DVB
By ဒီဗွီဘီ
20 May 2019
By ဒီဗွီဘီ
20 May 2019
သပ်လျှိုသွေးခွဲသူတွေက အမိမြန်မာနိုင်ငံတော်ကြီး ပြိုကွဲပျက်စီးစေဖို့အတွက် ခေတ်အဆက်ဆက် ကြိုး စားနေခဲ့ကြတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက် ပါတယ်။
မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ ရေကြောင်းနဲ့ လေကြောင်း လူငယ်မောင်မယ်တွေနဲ့ ဂုဏ်ပြုတွေ့ဆုံ ပွဲမှာ ပြောသွားတာဖြစ်ပြီး နိုင်ငံပျက်စီး ပြိုကွဲဖို့ လှုံ့ဆော်သွေးထိုးသူတွေရဲ့ အယုံ သွင်းမခံရစေဖို့ အထူး ဂရုပြုနေထိုင်ကြဖို့လည်း လူငယ်တွေကို ပြောသွားပါတယ်။
ဒါ့အပြင် မိမိတို့ဘဝတိုးတက်မှုကိုရှာဖွေရင်း တဖက်တလမ်းကလည်း နိုင်ငံတော်အတွက် ကျေးဇူးဆပ်နိုင် အောင် ကြိုးစားသွားဖို့လိုတဲ့အကြောင်း၊ ဒီနိုင်ငံမှာမွေး ဒီနိုင်ငံမှာ ကြီးပြင်းခဲ့သူတွေဖြစ်လို့ နိုင်ငံကြီးသား ကောင်းတယောက် ပီသတာကို သက်သေပြကြရမယ်၊ ဒီလိုသက်သေပြကြရာမှာ အပျက်သဘောမပါတဲ့ အပြုသဘောတွေကို ရင်ဝယ်ပိုက်ပြီး ဆောင်ရွက်သွားကြဖို့လိုတယ်လို့လည်း ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “မိမိတို့နိုင်ငံအထဲက လူငယ် လူရွယ်တွေကို မဟုတ်မှန်စကားလုံးတွေနဲ့ စည်းလုံး ညီညွတ်မှုပျက်ပြားစေရန် သတင်းမီဒီယာတွေနဲ့ လူမှုကွန်ရက်တွေကတဆင့် ဝါဒဖြန့်ဆောင်ရွက် နေသည်ကိုတွေ့ရလျက်ရှိကြောင်း၊ ဒါ့အပြင် မူူးယစ်ဆေးဝါးကို လက်နက်တခုကဲ့သို့ အသုံးချပြီး လူငယ် လူရွယ်တွေကို ဖျက်ဆီးနေခြင်းဖြစ်လို့ မောင်မယ်တို့အနေနဲ့ သတိတရားကို နှလုံးသွင်းပြီး အသိတရားရှိရှိ တွန်းလှန်ကြရန်လိုကြောင်း” ပြောသွားပါတယ်။
နွေရာသီ ကျောင်းပိတ်ရက် ကာလအတွင်း ရေကြောင်းနဲ့ လေကြောင်း သင်တန်းတွေက သင်တန်းသား၊ သင်တန်းသူတွေဟာ နေပြည်တော်အတွင်း လေ့လာရေးခရီးလည်ပတ်နေတာ ဖြစ်ပါတယ်။
ဓာတ်ပုံ-CINCDS
Link : Here
No comments:
Post a Comment