Sunday, January 5, 2020

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်း ဝေဖန်ခံနေရ

လွတ်လပ်တဲ့အာရှအသံ ( RFA )
ဇာဏီထွဏ်း
2020-01-05
တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နဲ့ လက်မှတ်တွေချီးမြှင့်တဲ့ အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ၂ဝ၂ဝ ဇန်နဝါရီ ၄ ရက်နေ့က တွေ့ရစဉ်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
 
လွတ်လပ်ရေးနေ့ မနေ့က ပြောခဲ့တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက် အဖုအထစ်ဖြစ်စေတယ်လို့ နိုင်ငံရေးလေ့လာသူတွေ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက သုံးသပ်ကြပါတယ်။

တပ်မတော်ဟာ တိုင်းရင်းသားပြည်သူလူထုရဲ့ အကျိုးစီးပွားတစ်ခုတည်းကိုသာ ရှေးရှုပြီး ခေတ်အဆက် ဆက်တောက် လောင်ခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခ မီးတောက်ကို ထာဝရ ငြိမ်းချမ်းရေးနဲ့ အပြီးတိုင် ငြှိမ်း သတ်နိုင်ရေး ဆောင်ရွက်နေကြောင်း၊ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အဓိက အဟန့်အတားဖြစ်စေတာဟာ တည်ငြိမ်အေးချမ်းမှု မရှိခြင်းပဲဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုလို့ ဆိုရာမှာလည်း နိုင်ငံရေးအရ တည် ငြိမ်အေးချမ်းဖို့နဲ့ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းဖို့ဟာ အဓိကအရေးကြီးကြောင်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လွတ်လပ်ရေးနေ့ မနေ့က ကျင်းပတဲ့ တပ်မတော်စွမ်းရည် သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နဲ့ လက်မှတ်တွေ ချီးမြှင့်တဲ့ အခမ်းအနားမှာ ပြောခဲ့တာပါ။

အခုချိန်မှာ အမြင်ကျဉ်းမြောင်းပြီး အတ္တကိုရှေ့တန်းတင်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတချို့က ခေါင်း ဆောင် တွေဟာ အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားကို အကြမ်းဖက်လုပ်ရပ်တွေနဲ့ ထိပါးနှောင့်ယှက်နေတာတွေ ကြောင့် မလွှဲမရှောင်သာဘဲ စစ်ရေးအရဖြေရှင်းနေရတာ ဖြစ်တယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒီအပေါ်မှာ တိုင်းရင်းသားအရေး၊ နိုင်ငံရေး လေ့လာသူ ဦးသန်းစိုးနိုင် သုံးသပ်တာက -

“အမှန်တရား တစိတ်တပိုင်းတော့ ပါဝင်တယ်။ ဒါပေမဲ့ နည်းလမ်း တော့ မကျပါဘူး။ တိုင်းရင်းသား လက် နက် ကိုင် အဖွဲ့အစည်း အများစုက NCA လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ မြောက်ပိုင်း အဖွဲ့ သုံးဖွဲ့ပဲ တပ်မတော်နဲ့ စစ်ရေးအရ တိုက်ခိုက်နေတာပါ။ လူထုအပေါ် သက်ရောက်တာ၊ လူထုအပေါ် ပစ်မှတ်ထား တာတွေ ရှိပါတယ်။ ဒါပေမဲ့ သူတို့ချည်းပဲ သက်ရောက်တာ မဟုတ်ပါဘူး။ တပ်မတော်က တိုက်ခိုက်တဲ့ အတွက်လည်း ဒဏ်ရာရတာ၊ သေဆုံး တာတွေက နှစ်ဖက်စလုံးမှာရှိနေတာပဲ။ ဒ့ါကြောင့် တစိတ်တပိုင်း မှန်တယ်။ တစ်ခုလုံးမမှန်ဘူးလို့ မှတ်ချက်ချတဲ့သဘောပါ“

လက်နက်ကိုင်အဖွဲအစည်းတချို့က ခေါင်းဆောင်တွေဟာ ပြည်သူလူထုရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ် လုံ ခြုံမှု မရှိအောင် လုပ်ဆောင်နေတာတွေ၊ နိုင်ငံတော်ရဲ့ အကျိုးစီးပွားကို အကြမ်းဖက်လုပ်ရပ်တွေနဲ့ ထိပါး နှောင့်ယှက် နေတာတွေ ရှိတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုပါတယ်။

အဲဒီနောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ ငြိမ်းချမ်းရေးကို အမှန်တကယ်ရယူလိုစိတ် နည်းပါးနေ တယ် လို့လည်း ပြောခဲ့တာပါ။ နိုင်ငံတော်အစိုးရနဲ့ တပ်မတော်က အကြိမ်ကြိမ် လိုက်လျောတာတွေ၊သဘော ထား ကြီးကြီးနဲ့ သည်းခံညှိနှိုင်းမှုတွေကို လျစ်လျူရှုပြီး နိုင်ငံရေးအမြတ်ထုတ်ချင်တာ၊ ပုဂ္ဂလိကအကျိုးစီးပွား ကို ရှေ့တန်းတင်တာ၊ ပဋိပက္ခတွေကို စတင်ဖန်တီးပြီး အချုပ်အခြာအာဏာကို ထိပါးစော်ကားတာတွေ လည်း ရှိတယ်လို့ ပါပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တွေ၊ အတိုက်အခံတွေက တော်လှန်ရေးလုပ်နေတာဟာ တရားမျှတမှုကို ဦး တည်နေတာ ဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD တွဲဖက်အတွင်းရေးမှူး ဦးစိုင်း လိတ်က ပြောပါတယ်။

“တိုင်းရင်းသား လက်နက်ကိုင်တွေ တော်လှန်ရေးလုပ်တယ်။ အ တိုက်ခံတွေ နိုင်ငံရေးလုပ်တယ်ဆိုတာက တရားမျှတမှုကို ဦးတည် ပြီးလုပ်နေတာပါ။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အမှန်တ ကယ်တည် ဆောက် နိုင်တယ်။ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြ ဌာန်း ခွင့်ကိုသာ အတိ ကျဖော်ပြနိုင်တယ်ဆိုရင် တော်လှန်ပုန်ကန်တဲ့ အကြောင်းကိုရောက်လာစရာ မရှိဘူးလေ။ တရားမျှတပြီးတော့မှ လူထုတရပ်လုံး ကျေနပ်လောက်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥ ပဒေအသစ်အောက်မှာ တပ်မတော်အနေနဲ့ ရဲရဲဝံ့ဝံ့ရပ်တည်ရဲ သ လား လို့ မေးမြန်းဖို့  လိုအပ်ပါတယ်“
sailake-.JPG                             

တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြားဖြစ်တဲ့ တိုက်ပွဲတွေမှာ လူမျိုး၊ ပုဂ္ဂိုလ်၊ အကျိုးစီး ပွား အပေါ် အခြေခံပြီး ဖြစ်လာတာမဟုတ်ဘဲ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့် မမျှတတာ၊ နိုင်ငံရေးအခွင့်အရေး မညီ မျှတာ တွေကြောင့် ဖြစ်ပေါ်လာတာလို့ တိုင်းရင်းသားတွေက ထောက်ပြကြပါတယ်။

နိုင်ငံ့ခေါင်းဆောင် တစ်ယောက်အနေနဲ့ အခုလို ပြောဆိုတဲ့အပေါ် စိုးရိမ်တယ်လို့ ပြောလာသူက ရခိုင်အမျိုး သား ပါတီရဲ့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း ပါ။

“နိုင်ငံ့ခေါင်းဆောင် တစ်ယောက်အနေနဲ့ အခုလို ပြောဆိုလိုက်တဲ့အခါမှာ တစ်ဖက်နဲ့တစ်ဖက် မုန်းတီးမှုတွေ နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မရောက်နိုင်ဘဲ အဖုအထစ်တွေ၊ အဟန့်အတားတွေ ဖြစ်သွားမှာစိုးပါတယ်။ ငြိမ်းချမ်းရေးအတွက် ရှေးရှုပြီးတော့ မသည်းခံနိုင်သည်များကို သည်းခံပြီးတော့ နိုင်ငံတော်ကို တည်ထောင် နိုင်တဲ့အထိ အကုန်လုံး အပြောအဆိုဆင်ဆင်ခြင်ခြင်နဲ့ ပြောသင့်တယ်လို့ ရှုမြင်ပါတယ်“

မြန်မာပြည်မှာ လူမျိုးတုံးသတ်ဖြတ်တာတွေရှိတယ်ဆိုပြီး စွပ်စွဲခံထားရတဲ့အချိန်မှာ နောင်တမရဘဲ အခုလို ပြောဆိုတာတွေဟာ အပြုသဘောဆောင်တဲ့ လက္ခဏာမဟုတ်ဘူးလို့ ရက္ခိုင့်တပ်တော် AA ပြောခွင့်ရသူ ခိုင်သုခက ပြောပါတယ်။

"ဘယ်တိုင်းရင်းသား လက်နက်ကိအဖွဲ့ကမှ ICJ မှာ တရားစွဲ မခံရဘူးနော်။ ဗမာစစ်တပ်က တရားစွဲခံနေရပြီ။ ဒါကိုလည်း သူ ကောင်းတယ်လို့ပြောနေရင်တော့ မတတ်နိုင်ဘူးပေါ့ဗျာ။ မြန်မာ စကားပုံလို ငါ့စကားနွားရ ပြောနေမယ်ဆိုရင်တော့ ဘယ် သူနဲ့မှ တရားမျှတမှု ရှိရှိနဲ့ တဖက်နဲ့တဖက် စကားပြောလို့ ရမယ့်အနေ ထား မဟုတ်ဘူးဗျ။ ငြိမ်းချမ်းရေးကို ဖော်ဆောင်မယ် ဆိုတာ တော့ ဘယ်လိုမှဖြစ်နိုင်မယ့် အနေထားမရှိဘူး"

နိုင်ငံတကာဖိအားတွေ၊ နိုင်ငံတကာနဲ့ အမြင်မကြည်မှုတွေ ခံနေရချိန် မှာ ပြည် တွင်း  က ပြဿနာအတွက် အချင်းချင်း အပြစ်တင်မနေသင့်ဘူးလို့ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစော က ပြောပါတယ်။

“ မြန်မာပြည်နိုင်ငံရေးက ကျနော်တို့ ဉာဏ်မမီလောက်တဲ့အထိ အရမ်းရှုပ်ထွေးတယ်။ တိုင်းပြည်ရဲ့ အနေထားက စစ်ရေးရော နိုင် ငံရေးရော အရမ်းရှုပ်ထွေးတယ်။ ရွေးကောက်ပွဲကလည်း နီးလာ ပြီ။ နိုင်ငံတကာကလည်း စောင့်ကြည့်နေတယ်။ ကျနော်တို့ တိုင်း ပြည်ကို အကောင်းမမြင်ကြဘူးဆိုတော့ ကျနော်တို့ အချင်း ချင်း ကြားထဲမှာ လေသံပြင်းပြင်းတွေ မဟုတ်ဘဲ လမ်းကြောင်းတွေ ရှာ ပြီးတော့ ပြောစရာရှိတာပြော ညှိစရာရှိတာညှိ အဲဒါမျိုးပဲ ဖြစ်စေ ချင် ပါတယ်“
uuhlasaw-350.jpg
တပ်မတော်ဟာ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်တာနဲ့ ပတ်သက်လာရင် ရလိုမှုအနည်းဆုံးနဲ့ ပေးဆပ်နိုင်မှုအမြင့်မားဆုံး အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး တပ်မတော်သားတွေအနေနဲ့ နိုင်ငံတော်က အားထား ရတဲ့ ပြည်သူလူထုက အားကိုးရတဲ့ မျိုးချစ်တပ်မတော် သားကောင်းတွေဖြစ်အောင် ကြိုးပမ်းသွားစေချင် တယ်လို့လည်း ကာကွယ်ရေးဦးစီးချုပ်က ပြောခဲ့ပါတယ်။

တပ်မတော်က ခေတ်အဆက်ဆက်မှာ ပြည်ထောင်စုကို ကာကွယ်ထိမ်းသိမ်းခဲ့တယ်လို့ ပြောနေပေမယ့် တိုင်းရင်း သားတွေနဲ့ ပြည်သူတွေရဲ့ အမြင်ကတော့ အဲဒီလိုမဟုတ်ကြောင်း အစိုးရနဲ့ အပစ်ရပ်လက်မှတ်ထိုး ထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီက ဦးခွန်ဆိုင်းက ပြောပါတယ်။

“တပ်မတော်က ခေတ်အဆက်ဆက်မှာ ပြည်ထောင်စုကြီးကို ထိန်းသိမ်းခဲ့တယ်လို့ ပြောတာပေါ့နော်။ ဒါပေမဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ၊ ပြည်သူလူထုတွေက တပ်မတော်ကို အခုထိအမြင် မ ရှင်းဘူး။ ကိစ္စတစ်ခုခုဖြစ်လာရင် တပ်မတော်က မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ ပြည်သူလူထုအနေနဲ့ အ မှားလို့ မြင်တာတွေ ရှိတာပေါ့ဗျာ။ ဒါတွေကို ပယ်ဖျောက်နိုင်ဖို့ဆိုရင် တပ်မတော်တဖက်တည်း မလုပ်ဘဲနဲ့ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ပေါင်းလုပ်ဖို့ လိုပါတယ်“

ကာကွယ်ရေးဦးစီးချုပ် မိန့်ခွန်းထဲမှာတော့ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို တဒင်္ဂပြေလည်ရေးအတွက် ဦး တည်နေတာမဟုတ်ဘဲ ထာဝရငြိမ်းချမ်းရေးရအောင် ဆောင်ရွက်နေတာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်မှာ ငြိမ်းချမ်း ရေးလုပ်ငန်း စဉ်တွေ ပြီးမြောက်ဖို့၊ တိုင်းရင်းသား ပြည်သူလူထုကလိုလားတဲ့ ထာဝရငြိမ်းချမ်းရေးကို ပြည်သူ့ လက်ထဲ အရောက်ပို့ပေးဖို့ ကြိုးပမ်းနေတယ်လု့ိလည်း ပါရှိပါတယ်။

တပ်မတော်က ထာဝရငြိမ်းချမ်းရေးကို ဦးတည်နေတာဟာ ကောင်းတဲ့အလားအလာ ဖြစ်ပေမယ့်လည်း NCA လမ်းကြောင်းပေါ် ရောက်မလာသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို လမ်း ကြောင်းေ ပါ် ရောက်လာဖို့ ဖိတ်ခေါ်ကမ်းလှမ်းရမယ့်အစား အခုလို ပြောဆိုနေတာကတော့ ငြိမ်းချမ်းရေး လမ်းကြောင်းအတွက် အဟန့်အတားသာ ဖြစ်စေတယ်လို့ သုံးသပ်ကြပါတယ်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */