VOA
ဗွီအိုအေ (မြန်မာဌာန)
18 ဧပြီ၊ 2019
ကိုမိုးဇော်
18 ဧပြီ၊ 2019
ကိုမိုးဇော်
ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA မှာ ပါဝင်လက်မှတ်ရေးထိုးရေးနဲ့ပတ်သက်ပြီး အစိုးရနဲ့သဘောထားကွဲလွဲမှုရှိနေကြောင်း နဲ့ တပ်မတော် တစ်ခုတည်းထားရှိရေးကိုလည်း နိုင်ငံရေး အာမခံချက်တွေ အပြည့်အ၀ ရရှိမှ ဆုံးဖြတ်နိုင်မှာဖြစ် ကြောင်း ဒီကနေ့ ပန်ဆန်းမြို့မှာ ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ UWSP ရဲ့ ဒုဥက္ကဌက ပြောဆိုပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က ပန်ဆန်းမြို့ကနေ အခုလို သတင်း ပေးပို့ထားပါတယ်။
ပန်ဆန်းမြို့မှာကျင်းပတဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP/UWSA ရဲ့ ငြိမ်းချမ်းရေး တည်ဆောက် မှု နှစ်၃၀ပြည့်အခမ်းအနားအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ UWSP ရဲ့ ဒုဥက္ကဌက ဦးကျောက်ကော် အန်းက တရုတ်ဘာသာစကားနဲ့ ပြောဆိုပြီး ပြည်ပဆက်ဆံရေးဌာနက တာဝန်ခံ ဦးအားမီက ပြောဆိုလိုက် တာဖြစ်ပါတယ်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA ပတ်သက်တဲ့ သူ့တို့ရဲ့သဘောထားကို ဦးကျောက် ကော်အန်းက တရုတ်ဘာသာစကားနဲ့ ပြောဆိုပြီး ပြည်ပဆက်ဆံရေးဌာနက တာဝန်ခံ ဦးအားမီက အခုလို ဘာ သာပြန်ပြောဆိုပါတယ်။
“ အဲဒီ NCA နဲ့ပတ်သက်လို့ ကျနော်တို့က အစိုးရနဲ့ သဘောထားကွဲလွဲမှု တချို့တစ်နေရာမှာ ရှိပါတယ်။ သဘော က တချို့အဖွဲ့အစည်းတွေNCA ထိုးမယ်ဆိုရင် ကျနော်တို့လည်း ကန့်ကွက်မှုမရှိပါဘူး။ ဒါပေမဲ့ အဲဒီ NCA ဆိုတာ နှစ်ပေါင်း ၃၀ကြာ ကာလမှာ ကျနော်တို့ဟာ အစိုးရနဲ့ တိုက်ပွဲမရှိခဲ့ပါဘူး။ တိုက်ပွဲမရှိခဲ့ပါဘူး ဆိုတော့ ကျနော်တို့ NCA ထိုးဖို့ သဘောထားတော့ ကွဲလွဲမှု ရှိပါတယ်။”
NCA မထိုးခြင်းရဲ့ အဓိက အချက်ကို အခုလို ဆက်ပြောပါတယ်။
“ဘာကြောင့်လဲဆိုရင် ဦးသိန်းစိန်အစိုးရက ကျနော်တို့ကို ကတိတည်ခဲ့တယ်။ ကျနော်တို့ သတ်မှတ်ထား တဲ့အတိုင်း ကို ခင်ဗျားတို့ ဆောင်ရွက်လိုက်ရင် ဥပမာ ပြည်ထောင်စု၊ ပြည်နယ်အဆင့်ကို ငြိမ်းချမ်းရေး သတ် မှတ်ထားတဲ့ စာချုပ်ပေ့ါနော် ချုပ်ဆိုပြီးရင် ခင်ဗျားတို့ တိုက်ရိုက် နိုင်ငံရေး ဆွေးနွေးလို့ ရပြီ ၊အခြား စာချုပ်တွေ မလို တော့ဘူးဆို ကတိပေးခဲ့ဖူးတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ရဲ့ စိတ်ထဲမှာ သံသယရှိ သွား ပြီ။ ဘာလဲဆို ရှေ့အစိုးရက ကျနော်တို့ကို ဆွေးနွေးထားတဲ့ဟာ ကတိပေးထားတဲ့ဟာ နောင်တက်လာတဲ့ အ စိုးရက အသိ အမှတ် မပြုဘူးဆိုရင် ကျနော်တို့မှာ သံသယရှိပါတယ်။”
တပ်မတော်တစ်ခုတည်း ထားရှိရေးအပေါ် သဘောထားနဲ့ပတ်သက်လို့ မေးမြန်းရာမှာ ဦးကျောက်ကော် အန်းက အခုလို ဖြေကြားပါတယ်။
“ တစ်နိုင်ငံမှာ တပ်မတော်တစ်ခုပဲ ရှိသင့်တယ်ဆိုတော့ ကျနော်တို့လည်း သဘောပေါက်တယ်။ နားလည် တယ်။ ဖြစ်လည်း ဖြစ်သင့်တယ်။ ဒါပေမဲ့ ကျနော်တို့ နိုင်ငံရဲ့ သမိုင်းကြောင်း၊ တိုင်းရင်းသားရဲ့ ပြဿနာ ကြောင့် ဥပမာ တပ်အင်အားမရှိတဲ့ နယ်မြေမှာ ၊ တပ်အင်အားမရှိတဲ့ တိုင်းရင်းသား ဒါမှမဟုတ်ရင် တပ်အင် အားနည်းတဲ့ တိုင်း ရင်းသား ထဲမှာ လက်ရှိ နိုင်ငံတော်နဲ့ အစိုးရနဲ့ တစ်ခုခု မပြေလည်လို့ ရှိရင် သူတို့က တိုက် ခံရပြီ။ သူတို့က အာမ ခံချက်မရှိတော့ဘူး။ ကျနော်တို့ တပ်ကို တည်ဆောက်ထားတာက ကိုယ့်လူထုကို ကိုယ် ကာကွယ်နိုင်ဖို့၊ ကိုယ့်လူမျိုးကို ကိုယ်ကာကွယ်နိုင်ဖို့ စောင့်ရှောက်နိုင်ဖို့ ကျနော်တို့ တပ် တည်ထောင် ထားတယ်။ အစိုးရကို ဒါ တိုက်မှာ မဟုတ်ဘူး။ ပြောရင် ကျနော်တို့က တစ်အိမ် မဟုတ်သေးဘူးလေ။ တစ် အိမ် မဟုတ်တော့ ဆွေးနွေးတဲ့ ကာလမှာမပြေလည်တဲ့ ကိစ္စတွေရှိတယ်။ တကယ်လို့သာ ပြေလည်သွားလို့ရှိရင် ကျနော်တို့ တပ် တည် ဆောက်ဖို့ မလိုလားဘူး။ လက်နက်ကိုင်ဖို့ မလိုလားဘူး။
အဲဒီလက်နက်ဝယ်တဲ့ ငွေနဲ့ တပ်ကို တည်ဆောက်တဲ့ ငွေကို လူထုပေါ်မှာကို မျှသုံးရင် ဒေသနဲ့လူထုရဲ့ အ ကျိုးက ပိုပြီးတော့ ကောင်းတယ်။ ဒါပေမဲ့ ကျနော်တို့ နယ်နမိတ်အရ နဲ့ နိုင်ငံရေးကြောင့် ကျနော်တို့ ရဲ့ အ ခွင့်အရေးကို တန်းတူ မဟုတ်သေးတဲ့ကြားမှာ ကျနော်တို့ တပ်တွေ ဖွဲ့စည်းထားတာ။ တကယ်လို့ တစ်ရက် ရက် နိုင်ငံရေးအကြောင်းတွေ အားလုံးပြေလည်သွားလို့ရှိရင် အဲဒီအချိန်မှ ကျနော်တို့ ပြန်စဉ်းစားမယ်။ ဘယ် လိုလုပ်သင့်တယ်။ နိုင်ငံရဲ့ အကျိုးရှိအောင် ဘယ်လိုလုပ်သင့်တယ်ဆိုတော့ အဲဒီအချိန်မှာ ပြန်စဉ်းစားမယ်။”
ဝပြည်နယ်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ရဲ့ စစ်အင်အားနဲ့ပတ်သက်ပြီး တိုက်ပွဲမရှိရင် အား လုံးက ပြည်သူတွေဖြစ်သလို စစ်ပွဲရှိလာရင်ပြည်သူအားလုံးက စစ်သားတွေ ဖြစ်ကြကြောင်း ဖြေကြား ပါ တယ်။
ဒေသတွင်းတည်ဆောက်ရေးလုပ်ငန်းအတွက် သတ္ထုနဲ့ ရာဘာ၊ စီးပွားရေးကုမ္ပဏီတွေရဲ့ ရင်းနှီးမြုပ်နှံ မှုတွေကနေ ဘဏ္ဍာငွေရရှိကြောင်းနဲ့ ကလေးစစ်သားသုံးစွဲတာမရှိသလို မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်း ချတာမရှိကြောင်းလည်း ထည့်သွင်းပြောကြားပါတယ်။
၁၇ ရက်နေ့က ကျင်းပတဲ့ ငြိမ်းချမ်းရေးနှစ် ၃၀ပြည့် အခမ်းအနားမှာ UWSP ဥက္ကဋ္ဌ ဦးပေါက်ယူချန်းက ၀ ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တောင်းဆိုလိုက်ပါတယ်။ ဒီတောင်းဆိုချက်မပြည့်မြောက်မီမှာ လက်တစ်ဖက်ကငြိမ်း ချမ်းရေးနဲ့ ဒီမိုကရေစီအလံကိုလွှင်ထူပြီး အခြားတစ်ဖက်က လက်နက်နဲ့ မိမိကိုယ်ကို ကာကွယ် ရေးအလံကိုလွှင့် ထူရင်း လက်ရှိအနေအထားကို ဆက်လက် စောင့်ထိန်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Link : Here
No comments:
Post a Comment