မြန်မာဌာန | သတင်းများ
ကျော်လွင်ဦး၊ ဖြူဖြူခိုင်
2020-04-08
ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ဖမ်းဆီးထားတဲ့ ရိုဟင်ဂျာမွတ်စလင် ၉၃ ယောက်ကို ၂၀၁၉ ဒီဇင်ဘာလ ၁၂ ရက်နေ့က ပုသိမ်တရားရုံးမှာ တတိယအကြိမ် ရုံးထုတ်ခဲ့စဉ်။
Photo: Reuters
Photo: Reuters
ဧရာဝတီတိုင်း ပုသိမ်မြို့နယ်မှာ ခရီးသွား အထောက်အထားမပါလို့ဆိုပြီး လဝကဥပဒေတွေနဲ့ ဖမ်းဆီးတရား စွဲ ခံထားရတဲ့ ရိုဟင်ဂျာတွေကို ပုသိမ်မြို့နယ်တရားရုံးက ဒီနေ့ ဧပြီ ၈ရက်နေ့မှာ အမှုရုပ်သိမ်းလိုက်ပါတယ်။ ဧရာဝ တီတိုင်းအပြင် အခြားနေရာတွေမှာ လဝကဥပဒေတွေနဲ့ ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာတွေကိုလည်း အမှုတွေရုပ်သိမ်းပြီး ပြန်လွှတ်ပေးဖို့ ပြင်ဆင်နေပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ နဲ့ ဖေဖော်ဝါရီတွေမှာ အထောက်အထားမပါဘဲ ခရီးသွားလို့ဆိုပြီး လဝကဥပဒေနဲ့ ဖမ်းဆီး တရားစွဲခံထားရတဲ့ ရိုဟင်ဂျာ ၁၄၀ နီးပါးကို ပုသိမ်မြို့နယ်တရားရုံးက ဒီနေ့ အမှုပိတ်သိမ်းလိုက်ပြီး နေရပ် ပြန် ပို့ဖို့ စီစဉ်နေတယ်လို့ အထောက်အထားမဲ့ ရိုဟင်ဂျာတွေအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ လူ့ အ ခွင့်အရေးရှေ့နေ ဒေါ်သဇင်မြတ်မြတ်ဝင်းက ပြောပါတယ်။
“ ပုသိမ်ကအမှုရုပ်သိမ်းလိုက်တယ်လေ၊ သူတို့ကို မနက်ဖြန်နေရပ်ပြန်ပို့လိမ်မယ့်၊ ပထမ ၉၃ယောက် အမှု ရယ်၊ နောက်အဖွဲ့ရယ်၊ အကုန်လုံး၊ ရုတ်သိမ်းလိုက်တယ်၊ သမ္မတရုံးအမိန့်လို့တော့ ကြားတယ် ”
ပုသိမ်မြို့အနီး မြန်မာ့ပင်လယ်ပြင်မှာ ရခိုင်ပြည်နယ်ကနေ လာတဲ့ ရိုဟင်ဂျာ ၉၃ ဦးကို နိုဝင်ဘာလက ဖမ်း ဆီး ခဲ့ပြီး လဝက ဥပဒေနဲ့ ပုသိမ်မြို့နယ်တရားရုံးမှာ စစ်ဆေးနေတာပါ။
အလားတူ ဖေဖော်ဝါရီလကလည်း ပုသိမ်မြို့နယ် ပေါက်လှချိုင်ကမ်းခြေမှာ ရခိုင်ပြည်နယ်ကနေ ထွက် လာ တဲ့ ရိုဟင်ဂျာ ၅၀နီးပါးကိုလည်း လူပွဲစားတွေနဲ့အတူ ဖမ်းဆီးပြီး ပုသိမ်မြို့နယ်တရားရုံးမှာ စစ်ဆေးနေတာ ဖြစ် ပါတယ်။
ဒီနှစ်မှုစလုံးကို ပိတ်သိမ်းလိုက်ပြီး နေရပ်ပြန်ပို့မယ့် အစီအစဉ်နဲ့ ပတ်သက်လို့ ဧရာဝတီတိုင်း လူဝင်မှုကြီး ကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီး ဒေါက်တာစိုးဝင်းကို ဆက်သွယ်မေးမြန်းရာမှာ ဒီကိစ္စကို သူ့အနေနဲ့ မသိဘူးလို့ ဖြေကြားပါတယ်။
ပြည်ထောင်စုအဆင့် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
ဖမ်းပြီး တရားစွဲခံထားရတဲ့ ရိုဟင်ဂျာတွေကို လွှတ်ပေးတဲ့လုပ်ရပ်ကို ကြိုဆိုတယ်လို့ အစ္စလာမ်ဘာသာရေး ခေါင်း ဆောင်လည်းဖြစ် ကိုဖီအာနန်ကော်မရှင် အဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးအေးလွင် က ပြောပါတယ်။
“ ကြိုဆိုတာပေါ့ဗျာ၊ အရင်တုန်းကလည်း ကလေးနဲ့ အမေခွဲပြီး ကလေးငယ်ငယ်တွေကို လူငယ်ထောင် တွေပို့၊ အမေနဲ့ကလေးတွေခွဲပြီး အရမ်းကို ဖမ်းဆီးချုပ်နှောင်တာတွေ လုပ်နေတဲ့ကြားက အခုလို လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွှတ်ပေးမယ်ဆိုရင် အများကြီးကြိုဆိုရမယ့် ခြေလှမ်းတစ်ခုဖြစ်တာပေါ့၊ ဒီလိုလုပ်ချင်းဟာ လျော်ကန်သင့်မြတ်တဲ့ ခြေလှမ်းဘဲ၊ အပြည်ပြည်ဆိုင်ရာကလည်း ဒီအပေါ် အားပေးကြိုဆိုကြမှာ ဖြစ်ပါတယ်”
ရခိုင်ပြည်နယ်က မွတ်ဆလင်တွေဟာ ဒုက္ခသည်စခန်းမှာပဲ နေထိုင်ရပြီး၊ စားဝတ်နေရေးအခက်အခဲ၊ ပညာ သင်ကြားခွင့် အခက်အခဲတွေကြောင့် ပြည်တွင်းအပြင် ထိုင်း နဲ့ မလေးရှား နိုင်ငံတွေကိုပါ ထွက်ပြေးကြလေ့ ရှိပါတယ်။
သူတို့ဟာ လူပွဲစားတွေနဲ့ ချိတ်ဆက်ပြီး ကုန်းလမ်း၊ ရေလမ်းတွေကနေတဆင့် ထွက်ပြေးကြတဲ့အခါ ဖမ်းမိ ရင် ခရီးသွားအထောက်အထား မပါလို့ဆိုပြီး လဝကဥပဒေတွေနဲ့ တရားစွဲဆိုခံရပါတယ်။
လဝကဥပဒေအရ အမြင့်ဆုံး ထောင်နှစ်နှစ်အထိ အပြစ်ပေးခံရသူတွေလည်း ရှိပါတယ်။
ဒီလိုဖမ်းဆီးတရားစွဲတာတွေ ထပ်မရှိဖို့ လိုတယ်လို့ Fortify Rights အဖွဲ့က ကိုနစ်ကီဒိုင်းမွန်းက ပြောပါ တယ်။
“ နောက်ထပ် ထွက်ပြေးလာတဲ့ သူတွေကလည်း ရှိနေဦးမှာဘဲ၊ နောက်ထပ် ဒီလိုမျိုးဖမ်းဆီးတာတွေ၊ တရား စွဲထောင်ချတာတွေ မလုပ်ဖို့လိုတယ်၊ အခု လွှတ်ပေးလိုက်တဲ့ လုပ်ရပ်က ကောင်းတဲ့လုပ်ရပ်ဖြစ်တယ်၊ နောက် ထပ် ထွက်ပြေးလာတဲ့သူတွေကို ဖမ်းထောင်ချတာတွေ မလုပ်စေချင်တော့ဘူး”
အခုလို ပြန်လွှတ်ပေးသလို ထောင်ချခံထားရတဲ့ သူတွေကိုလည်း လွှတ်ပေးသင့်တယ်လို့ ကိုနစ်ကီဒိုင်းမွန်းက တိုက် တွန်းပါတယ်။
ရခိုင်ပြည်နယ်က မွတ်ဆလင်တွေ အခုလို ဖမ်းဆီးထောင်ချခံရတာတွေ မဖြစ်အောင် သူတို့ရသင့်ရထိုက်တဲ့ အခွင့် အရေးတွေ လုပ်ပေးစေချင်တယ်လို့ ရခိုင်မြေပြည်သူများ ပူးပေါင်းဆောင်ရွက်ရေးကွန်ရက်က ဦးခင် မောင်လတ်ကပြောပါတယ်။
“ နောက်နောင် ဒီလိုမျိုးမဖြစ်အောင် သူတို့ကို ရသင့်ရထိုက်တဲ့ ကဒ်ပြားလေးတွေကို စိစစ်ရေး ကတ်ပြား လေးတွေကို အမြန်ဆုံး စီစဉ်ဆောင်ရွက်ပြီးတော့ သူတို့ကို လွတ်လွတ်လပ်လပ် သွားလာနေတဲ့ မြန်မာနိုင်ငံသူနိုင်ငံ သားတွေ တစ်နိုင်ငံလုံး သွားလာခွင့်ရှိသလို သူတို့ကိုလည်း ရစေချင်တယ် ”
ဧပြီ ၇ရက် မနေ့ကတော့ မင်းဘူးမြို့နယ်မှာ ရိုဟင်ဂျာ ၂၁ဦးကို အမှုရုတ်သိမ်း ပေးခဲ့ပါတယ်။ ဧပြီ ၉ ရက် မနက်ဖြန်မှာလည်း လှည်းကူးတရားရုံးမှာ တရားစွဲခံထားရတဲ့ ရိုဟင်ဂျာ ၇၀ အမှုကို ရုပ်သိမ်းပေးဖို့ ရှိ တယ် လို့ သိရပါတယ်။
အလားတူ အမှုတွေဟာ ဧရာဝတီ၊ မကွေး၊ ရန်ကုန်အပြင် ပဲခူး၊ ကရင် စတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာလည်း ရှိနေပါတယ်။

Link : Here

No comments:
Post a Comment