" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, February 19, 2019

မြန်မာစစ်တပ်နဲ့ RCSS/SSA တိုက်ပွဲဖြစ်ပွား

VOA
ဗြီအိုုေအ (ျမန္မာဌာန)

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA လက်နက်ကိုင်တပ်သား တချို့ နဲ့  မြန်မာစစ်တပ် အကြား ဒီကနေ့မနက်ပိုင်း သီပေါမြို့နယ်မှာ ပစ်ခတ်မှုရှိခဲ့ပြီး RCSS ဘက်က ၂ယောက် ကျဆုံးခဲ့တယ်လို့ မြန်မာစစ်တပ်ဘက်က ပြောပါတယ်။ ဒါဟာ RCSS ဘက်က စတင်ပစ်ခတ်တဲ့အတွက် အခုလိုအပြန် အ လှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့လည်း တပ်မတော် သတင်းပြန်ကြားရေး တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။ ဒီအကြောင်း ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော် ထက် ရန်ကုန်ကနေ ပေးပို့ထားပါတယ်။                                                                          


ရှမ်းပြည်နယ်၊ သီပေါမြို့နယ်ဘက်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ှရှမ်းပြည်တပ်မတော် RCSS/SSA လက်နက်ကိုင်တပ်သားတချို့နဲ့ တပ်မတော် ဒီနေ့မနက်ပိုင်းမှာ ပစ်ခတ်မှုရှိခဲ့ကြောင်းနဲ့ RSCC ဘက်က ကျဆုံးမှုရှိခဲ့တယ်လို့ တပ်မတော် ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေး ဒုညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ ကျောက်မဲဘက်မှာ ဖြစ်တဲ့သတင်းမှန်ပါတယ်ဗျ။ ကျောက်မဲတံခွန်တိုင်မှာ ကျနော်တို့ RCSS/SSA က အရပ်ဝတ်နဲ့ လာပြီးဆတ်ကြေး ကောက်တယ်၊ ဆတ်ကြေးကောက်တော့ ကျနော်တို့ ၁၀နာရီလောက်မှာ အဲဒီနယ်မြေမှာသွားရှင်းပါတယ်။ ၁၁နာရီ လောက်မှာ ကျနော်တို့ အဲဒီဘက်က အရပ်ဝတ် ဝတ်ဆင်ထားတဲ့ လက် နက် ကိုင် ငါးဦးလောက်က လက်နက်ငယ်နဲ့စပစ်တယ်။ ဟိုဘက်ကတော့ အရပ်ဝတ်နဲ့ အလောင်းနှစ် လောင်းနဲ့ သေနတ်တစ်လက်၊ လက်ပစ်ဗုံးတစ်လုံးလောက် ဖမ်းမိပါတယ်ဗျ။ ပြီးရင်ကျနော်တို့ ဆတ်ကြေး ကောက်တဲ့ စာရတယ်။”

သေဆုံးသူနှစ်ယောက်က ကျောက်မဲဒေသခံတွေ မဟုတ်တဲ့အကြောင်း ဒေသခံတွေကို တပ်မတော်ဘက် က မေး မြန်းပြီး အတည်ပြုနိုင်တဲ့အကြောင်းလည်း သူက ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ RCSS/SSA ဘက်ကို ဗွီအိုအေက ဆက်သွယ်ပေမယ့်လည်း ဆက်သွယ်လို့မရခဲ့ပါဘူး။ ဒီမနက်တိုက်ပွဲဟာ စစ်တပ်ဘက်က စွပ်စွဲသလို RCSS ဘက်က ဆတ်ကြေးကောက်ခံလို့ဖြစ်ရတာလားဆိုတာ အတိအကျ မသိနိုင်ဘူးလို့ ကျောက်မဲမြို့နယ်မှာ လူမှုရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ ဒေသခံ ဦးတင်မောင်သိန်း က အခုလိုပြောပါတယ်။

“ကြားရတဲ့သတင်းအရတော့ ဒီရာသီပေါ့နော် ကျနော်တို့ဒေသမှာ အခွန်ကောက်တဲ့ရာသီပေါ့။ အခွန် ကောက် တဲ့ ရာသီဖြစ်တဲ့အခါမှာ အခွန်ကောက်တယ် လို့ကျနော်တို့ကြားရတာပေါ့။ ဒါကလည်း ဘယ်လောက်မှန်တယ်၊ မမှန်ဘူဆိုတာတော့ ကျနော် confirm တော့မဖြစ်သေးပါဘူး။ အခွန်ကောက်ရင်း နဲ့ ထိတွေ့မှု ဖြစ်တယ်လို့ပဲ ကျနော်တို့က သုံးသပ်လို့ရမယ်ဗျ။ ၁၁နာရီဝန်းကျင် လောက်မှာပဲ အသံတွေကြား ရတာ၊ ကျနော်တို့မြို့ပေါ်ကနေလေ။ တပ်မတော် ထိခိုက်မှုမရှိဘူး လို့သိရတယ်။ ပြီးတော့ တိုက်ပွဲပြီးသွား တယ်ပေါ့။ ကျနော်တို့ ကြားသိရတာတော့ အဲဒီလောက်ပဲ။”

ဖေဖော်ဝါရီလ အစောပိုင်းမှာလည်း ကိုးကန့်တပ်ဖွဲ့ MNDAA နဲ့ တပ်မတော် ရှမ်းပြည်မြောက်ပိုင်းမှာ တိုက် ခိုက်မှုတွေရှိခဲ့ပြီး ဒါဟာကိုးကန့်ဘက်က အတင်း အဓမ္မလူသစ် စုဆောင်းတာနဲ့ နယ်ကျော် လှုပ်ရှားတာတွေ ကြောင့်ဖြစ်ရတာလို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကချင်နဲ့ ရှမ်းက စစ် တိုင်း ငါးခုမှာ စစ်ရေးလှုပ်ရှားမှုတွေ လေးလ ကြာရပ်ဆိုင်းမယ်လို့ တပ်မတော်က ဒီဇင်ဘာ ၂၁ ရက်မှာ ကြေညာပြီးနောက်ပိုင်း တပ်မတော်နဲ့ လက်နက်ကိုင်တပ်ဖွဲ့ ပစ်ခတ်မှုဖြစ်ပွားတာ ဒီနေ့က ဒုတိယ အကြိမ်မြောက်ဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */