rt
ရခိုင်နှင့် ရိုဟင်ဂျာ အသိုင်းအဝိုင်းများ
Jan 18, 2021 ရခိုင်ပြည်၏ စည်းလုံးညီညွတ်သော မတူကွဲပြားသည့် အသိုင်းအဝန်းများ ထုတ်ပြန်ကြေညာချက်၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်
ရခိုင်၊ မွတ်ဆလင် (ရိုဟင်ဂျာ) နှင့် လူနည်းစုအသိုင်းအဝန်းများသည် လွန်ခဲ့သည့် အောက်တိုဘာလမှ စတင် ကာ အစည်းအဝေးများကျင်းပခဲ့ကြသည်။ ထိုအစည်းအဝေးများတွင် ပါဝင်တက်ရောက် ကြသူ များမှ အောက် ဖေါ်ပြပါမူ (Principles) များကို သဘောတူခဲ့ကြသည်။ ထိုသဘောတူညီချက်များကို အခြေခံပြီး အောက်ပါ ထုတ်ပြန် ချက်ကို ထုတ်ပြန်အပ်ပါသည်။

ကျွန်ုပ်တို့သည် မတူကွဲပြားသော အသိုင်းအဝန်းများဖြစ်ကြသည့် ရခိုင်၊ မွတ်ဆလင် (ရိုဟင်ဂျာ) နှင့် တစ်ခြား မျိုးနွယ်စု အသိုင်းအဝန်း တို့သည် နှစ်ပရစ္စေဒများစွာကတည်းကပင် အတူတကွ နေထိုင်လာ ကြသော အဖ ရခိုင်ပြည် (Arakan) ကိုပိုင်ဆိုင်သူများဖြစ်သည်နှင့် အညီ၊
o အေးအတူပူအမျှ အတူတကွပူးပေါင်းနေထိုင်ရေးမူကို ဦးထိပ်ထားလျှက် သာယာဝပြောသော လူ့ဘောင်သစ် တစ်ခုကို ပူးပေါင်းတည်ဆောက်ရန် သဘောတူသည်။
o တရားမျှတရေး၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့်အညီ ဒီမိုကရေစီ၏ အနှစ်သာရများဖြစ်ကြ သော လွတ်လပ်စွာသွားလာခွင့်၊ စည်းရုံးခွင့်၊ ဆန္ဒထုတ်ဖေါ်ခွင့်နှင့် ကိုးကွယ် ယုံကြည်ခွင့်တည်းသူသော လော ကပါလ မွေးရာပါလူ့သဘာဝတရားမျးနှင့်အညီကျင့်သုံး လိုက်နာအကောင်အထည်ဖေါ်ခြင်း၊ ကာကွယ်ထိမ်း သိမ်းခြင်း၊ မြှင့်တင်ခြင်း၊
o အသိုင်းအဝန်းတစ်ခုနှင့်တစ်ခုအကြား မတူကွဲပြားသော ထုံးတမ်းစဉ်လာ၊ ယဉ်ကျေးမှု၊ သာသာစကားနှင့် အထွဋ္ဋ်အမြတ်ထားသော သင်္ကေတများကို အားလုံး ရိုသေလေးစား တန်ဖိုးထားကြရန် အခိုင်အမာဆုံးဖြတ် သည်။
ကျွန်ုပ်တို့၏ ဂုဏ်ယူဖွယ်ရာ အရည်အသွေးများ ဖြစ်ကြသော အသိပညာများ၊ အတတ်ပညာများ၊ လူသားရင်း မြစ်များစွာ ပကတိတည်ရှိနေခြင်းသည် လူ့သိက္ခာနှင့်အညီ သာယာအေးချမ်းသော လူ့ဘောင်သစ်ကို တည် ဆောက်ရာတွင် ကြီးမားသော အင်အားထုတစ်ရပ်ဖြစ်ပါသည်။ ထိုလူ့ဘောင် လောကတွင် နိုင်ငံရေး၊ လူမှှုရေး၊ ဘာသာရေးစသည့် အယူအဆခြားနားခြင်းများ မလွဲမသွေ ရှိနေမည် မှာ ဧကန်မုချဖြစ်ပါသည်။ ဒီမိုကရေဒီကျင့် စဉ်များ၊ လုပ်ထုံးလုပ်နည်းများဖြင့် ငြိမ်းချမ်းစွာဖြေရှင်း ခြင်းဖြင့် ထိုအခက်အခဲများကို ကျော်လွှားကြရန် ကတိပြု ပါသည်။
ကျွန်ုပ်တို့သည် စည်းလုံးညီညွတ်သော ရခိုင်ပြည်ကို (United Arakan) ဘာသားရေးအယူဝါဒ လွှမ်းမိုးမှုမရှိ သည့် နိုင်ငံရေးအခြေခံသဘောတရားများနှင့်အညီ တရားမျှှတရေး၊ အေးအတူပူအမျှ ငြိမ်းချမ်းစွာအတူ တကွ ယှဉ်တွဲနေထိုင်ရေးမူတွင် အခြေခံ၍ လူ့ဘောင်သစ်တစ်ခုကို ပြန်လည်တည် ဆောက်သွားကြရန် ကြီးမားမြင့် မြတ်သည့် ရည်မှန်းချက်များ ထားရှိကြသည်နှင့်ညီ၊ စုစည်းမှုအားဖြင့် ပြည့်စုံကုန်လုံသည့် လူမှုစီးပွားဘဝကို လွတ်လပ်စွာတည်ဆောက်နှိုင်မှသာလျှင် ပျော်ရွှင်ချမ်းမြေ့ သော ပတ်ဝန်းကျင်ကောင်းများကို ဖန်တီးနှိုင်မည် ဟု ယုံကြည်သည်။ ဒေသတွင်းဖွံဖြိူးရေး၊ တရား ဥပဒေစိုးမိုးရေးတို့ကို အန္တရာယ်ပြုနှေင့်ယျှက်စေမည့် အစွန်း ရောက်အတွေးအခေါ်များ၊ အကြမ်း ဖက်မှု မှန်သမျှကို ဆန့်ကျင်ကန့်ကွက်သည်။
ရခိုင်ပြည်သည် သဘာဝရင်းမြစ် သယံဇာတများဖြင့် ချမ်းသာကြွယ်ဝသောကြောင့် အိမ်နီးချင်းနိုင်ငံများ မှ ရင်းနှီး မြှုပ်နှံမှုများ၊ စီမံကိန်းများဖြင့် ဒေသတွင်းဖွံဖြိုးမည့် အလားအလာကောင်းများ တည်ရှိသည် နှင့်အညီ ဘိုး စဉ်ဘောင်ဆက် ကာကွယ်ထိမ်းသိမ်း စောင့်လျှောက်လာခဲ့ကြသော ထိုသ ယံဇာတ ရင်းမြစ်များ၏ မူလပိုင် ရှင် များဖြစ်ကြပေရာ၊ ဒေသခံပြည်သူလူထုတစ်ရပ်လုံး အကျိုးဖြစ် ထွန်း နှိုင်မည့် စီမံကိန်းများအားလုံးကို ကျွနှုပ်တို့ ကိုယ်တိုင်ကိုယ်ကျ ဆုံးဖြတ်ခွင့်ရှိရမည်ဟု အလေးအနက် ခံယူ သည်။ အကြင်သယံဇာတများနှင့် ရင်းနှီးမြှုပ်နှံ မှုများမှ ရရှိလာသည့် အကျိုးအမြတ်များကို ဒေသ ခံပြည်သူများ ကောင်းကျိုးချမ်းသာအတွက် ဦးစားပေးလုပ် ဆောင်ရပါမည်။ ထို့ကြောင့် ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံသူများနှင့် ဒေသတွင်းဖွံဖြိုးရေးစီမံကိန်းများကို ရခိုင် ပြည်သူများ၏ ဆန္ဒ၊ သဘော တူညီချက်များနှင့် အပြန်အလှန်ဆွေးနွေး ခွင့်ပြုခြင်းဖြင့်သာလျှင် ပြည်ထောင်စု အစိုးရ မှ အကောင် အထည်ဖေါ်ဆောင်ရွက်ပါရန် အတိအလင်းကြေညာအပ် ပါသည်။
ကျွန်ုပ်တို့သည် လက်ရှိဖြစ်ပေါ်နေသော ရက္ခိုင့်တပ်တော် (Arakan Army) နှင့်မြန်မာ့တပ်မတော်တို့ အကြား လက်ရှိဖြစ်ပေါ်နေသော အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေခြင်းများကို ကြိုဆို ထောက်ခံပါ သည်။ ဤတိုးတက်ဖြစ်ပေါ်မှုသည် အရပ်သားပြည်သူများ သေကြေဒဏ်ရာရမှုများ နှင့် အိုးအိမ်စွန့်ခွာ ထွက် ပြေး ကြသူများကို လျှော့နည်းစေပါသည်။ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာ ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ့်ကြ မ္မာကိုယ်ဖန်တီးခွင့်အပြည့်အ၀ ရရှိမှသာလျှင် ရည်ရှည်တည်တန့် ခိုင်မြဲ သော ငြိမ်းချမ်းရေးကိုတည်ဆောက်နှိုင် မည်ဟု အခိုင်အမာယုံကြည်သည်။
မကြာသေးမီကာလက အထွေထွေရွေးကောက်ပွဲတွင် ချန်လှပ်ခြင်းခံခဲ့ရသော မြို့နယ်များ၊ ကျေးရွာ ရပ်ကွက် များ တွင် တရားမျှတပြီး လွတ်လတ်သောရွေးကောက်ပွဲ (သို့မဟုတ်) ကြားဖြတ်ရွေးကောက်ပွဲ အမြန်ဆုံးကျင်း ပနှိုင်ရေး ကြိုးစားချက်များကို ထောက်ခံကြိုဆိုပါသည်။ ထိုရွေးကောက်ပွဲများတွင် ရခိုင်ပါတီများ၊ပြည်မအခြေခံ ပါတီများသာမက အခြားလူမျိုးစုပါတီများ၊ မွတ်ဆလင် (ရိုဟင်ဂျာ) နိုင်ငံရေး ပါတီများ လွတ်လတ်စွာပါဝင် ယှဉ် ပြိုင်ခွင့်ပြု့ရန်တောင်းဆိုသည်။ ပယ်ဖျက်ခံထားရသော ပါတီများကို ပြန်လည်မှတ်ပုံတင်ခွင့်ပေးရန်နှင့် မွတ်ဆ လင်များကို ရွေးကောက်ပွဲအားလုံးတွင် လွတ်လတ်စွာ မဲပေးပိုင်ခွင့်အပြည့်အဝပေးရန် အာဏာပိုင်များကို တိုက်တွန်းအပ်ပါသည်။
လက်ရှိကာလတွင် ရခိုင်ပြည်ရှိ မွတ်ဆလင် ကျောင်းသား ကျောင်းသူများအား တက္ကသိုလ်၊ ကောလိပ်နှင့် အ ဆင့်မြင့်ပညာသင်ကြားခွင့်များကို ပိတ်ပင်ထားပါသည်။ အာဏာပိုင်များအနေဖြင့် ထိုပိတ်ပင်ထားမှု အားလုံးကို အမြန်ဆုံးရုတ်သိမ်းပေးရန်နှင့် မွတ်ဆလင်ကျောင်းသူ ကျောင်း သားများကို ခွဲခြားဆက်ဆံမှုမရှိဘဲ လွတ် လတ်စွာ ပညာသင် ကြားခွင့်ပေးရန် တစ်ညီတစ်ညွတ် တည်းတောင်းဆိုသည်။
လက်ရှိအခြေအနေတွင် ရခိုင်ပြည်ရှိ မွတ်ဆလင်များ၊ ကမန်အသိုင်းအဝန်းများ၏ နိုင်ငံသားရပိုင်ခွင့် အခွင့်အ ရေး များကို တင်းကျပ်စွာ ပိတ်ပင်တားဆီထားသည်ကိုတွေ့မြင်နေရပါသည်။ ဤကဲ့သို့သော အခြေခံနိုင်ငံသား ရပိုင်ခွင့် အခွင့်အရေးများကို ပိတ်ပင်တားဆီးခြင်းသည် တရားမျှတမှုမရှိသည့် လုပ်ရပ်များဖြစ်ကြောင်း ရှုမြင် သည်။ အာဏာပိုင်များမှ ဘာသာရေး၊ လူမျိုးရေးတွင်အခြေခံပြီး နိုင်ငံသားရပိုင်ခွင့် အခွင့်အရေးများကို အခြေခံ သည့်မူဝါဒကို အမြန်ဆုံးရုတ်သိမ်းပေးရန်နှင့် နိုင်ငံသား ဖြစ်ခွင့်နှင့် ရရှိပြီးနိုင်ငံသားများကို ရပိုင်ခွင့်အခွင့် အရေး များအပြည့်အဝရရှိစေရန် လုပ်ငန်း စဉ်များကို ပြည်ထောင်စုဝန်ကြီးဌာနများမှ အမြန်ဆုံး အကောင်အထည် ဖေါ်ဆောင်ရွက်ရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။
ရခိုင်ပြည်တွင်မှီတင်းနေထိုင်ကြကုန်သော မျိုးနွယ်စုများဖြစ်ကြသည့် ချင်း၊ ဒိုင်းနက်၊ ဟိန္ဒူ၊ ကမန်၊ ခမီး၊ မရာ မာကြီး၊ မြိုနှင့် သက်လူမျိုးများသည် လက်ရှိအချိန်တွင် ခွဲခြားနှိမ့်ချဆက်ဆံခြင်းများ ခံနေကြရသည်ကို အမြန် ဆုံးရပ်တန့်ရန်။ ဤမျိုးနွယ်စုများအား အချင်းချင်းသွေးခွဲအမြတ်ထုတ်ခြင်း၊ ဥပေက္ခာပြုခံနေကြရခြင်းများကို ပိုမိုအာရုံစူးစိုက်ကာ ရင်ခုန်ဘွယ်ရာများဖြင့် ပြည့်နှက်နေသော သွေးရင်းညီအစ်ကိုမောင်နှမများကို စေတနာမွန် များထားရှိကာ ပြုစုပျိုးထောင် ဝိုင်းဝန်းကာကွယ်ထိမ်း သိမ်း စောင့်ရှောက်ကြရန် လေးနက်စွာ တိုက်တွန်း အပ် ပါသည်။
အသက်ရှူလမ်းကြောင်းပိတ် (COVID-19) ဗိုင်းရပ်(စ်)ပိုးသည် ကမ္ဘာ့ကပ်ရောဂါဖြစ်သောကြောင့် လူသားအား လုံး ကို အကျိုးသက်ရောက် စေပါသည်။ အစိုးရမှ ထိုရောဂါပိုးကူးစက်မှု ကာကွယ်ဆေး ထိုးခြင်း စီမံချက်များ တွင် မည်သူတစ်ဦးတစ်ယောက်ကိုမှ နောက်ချန်မထားဘဲ၊ လူမျိုးမရွေး၊ ဘာသာမရွေး၊ အဖွဲ့အစည်းမရွေး၊ နိုင် ငံ သားဖြစ်ခြင်း မဖြစ်ခြင်းအပေါ်အခြေမခံဘဲ ရခိုင်ပြည်နယ် အတွင်း မှီတင်းနေထိုင်ကြသူအားလုံး တန်းတူ ညီ မျှစွာ လုပ်ဆောင်ပေးရန် တိုက်တွန်းအပ်ပါသည်။
ကျွန်ုပ်တို့၏ များစွာသောအတွေ့အကြုံ၊ ခိုင်မာသည့်ယုံကြည်ချက်များဖြစ်ကြသည့် တရားမျှတခြင်း၊ တန်း တူ ခြင်း ဟူတည်းသော လူသားဗီဇ လောကပါလတရားများကို အခြေခံပြီး ထွန်းကားလာခဲ့သည့် မတူကွဲပြားသော ရခိုင့်လူ့ဘောင်အသိုင်းအဝန်းသည် ညီညွတ်ခြင်း မင်္ဂလာတရားနှင့်အညီ ကြီးကျယ် ခမ်းနားသည့် အင်အားထု အဖြစ် တောက်ပြောင်ခဲ့သည့် အတိတ်သမိုင်းကြောင်းများ၊ ဂုဏ်ယူဝင့်ကြွား ဘွယ်ရာ သက်သေသာဓကများ၊ ယဉ်ကျေးမှုအစဉ်အလာကောင်းများနှင့် ပြည့်နှက်နေသည်ကို အားလုံး မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြရပြီးဖြစ် ပါသည်။ ထိုအစဉ်လာကောင်းများအပေါ်တွင် မားမား မတ်မတ်ရပ်တည်ကာ လှပသောအနာဂတ်ကို ပြန် လည် တည်ဆောက်နှိုင်မည်မှာ အမှန်ပင်ဖြစ်ပါသည်။ အပြန်အလှန်ညှိနှိုင်တိုင်ပင်ပြီး ညီညွတ်မှုအင်အားဖြင့် စိန်ခေါ်မှု အခက်အခဲများကို ရင်ဆိုင်ကျော်လွှား ပြီးသကာလ ငြိမ်းချမ်းသာယာဝပြောသော လူ့ဘောင်လောကတွင်ထာဝ ရတည်တန့်ခိုင်မြဲသော အဖရခိုင်ပြည်ကြီးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရန် ကျွန်ုပ်တို့ သန္ဓိဌါန်ပြု သည်။
ကိုယ်စားပြုခြင်း ။ ။
ရခိုင်အသိုင်းအဝန်း
မွတ်ဆလင် (ရိုဟင်ဂျာ) အသိုင်းအဝန်း
ဆက်သွယ်ရန်
ညီညီလွင်
Email: nyinyilwin@protonmail.com
ဦသာအေး
Email: tharaye64@protonmail.com
Link : Here

No comments:
Post a Comment