VOA
ဗွီအိုအေ (မြန်မာပိုင်း)
27 အောက်တိုဘာ၊ 2020
ပြင်သစ်နိုင်ငံ Paris မြို့က တရားခွင် မြင်ကွင်း။ (မေ ၂၀၊ ၂၀၂၀)
၁၉၉၄ ခုနှစ်က ရဝမ်ဒါနိုင်ငံမှာဖြစ်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ငွေကြေးထောက်ပံ့ခဲ့တယ်လို့ သံသယနဲ့ စွဲချက်တင်ခံထားရတဲ့ ရဝမ်ဒါ စီးပွားရေးလုပ်ငန်းရှင်တဦးကို နယ်သာလန်နိုင်ငံက The Hague နိုင်ငံတကာ ခုံရုံးကို လွဲှပြောင်းပေးလိုက်ပါပြီ။ ရဝမ်ဒါနိုင်ငံက နိုင်ငံတကာပြစ်မှုတွေ အရေးယူရာမှာ ကျန်နေသေးတဲ့ အမှု တွေအတွက် ကိုင်တွယ်ရတဲ့ IRMCT ခေါ်တဲ့ နိုင်ငံတကာတရားရုံးကို လွဲှပြောင်းပေးလိုက်တာဖြစ်ပြီး အသက် ၈၇ နှစ်အရွယ် Felicien Kabuga ကို မကြာခင်ပဲ တရားရုံးမှာ စစ်ဆေးကြားနာမယ်လို့ IRMCT က တနလာၤ နေ့က ကြေညာချက်ထုတ်ပါတယ်။