BBC
၂၅ သြဂုတ် ၂၀၂၄,
ရိုဟင်ဂျာသိန်းချီ အိုးအိမ်မဲ့ ထွက်ပြေးရတာအပြင် စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှု ခေါင်းစဥ်အောက်မှာ သေဆုံးခဲ့ကြရတဲ့ ရိုဟင်ဂျာတွေအတွက်လည်း ဝမ်းနည်းအောက်မေ့ဖွယ်ကို ဒုက္ခသည် စခန်း အမှတ် ၄၊ ၁၀ နဲ့ ၁၃ တို့မှာပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
‘‘ရိုဟင်ဂျာတွေ သတ်ဖြတ်ခံခဲ့ရတာအတွက် တရားမျှတမှု လိုအပ်တယ်။ နှိမ်နင်းမှုတွေ လုပ်ခဲ့တဲ့ စစ် တပ်အနေနဲ့ ပြစ်ဒဏ်ကျခံရေးနဲ့ ကျွန်တော်တို့ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ပြီး အခွင့်အရေး ပြည့်ပြည့်ဝဝ ရဖို့ တောင်းဆိုခဲ့တယ်’’ လို့ ရိုဟင်ဂျာ ဒုက္ခသည်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ကုလသမဂ္ဂကတော့ ၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်ကနေ ရိုဟင်ဂျာထောင်နဲ့ချီကို သတ်ဖြတ်မှုဟာ “လူမျိုးတုံးသတ်ဖြတ်မှု ပြဋ္ဌာန်းစာအုပ် စံပြဥပမာ”လို့ ရည်ညွှန်းသုံးနှုန်းပါတယ်။
တစ်ချိန်တည်းမှာပဲ ရခိုင်ပြည်နယ်၊ မောင်တောမှာ စစ်ကောင်စီတပ်ကို အာရက္ခတပ်တော်(အရင်က ရက္ခိုင့်တပ်တော်)က တိုက်ခိုက်တဲ့တိုက်ပွဲတွေအတွင်း ရာနဲ့ချီတဲ့ရိုဟင်ဂျာတွေ သေဆုံးတယ်လို့ ထွက် ပြေးလာတဲ့ ရိုဟင်ဂျာတွေက အစောပိုင်းမှာ ဘီဘီစီကို ပြောထားပါတယ်။
အခုလ အစောပိုင်းတုန်းက မောင်တောတိုက်ပွဲရှောင်ဖို့ နတ်မြစ်ကို စက်လှေနဲ့ကူးပြီး ဘင်္ဂလားဒေ့ရှ့်ဘက်ကို ထွက်ပြေးဖို့ ကြိုးပမ်းကြတဲ့ရိုဟင်ဂျာတွေ မြန်မာဘက်ခြမ်း ကမ်းစပ်မှာ ဒရုန်းနဲ့ ဗုံးကြဲခံရပြီး သေဆုံးမှုဟာ အေအေ လက်ချက်ဖြစ်တယ်လို့ အဲဒီဖြစ်ရပ်မှာ အသက်ရှင်ကျန်ရစ်သူတွေက ဘီဘီစီကို ပြောထားပါတယ်။
အာရက္ခတပ်တော်ဘက်ကတော့ ရိုဟင်ဂျာတွေရဲ့ပြောဆိုချက်ကို ပယ်ချထားပါတယ်။
မောင်တောဖြစ်ရပ်မှာ အသက်ရှင်ကျန်ရစ်သူတွေ ကိုယ်တိုင် ပြောပြထားပြီး ဘီဘီစီ တောင်အာရှနဲ့ ပါကစ္စတန်ဆိုင်ရာသတင်းထောက် ယိုဂီတာ လမား ရေးသားထားတဲ့ သတင်းကို ဒီလင့်ခ် ကနေ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

Link : Here
No comments:
Post a Comment