VOA
ဗွီအိုအေ (မြန်မာဌာန)
17 ဇန္နဝါရီ၊ 2020 တရုတ်သမ္မတ မြန်မာခေါင်းဆောင်တွေနဲ့တွေ့ဆုံ (မှတ်တမ်းဓါတ်ပုံ)
နေပြည်တော်မှာ ရောက်ရှိနေတဲ့ တရုတ်သမ္မတ Xi Jinping ကို နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင် ခံတို့ ကြိုဆို တေ့ွဆုံခဲ့ကြပါတယ်။ တရုတ်မြန်မာဆက်ဆံရေး အနှစ် ၇၀ ပြည့်အထိမ်းအမှတ်နဲ့ တရုတ် သမ္မ တ Xi Jining မြန်မာနိုင်ငံကို ဒီကနေ့ ရောက်ရှိလာခဲ့တာပါ။ မြန်မာနိုင်ငံကို အနှစ် ၂၀ နီးပါးအတွင်း ပထမ ဆုံးရောက်လာတဲ့ တရုတ်သမ္မတကို သမ္မတဦးဝင်းမြင့်က သမ္မတအိမ်တော်မှာ ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုတွေ့ ဆုံခဲ့ပါတယ်။
တရုတ်သမ္မတရဲ့ ခရီးစဉ်ဟာ သိပ်ကို အရေးကြီးပြီး သမိုင်းဝင်တဲ့ ခရီးစဉ်ဖြစ်တယ်လို့ သမ္မတဦးဝင်းမြင့်က သတင်း ထောက်တွေကို ပြောပါတယ်။ တရုတ်သမ္မတ Xi Jinping ဟာ သမ္မတဦးဝင်းမြင့်နဲ့ တွေ့ဆုံခဲ့သလို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ဒီကနေ့ သီးခြားတွေ့ဆုံ နှုတ်ဆက်ခဲ့ပါတယ်။
မနက်ဖြန်စနေနေ့မှာတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ် သမ္မတ Xi တွေ့ဆုံမှာ ဖြစ်ပါတယ်။ ၂ နိုင်ငံ စစ်ရေး လုံခြုံရေးကိစ္စတွေကို ဆွေးနွေးကြမယ်လို့ တပ်မတော် တာဝန်ရှိသူက VOA မြန်မာပိုင်းကို ပြောပါတယ်။ အခုညပိုင်း သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ နိုင်ငံတော် ညစာစားပွဲအခမ်းအနားကို တရုတ်သံရုံးရဲ့ဖိတ်ကြားချက်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ တက်ရောက် ကြပါတယ်။
တရုတ်သမ္မတရဲ့ခရီးစဉ်အတွင်း ခေတ်သစ်ပိုးလမ်းမကြီးဆိုင်ရာ စီမံကိန်းအတွက် တရုတ်နဲ့ မြန်မာကြား ကုန်သွယ်ရေး၊ စီးပွားရေးဆိုင်ရာ သဘောတူစာချုပ်တွေ လက်မှတ်ထိုးဖို့ စီစဉ်ထားပါတယ်။ တရုတ် မြန်မာ ဆက်ဆံရေး အနှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် တရုတ် မြန်မာ ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေး အစီ အစဉ်ကို မိတ်ဆက်ပွဲအပါအဝင် အထိမ်းအမှတ်အခမ်းအနားတွေကိုလည်း တရုတ်သမ္မတ Xi Jinping တက် ရောက်ဖို့ရှိပါတယ်။ တရုတ်သမ္မတ Xi Jinping ရဲ့ အခုခရီးစဉ်ဟာ အနှစ် ၂၀ နီးပါးအတွင်း တရုတ်သမ္မတ တယောက်အနေနဲ့ မြန်မာနိုင်ငံကို ပထမဆုံး လာရောက်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။
No comments:
Post a Comment