" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, July 8, 2023

ICC ရှေ့နေလာရောက်ပြီးနောက် ရိုဟင်ဂျာဒုက္ခသည် ငါးဦး သတ်ဖြတ်ခံရ

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၈ ဇူလိုင်၊ ၂၀၂၃

A part of Balukhali refugee camp in Cox’s Bazar, Bangladesh. After fleeing Myanmar, Rohingya refugees live in flimsy and congested bamboo and tarpaulin shanty colonies in Bangladesh. 
 


ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ရိုဟင်ဂျာဒုက္ခသည်စခန်းကို ICC အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးက ရှေ့နေတဦးလာ ရောက်ပြီး နာရီပိုင်းအတွင်းမှာပဲ စခန်းတွင်းပစ်ခတ်မှုတွေဖြစ်ပြီး ရိုဟင်ဂျာဒုက္ခသည် ၆ ဦးသေဆုံးခဲ့တယ်လို့ ရဲက ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း သေဆုံးသူ ငါးဦးဟာ ARSA အဖွဲ့ဝင်တွေဖြစ်ကြပြီး သေဆုံးသူတွေထဲ ARSA တပ်မှုးတဦးပါဝင်တယ်လို့ စခန်းလုံခြုံရေးယူထားတဲ့ ရဲတပ်ရင်း ပြောခွင့်ရသူ Faruq Ahmed က ပြောပါတယ်။ အဲဒီနောက်စခန်းတွင်းမှာ လုံခြုံရေးကို တင်းကြပ်ထားတယ်လို့ဆိုပါတယ်။ ဒီအဖြစ်အပျက်ဟာ စခန်းအတွင်း ပြိုင်ဖက်ရိုဟင်ဂျာအဖွဲ့နှစ်ခုဖြစ်ကြတဲ့ ARSA ရိုဟင်ဂျာလွတ်မြောက်ရေးတပ်နဲ့ RSO ရိုဟင်ဂျာသွေးစည်းညီညွတ် ရေးအဖွဲ့နှစ်ခုအကြား အပြန်အလှန်တိုက်ခိုက်မှုတွေရဲ့ နောက်ဆုံးအခြေအနေတရပ်ဖြစ်ပါတယ်။ သောကြာနေ့ မနက် လင်းအားကြီးပိုင်းမှာ ပစ်ခတ်မှုဖြစ်ပြီး ငါးဦးသေဆုံးခဲ့ရတာပါ။

ဒီမတိုင်ခင်လေး ဒုက္ခသည်စခန်းခေါင်းဆောင်တဦးဖြစ်တဲ့ Ebadullah အသတ်ခံရပြီးနောက် နာရီပိုင်းအတွင်းမှာ အခုလို ပစ်ခတ်မှုတွေဖြစ်တာလို့လည်း ရဲက ပြောပါတယ်။ အသက် ၂၇နှစ်အရွယ် Ebadullah ဟာ ကြာသာပ တေး နေ့က စခန်းကိုလာရောက်တဲ့ ICC ရှေ့နေ Karim A.A Khan နဲ့ အခြား ဒုက္ခသည်တွေ တွေ့နိုင်အောင်စီစဉ် ပေးခဲ့သူဖြစ်တယ်လို့ ဒေသတွင်းစာစောင်တခုက ရေးပါတယ်။ ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံတွင်းအဖြစ်အပျက်တွေ အတွက် မျက်မြင်သက်သေတွေဆီက မှတ်တမ်းယူဖို့အတွက် ICC ရှေနေက စခန်းကို ရောက်လာခဲ့တာပါ။ အခုအ ဖြစ် အပျက်နဲ့ပတ်သက်လို့ ARSA ဖက်ကတော့ တစုံတရာတုန့်ပြန်ပြောဆိုတာမရှိသေးပါဘူး။

၂၀၁၇ ခုနှစ် ရိုဟင်ဂျာတွေ အစုအပြုံလိုက်ထွက်ပြေးကြရတဲ့ မြန်မာစစ်တပ်စစ်ဆင်ရေးဟာ ARSA အဖွဲ့ရဲ့ ဦးစွာ တိုက်ခိုက်မှုကြောင့်ဖြစ်တယ်လို့ မြန်မာအာဏာပိုင်တွေက ပြောလေ့ရှိပါတယ်။ ဒါ့အပြင် အခုဒုက္ခသည်စခန်းအ တွင်း ရိုဟင်ဂျာအရပ်ဖက်ခေါင်းဆောင်တွေကို ARSA အဖွဲ့ဝင်တွေက ပစ်မှတ်ထားတိုက်ခိုက်တယ်လို့ စွပ်စွဲခံမှု တွေလည်းရှိနေပါတယ်။

စခန်းအတွင်း ARSA လုပ်ရပ်ကို ဝေဖန်လေ့ရှိသူ ထင်ရှားတဲ့ ရိုဟင်ဂျာငြိမ်းချမ်းရေးတတ်ကြွလှုပ်ရှားသူတဦီး ၂၀၂၁ ခုနှစ်အတွင်း အသတ်ခံရမှုနဲ့ဆက်နွယ်ပြီး ARSA ခေါင်းဆောင်ကို Jununi ကို စွဲချက်တင်ထားသလို၊ သူနဲ့ အခြား ARSA ခေါင်းဆောင်တွေဟာ ဘင်္ဂလားဒေ့ရ်ှထောက်လှမ်းရေးအရာရှိတဦး ပြီးခဲ့တဲ့နိုဝင်ဘာလ သတ်ခံရ မှုမှာ စွပ်စွဲခံထားရပါတယ်။

ဒါ့အပြင် ARSA အဖွဲ့ဟာ စိတ်ကြွမူးယစ်ဆေးမှောင်ခိုလုပ်ပြီး သူတို့ရံပုံငွေရှာဖွေနေတယ်လို့လည်း စခန်းအတွင်း စွပ်စွဲခံထားရတာပါ။ စခန်းကိုလာရောက်ခဲ့သူ ICC ရှေနေကတော့ စခန်းခေါင်းဆောင် Ebadullah အသတ်ခံရ တာ ရော အခြားငါးဦးအသတ်ခံရတဲ့ကိစ္စမှာပါ ICC နဲ့ တစုံတရာပတ်သက်မှုမရှိဘူလို့ မြို့တော်ဒါကာမှာ သတင်း ထောက်တွေကို ပြောပါတယ်။ 

Link : Here



No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */