲ့ပါတယ်။
လှဖိုးခေါင်ကျေးရွာအနီးမှာ
တဘက်နိုင်ငံက ပြန်လည်လက်ခံတဲ့သူတွေကို သူတို့ရဲ့ မူလနေရပ်တွေဆီမပို့ခင်
ယာယီကြားစခန်းနဲ့ ထားရှိမယ့်နေရာဖြစ်ပါတယ်။
ဒီခရီးစဉ်မှာ
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊
လူဝင်ကြီး ကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်
ဦးမြင့်ကြိုင်နဲ့ UNHCR က ကိုယ်စား လှယ်တစ်ဦးတို့လည်း
အတူလိုက်ပါခဲ့ကြတာဖြစ်ပါတယ်။
Link : Here

No comments:
Post a Comment