VOA
ဗွီအိုအေ (မြန်မာဌာန)
25 သြဂုတ်၊ 2019
မဆုမွန်
25 သြဂုတ်၊ 2019
မဆုမွန်
ကုတုပလော် ဒုက္ခသည်စခန်းတွင် ဆုတောင်းပွဲကျင်းပနေသည့် ရိုဟင်ဂျာဒုက္ခသည်များ။ (သြဂုတ် ၂၅၊ ၂၀၁၉)
HUMAN
RIGHTS
WATCH
|
■ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေအတွက် လူမှောင်ခိုဂိုဏ်းတွေရဲ့ အန္တရာယ် ရှိ နေတယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာအဖွဲ့ IOM က သတိပေးလိုက်တယ်လို့ ရိုက်တာ သတင်းတစ်ပုဒ်မှာ မနေ့က ဖော်ပြပါတယ်။
မြန်မာ့တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ဘယ်လိုအရေး ယူဆောင်ရွက်သင့်လဲ ဆိုတဲ့အကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေဖြစ်တဲ့ ဂျာမဏီ၊ ပီရူးနဲ့ ကူဝိတ်နိုင်ငံတို့ ကမကထပြုလုပ်ပြီး အဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်တွေက မြန်မာ့အရေး ဆောင်ရွက်နေတဲ့ နိုင်ငံတကာ NGO တွေနဲ့အတူ နယူးယောက်မြို့က ကုလသမဂ္ဂရုံးချုပ်မှာ မနေ့ နေ့လယ်က ဆွေးနွေး ကြပါတယ်။