" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, January 25, 2019

နေရပ်စွန့်ခွာထွက်ပြေးသွားသည့် ဘင်္ဂါလီများကို စံပြုရွာ ၄၁ ရွာတွင် နေရာချပေးမည်

DVB
25 January 2019 
ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်တွေကြောင့် တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နေရပ်စွန့်ခွာ ထွက်ပြေးသွားကြတဲ့ ဘင်္ဂါလီတွေ ပြန်လည်ဝင်ရောက်လာပါက စုစည်းနေရာ စံပြုရွာ ၄၁ ရွာမှာ နေရာ ချပေးသွားမယ်လို့ မောင်တောခရိုင်ဒုအုပ်ချုပ်ရေးမှူး ဦးရဲထူးက ပြောပါတယ်။

“အခုအဆောက်အအုံတွေ တည်ဆောက်နေတာတွေရှိသလို မြေပြင်ကွင်းဆင်းပြီးတော့ တိုင်းတာမှုတွေ လုပ်နေတာတွေ ရှိပါတယ်။ Village Plan အရ လာလို့ရှိရင် သူတို့ မူလနေခဲ့တဲ့ အနေအထားထက် မူလနေ ခဲ့တဲ့ လူနေမှုစနှစ်ထက် ကောင်းမွန်အောင် ပြန့်ကြဲနေတဲ့ရွာတွေကို စုစည်းပြီး စုစည်းနေရာ ၄၁ နေရာ တည် ဆောက်ပေးသွားမယ်။ စာသင်ကျောင်းတွေ၊ ဆေးပေးခန်းတွေ၊ ဈေးတွေ၊ အားကစားကွင်း၊ ဘာသာရေးဆိုင် ရာ အဆောက်အအုံ စတဲ့ လိုအပ်တာတွေ အကုန်လုံးထည့်သွသွင်းပြီး ဆောင်ရွက်မှာဖြစ်တယ်။

ရေရရှိရေးနဲ့ မီးရရှိရေးကိစ္စတွေကိုပါ အဆိုပါစံပြုရွာတွေ ထည့်သွင်းပြီး plan ရေးဆွေးနေတာ” လို့ ပြော ပါတယ်။

အခုလက်ရှိ နေအိမ်တွေ တည်ဆောက်ပေးနေတာက မောင်တောမြို့ ၁၉ နေရာမှာ အိမ်အလုံးပေါင်း ၁၅၈၄ လုံး၊ ဘူးသီးတောင်မြို့နယ် ၂ နေရာမှာ အိမ် ၁၇၁၀ လုံးအား လက်ရှိ အကောင်အထည်ဖော်ဆောင် ရွက်နေ တယ်လို့ ဆိုပါတယ်။

နေအိမ်တွေကို ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေ ရာချ ထားရေးဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ရဲ့ အစီအမံတွေနဲ့ တည်ဆောက်နေတာရှိသလို အလှူရှင်တွေ အနေနဲ့လည်း တည်ဆောက်ပေးနေတာတွေ ရှိပါတယ်။

ပြန်လည်လက်ခံရေးကိစ္စတွေနဲ့အတူ မောင်တောခရိုင်ဖွံ့ဖြိုးရေးအတွက် ရေရှည်ပဋိပက္ခ ကင်းဝေးရေး၊ သဟဇာတရှိရှိနေထိုင်နိုင်ရေး၊ ဒေသတည်ငြိမ်အေးချမ်းမှုနဲ့ စီးပွားရေး ပြန်လည်ကောင်းမွန်လာရေး၊ လမ်း ပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ စီးပွားရေးဇုန် တည်ထောင်ပြီး ကုန်သွယ်မှုလုပ်နိုင်ရေး တို့အတွက် plan ဆွဲပြီး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */