ခင်မြတ်မြတ်ဝေ
13 MAR 2020
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မုန့်သန်းပြင်ရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် တပ်မ တော်သား ၃၀ ကျော်ရှိသည့်အနက် တပ်မတော်သားနှစ်ဦးကို ကျန်းမာရေး အခြေအနေ စိုးရိမ်ရ သဖြင့် ပြန်လွှတ်ပေးလိုကြောင်း AA က မတ် ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
"ဒီနှစ်ယောက်က သေနတ်ဒဏ်ရာ ပြင်းထန်တယ်။ အချိန်မီခွဲစိတ်ကုသရင် အသက်ရှင်နိုင်တယ်။ အဲ့ဒါ ကြောင့် ကြားက ICRC ပဲဖြစ်ဖြစ်၊ အစိုးရပဲ ဖြစ်ဖြစ် သူတို့ကိုကူညီမယ့်အဖွဲ့အစည်း ဆက်သွယ် ပေးပါလို့ ထုတ်ပြန်တာပါ။ ဘယ်နေရာ၊ အချိန်ညှိနှိုင်းပြီးလာခေါ် လို့ရပါတယ်"ဟု AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က ပြောသည်။
ထုတ်ပြန်ချက်တွင်ပါရှိ သည့် ဖုန်းနံပါတ်နှင့် အီးမေးလ်သို့ တပ်မတော်နှင့် AA တို့အကြား ကြားဝင် စေ့စပ် ညှိနှိုင်းပေးနိုင်သည့် NLDအစိုးရ (သို့) မိခင်တပ်ရင်းတို့က ဆက်သွယ်၍ မည်သည့် အချိန်၊ မည့်ကဲ့သို့ယူ ဆောင်မည်ကို အမြန်ဆုံး ဆက်လက်ညှိနှိုင်းလိုကြောင်း AA ၏ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
တပ်မတော်နှင့် AA တို့၏ တိုက်ပွဲ နှစ်ရက်အတွင်း ပဲခူတိုင်းအခြေစိုက် တပ်မ(၇၇) လက်အောက်ခံ ခမရ(၇) မှ တပ်ရင်းမှူးတစ်ဦးနှင့် ဗိုလ်ကြီးအဆင့်ရှိသူ လေးဦးအပါအဝင် တပ်မတော်သား စုစုပေါင်း ၃၆ ဦးကို ဖမ်း ဆီးထိန်း ထားသည်ဟု ခိုင်သုခက ပြောသည်။
၎င်းတို့အနက်မှ အသက်အန္တရာယ် စိုးရိမ်ရသည့် တပ်မတော်သားနှစ်ဦးကို ပြန်လွှတ်ပေးမည်ဖြစ်သည်။
၎င်းတို့နှစ်ဦးအား နိုင်ငံရေးအရ အမြတ်ထုတ်လိုခြင်းမဟုတ်ဘဲ နိုင်ငံတကာသုံ့ပန်းဥပဒေအရ လူသားချင်း စာနာ ထောက်ထားသော ရပ်တည်ချက်အရ အမြန်ဆုံးလွှတ်ပေးလိုခြင်းသာ ဖြစ်ကြောင်း AA ၏ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
ယင်းသို့ ပြန်လည် လွှဲပြောင်းလိုကြောင်းကို ရခိုင်ပြည်နယ်အစိုးရထံ တိုက်ရိုက် ဆက်သွယ်လာခြင်း မရှိ ကြောင်း ရခိုင်ပြည်နယ် နယ်စပ်ရေးရာလုံခြုံရေး နှင့်ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးကြီး မင်းသန့်က ပြော သည်။
"ပြည်နယ်အစိုးရကို ဆက်သွယ်တာမရှိဘူး။ ဒီအတိုင်းပဲ သူတို့ပြောချင်တာ ပြောနေတယ်။ တကယ်မှန်ရင် ပြည် နယ်အစိုးရကို ဆက်သွယ်ရမယ်။ ဒီကိစ္စ တကယ်မဖြစ်နိုင်ဘူး။ AA က ထုတ်ပြန်ချင်တိုင်း ထုတ်ပြန်နေ တာ"ဟု ၎င်းက ပြောသည်။
Link : Here
No comments:
Post a Comment