Wednesday, February 2, 2022

မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ တရားရုံး၏ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ကြားနာမှုတွင် ကနဦးကန့် ကွက်မှုအားလုံးကို ပြန်လည်ရုတ်သိမ်းခြင်း ထုတ်ပြန်ကြေ ညာချက်

အမျိုးသားညီညွတ်ရေး အစိုးရ
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်


ဂမ်ဘီယာနိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာတရားရုံးသည် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံအား တရား စွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ ကြားနာမှုတစ်ခုပြုလုပ်ရန် စီစဉ်ထားကြောင်း ထုတ်ပြန်ကြေ ညာခဲ့သည်။ အမျိုး သားညီညွတ်ရေးအစိုးရ အနေဖြင့် ဂမ်ဘီယာနှင့် မြန်မာနိုင်ငံအမှုတွင် အပြည်ပြည်ဆိုင်ရာ တရားရုံး၌ မြန်မာနိုင်ငံအား ကိုယ်စားပြုမှုဆိုင်ရာ မိမိတို့၏ အခွင့်အရေးကို အတည်ပြုနိုင်ရန် ကြိုးစားဆောင်ရွက်လျှက် ရှိကြောင်း မြန်မာပြည်သူတရပ်လုံးနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအား ရှင်းလင်းစွာ သိစေအပ် ပါသည်။

စစ်တပ်အား မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်အနေဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံးတွင် လက်ခံမည်ဆိုပါက ကုလ သမဂ္ဂ အထွေထွေညီလာခံ၏ ရပ်တည်ချက်သဘောထားများနှင့် ညီညွတ်မှုမရှိပဲ အန္တရာယ်ရှိသော အ စဉ်အလာ တစ်ရပ်ကို ချမှတ်ပေးသကဲ့သို့ ဖြစ်နိုင်ပါသည်။ ဗျူရိုကရေစီယန္တရား၏ မဖြစ်သင့်သော လွဲမှား ဆောင်ရွက်မှုကြောင့် အပြည်ပြည်ဆိုင်ရာ တရားရုံးသည် စစ်တပ်က ထိန်းချုပ်ထားသော တရားမဝင်သည့် ဘရပ်ဆယ်လ်မြို့ရှိ သံရုံးနှင့် ဆက်သွယ်ဆောင်ရွက်လျှက်ရှိကြောင်း ထင်ရှားလျှက်ရှိသည်။

ဤအချက်သည် ဥပဒေ၏ အနှစ်သာရနှင့် မကိုက်ညီသကဲ့သို့ နိုင်ငံတကာအသိုင်းအဝိုင်း၏ နိုင်ငံရေးအရ ဆုံး ဖြတ် သတ်မှတ်ချက်ကိုလည်း ထင်ဟပ်ခြင်းမရှိပါ။မြန်မာနိုင်ငံ၏ တရားရုံးဆိုင်ရာ ကိုယ်စားလှယ် (agent) နှင့် ကိုယ်ခွဲကိုယ်စားလှယ် (Alternate agent) တို့ကို စစ်တပ်က တရားဥပဒေနှင့် အညီမဟုတ်ပဲ ဖမ်းဆီး ထိန်း သိမ်းထားချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရက မြန်မာနိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ် စား လှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသာလျှင် မြန်မာနိုင်ငံကိုယ်စား တရားရုံးနှင့် ဆက်သွယ်ဆောင် ရွက် မည့် တစ်ဦးတည်းသော တာဝန်ရှိသူ ဖြစ်ပြီး ကိုယ်စားပြု ဆောင်ရွက်နိုင်သည့် ကိုယ်စားလှယ် (acting alternate agent) ဖြစ်ကြောင်း သံအမတ်ကြီးမှတဆင့် တရားရုံးသို့ ဆက်သွယ်အသိပေးပြီးဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှတဆင့် မြန်မာနိုင်ငံ အနေဖြင့် ကန ဦးကန့်ကွက်ချက် (preliminary objection) အား ပြန်လည်ရုတ်သိမ်းပြီး တရားရုံး၏ တရားစီရင်မှု အခွင့်အာ ဏာကို လက်ခံကြောင်း တရားရုံးသို့ အကြောင်းပြန်ခဲ့ပြီး ဖြစ်သည်။ အဆိုပါ ကန့်ကွက်ချက်များသည် လုပ်ထုံး လုပ်နည်းဆိုင်ရာ ကိစ္စရပ်များသာ ဖြစ်ပြီး အမှု၏ အကြောင်းအရာနှင့် သက်ဆိုင်မှုရှိသည်ဟု မဆိုနိုင်ပါ။

မြန်မာအစိုးရအနေဖြင့် အဆိုပါကိစ္စများကို လိုအပ်ချက်များအဖြစ် မယူဆတော့ပါ။ ဤသို့သဘောထား မှု ကြောင့် တရားရုံးအနေဖြင့် လာမည့်ကြားနာစစ်ဆေးမှုကို ဖျက်သိမ်းပြီး ကုလသမဂ္ဂအထွေထွေ ညီလာခံ၏ ဆုံးဖြတ်ချက်များကို ချိုးဖောက်နေသော စစ်တပ်အား တဖက်သတ် အသိအမှတ် ပြုရာရောက်သည့် အန္တ ရာယ် ရှိသော အစဉ်အလာတစ်ရပ် ချမှတ်မိခြင်းကိုလည်း ရှောင်ရှားနိုင် သည့် အခွင့်အလမ်းကို ရရှိထားပြီး ဖြစ်သည်ဟု ယူဆပါသည်။

အပြည်ပြည်ဆိုင်ရာ တရားရုံးက စစ်တပ်ကို အသိအမှတ်ပြုလိုက်မည်ဆိုလျှင် ၎င်းနေ့စဉ် ကျူးလွန်လျှက်ရှိ သည့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို ဆက်လက်တိုးမြှင့် ကျူးလွန်ရန် အားပေးသကဲ့သို့ ဖြစ်ပါ လိမ့်မည်။ ဤသို့ပြုမှုခြင်းကြောင့် နိုင်ငံတကာရာဇဝတ်မှု ဆိုင်ရာ တာဝန်ခံမှုအတွက် ကြိုးပမ်းအား ထုတ် မှု များ ကိုလည်း နှောင့်နှေးကြန့်ကြာစေမည်ကို စိုးရိမ်မိပါသည်။ ဤသို့ဖြစ်လာမည်ဆိုပါက မြန်မာပြည်သူအား လုံးနှင့် လက်ရှိ တရားစီရင်မှုနှင့် သက်ဆိုင်သူအားလုံး၏ အကျိုးစီးပွားကို ထိခိုက်စေမည်ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စစ်တပ်၏ နိုင်ငံတကာဥပဒေကို ချိုးဖောက်မှုများ အပေါ် တာဝန်ယူ၊ တာ ဝန်ခံမှု၏ အရေးကြီးပုံကို ထပ်ခါတလဲလဲ အလေးထားဖေါ်ပြခဲ့ပြီး ဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ် သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) အား အချက်အလက်များ စုဆောင်း ကောက်ယူ ပေးပို့ခြင်းနှင့် ၂၀၀၂ ခုနှစ် ဇူလိုင်လမှ စတင်ကာ ရောမစာချုပ် (Rome Statute) အရ အကြုံးဝင်သော မြန်မာပြည်အတွင်း ကျူး လွန်ခဲ့သည့် ရာဇ ဝတ်မှုများအားလုံးအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ၏ တရားစီရင်မှု အခွင့် အာဏာကို လက် ခံခွင့်ပြုခြင်း အပါအဝင် နိုင်ငံတကာ ရာဇဝတ်မှု ဆိုင်ရာ တာဝန်ယူ၊ တာဝန်ခံမှုတို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရက ဆက်လက်ဆောင်ရွက်လျှက်ရှိသည်။


ကျွန်ုပ်တို့၏ မျှော်မှန်းချက်သည် ငြိမ်းချမ်းသော၊ ဒီမိုကရေစီနည်းကျပြီး ရိုဟင်ဂျာပြည်သူများ အပါအဝင် ပြည် သူတစ်ရပ်လုံးပါဝင်နိုင်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ဆက်လက် ရှင်သန်ဖွံ့ဖြိုးလျှက် အခွင့်အရေး အား လုံး ခံစားရရှိနိုင်ရန်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အား တရားရုံးအတွက် မြန်မာနိုင်ငံဆိုင်ရာ ကိုယ် စားပြု ကိုယ်စားလှယ်အဖြစ် လက်ခံကြောင်း ရှင်းလင်းပြောကြား ပေးပါရန် အပြည်ပြည်ဆိုင်ရာ တရားရုံးအား တောင်းဆိုအပ်ပါသည်။


(ယာယီသမ္မတ)
အမျိုးသားညီညွတ်ရေးအစိုးရ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်




No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */