တီအမ်ဇက်
နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်အား ပြည်သူများက ဂါရဝပြု တွေ့ဆုံပွဲကျင်းပနေစဉ်။ဓာတ်ပုံ - USDP
နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်အား ပြည်သူများက ဂါရဝပြု တွေ့ဆုံပွဲကို ဇန်နဝါရီ ၅ ရက် ညနေပိုင်း က နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးချုပ်တွင်ပြုလုပ်ခဲ့ရာ တက်ရောက် လာသူ များက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမရှိကြောင်း ' NO ရိုဟင်ဂျာ' ကမ်ပိန်းကို ပြုလုပ်ခဲ့သည်ဟု သိရသည်။
အဆိုပါ ဂါရဝပြုတွေ့ဆုံပွဲကို ဦးသိန်းစိန် တည်ထောင်ထားသည့် ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်း က ဦးဆောင်ကာ လေးကြိမ် မြောက် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ' NO ရိုဟင်ဂျာ' ကမ်ပိန်းကိုပါ ထည့်သွင်း ပြုလုပ် ခဲ့ကြခြင်း ဖြစ်သည်။
''နှစ်စဉ်နှစ်တိုင်း တက်ရောက်ဖြစ်တယ်။ ကျွန်တော်က ဘယ်ပါတီဝင်မှ မဟုတ်ဘူး။ လေးစားတန်ဖိုးထား အားကျလို့ ကိုယ့်စရိတ်ကိုယ်စားပြီး တက်ရောက်တာပါ''ဟု အဆိုပါပွဲသို့ တက်ရောက်ခဲ့သည့် တရားလွှတ် တော်ရှေ့နေ ဦးအောင်ကျော်က ပြောသည်။
ဂါရဝပြုတွေ့ဆုံပွဲကို ပြည်သူ ၃၂ဝဝ ခန့်တက်ရောက်ဂါရဝပြုခဲ့ပြီး နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန်က ရင်း ရင်းနှီးနှီး ပြန်လည်နှုတ်ဆက်ခဲ့ ကြောင်း သိရသည်။
Link : Here
No comments:
Post a Comment