" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, May 10, 2023

ရာဇဝတ်မှု များပြားလာသည့် ကော့ဘဇားက မွတ်စလင် ဒုက္ခသည်စခန်းများ

ဧရာဝတီ
10 May 2023  

မတ်လ ၅ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့သော ကော့ဘဇား ဒုက္ခသည်စခန်း / RY Mg Mg Sa
 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်အတွင်း၌ ရှိသော မွတ်စလင်ဒုက္ခသည်စခန်းများတွင် မူယစ်ဆေးဝါးရောင်း ဝယ် ဖောက်ကားမှုများအပါအဝင် လူသတ်မှု၊ ပြန်ပေးဆွဲမှု စသည့် ရာဇဝတ်မှုများ မကြာခဏ ဖြစ်ပွားနေကြောင်း ယင်းစခန်း အတွင်း နေထိုင်သူများက ထုတ်ဖော်ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းရှိ ကူတုပါလောင်ဒုက္ခသည်စခန်းတွင် ဧပြီလ ၃၀ ရက် နံနက်၂ နာရီအချိန်က စခန်းအုပ် ချုပ် ရေးအဖွဲ့ဝင်တဦးဖြစ်သူ အသက် ၅၅ နှစ်အရွယ် အာဘူတဟိရ်မှာ အိပ်နေစဉ် မျက်နှာဖုံးစွပ် လူ ၅ ဦး လာ ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်သွားသည့်အတွက် ရင်ဘတ်၌ ကျည်ဆန်ထိမှန်ခဲ့ပြီး ဆေးကုသမှုခံယူနေစဉ် ဧပြီလ ၇ ရက်က သေဆုံးသွားခဲ့ကြောင်း စခန်းအတွင်းနေထိုင်သူတဦးက ပြောသည်။ 

၎င်းက “ရာဇဝတ်မှုတွေကတော့ နေ့တိုင်းလိုလို ဖြစ်နေတယ်။ အဓိကတော့ မူးယစ်ဆေးဝါးလုပ်ငန်းတွေ၊ လူကုန် ကူး တယ်၊ ပြန်ပေးဆွဲမှု၊ ဓားပြတိုက်တာတွေ များတယ်။ သူတို့ လုပ်ရပ်တွေကို ဝေဖန်တဲ့လူတွေအကုန် ခြိမ်း ခြောက် ခံရ တယ်။ တယောက်မှ ဖွင့်မပြောရဲကြဘူး။ သူတို့ကို ဝေဖန်တဲ့လူတွေဆိုရင် ပစ်မှတ်ထားပြီးကို သတ် ပစ်တာ” ဟု ဧရာ ဝတီသို့ ပြောသည်။

ဧပြီလ၂၄ ရက်ကလည်း နိုရာပါရာဒုက္ခသည်စခန်းမှ ဆယ်ကျော်သက်အရွယ် ကလေး ၅ ဦးမှာ ဒုံဒုံမျှာဆိုသည့် ရွာ အနီး ရှိ သဘာဝဥယျာဉ်သို့ မိသားစုဝင်များနှင့်အတူ အလည်အပတ်သွားစဉ် ဓားပြဂိုဏ်းတခု၏ ပြန်ပေးဆွဲ ခံရကာ တာကာ ငွေသိန်း ၂၀ နှင့် လာရွေးရန် တောင်းခံထားကြောင်းလည်း ဘင်္ဂလားဒေ့ရှ်ရောက် မွတ်စလင် ဒုက္ခ သည် များက ပြောဆို သည်။

ထိုသို့ ကျူးလွန်နေသူများမှာ ARSA အဖွဲ့ဝင်များဖြစ်ကြောင်း၊ ယင်းအဖွဲ့သည် မွတ်စလင်အသိုင်းဝိုင်းတွင် ထောက် ခံ မှု ကျဆင်းလာခြင်းနှင့်အတူ အချင်းချင်းဂိုဏ်းကွဲကာ ရာဇဝတ်မှုများကို ဒုက္ခသည်စခန်းအတွင်း ခြေကုပ်ယူ၍ ကျူးလွန် လျက်ရှိကြောင်းလည်း စခန်း၌ နေထိုင်သူများက ဆိုသည်။


ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသည့် မွတ်စလင်လူငယ်တဦးက “ဒါကို လုပ်နေတဲသူတွေက ARSA တွေပဲ။ သူတို့ က စခန်းမှာ အလုပ်အကိုင် မရှိတဲ့ လူတွေကို စည်းရုံးသိမ်းသွင်းပြီး မူးယစ်ဆေးဝါးတွေ လုပ်ခိုင်းတယ်။ အဲဒါက လည်း ဓား ပြတိုက်၊ လူသတ်ခိုင်းတယ်။ အဓိကတော့ ဒုက္ခသည်စခန်းမှာ သူတို့ ခြေကုပ်ယူထားပြီးတော့ ကျူးလွန် နေတာ။ သူတို့ အချင်းချင်းလည်း ရန်ဖြစ်ပြီးတော့ သေနတ်တွေနဲ့ ပစ်ခတ်တာတွေလည်း ရှိတယ်။ လူတွေက မီဒီ ယာ ပေါ်မှာ မရောက် လို့ မသိကြတာ။ အခုဆိုရင် သူတို့ဆီမှာအသတ်ခံရတာ လူပေါင်း ၁၀၀ ကျော်သွားပြီ” ဟု ဧရာဝတီသို့ ပြောသည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၉ ရက်၊ ညနေ ၈ နာရီကျော်အချိန်ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဝင်ရောက် ခို လှုံ နေသည့် မွတ်စလင်ဒုက္ခများအရေးလှုပ်ရှားသူ ဒုက္ခသည်စခန်းများ၏ ခေါင်းဆောင် မူဟီအုလ္လသည် အကြမ်း ဖက် သမားများ၏ ပစ်ခတ်သတ်ဖြတ်ခံရကာ ၎င်းသတ်ဖြတ်ခံရသည့်သတင်းမှာ ကမ္ဘာ့သတင်းမီဒီယာစာမျက်နှာ များတွင် ဖော်ပြခြင်းခံခဲ့ရသည်။

မတ်လ ၅ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့သော ကော့ဘဇား ဒုက္ခသည်စခန်း (ဓာတ်ပုံ – RY Mg Mg Sa)

မွတ်စလင်ဒုက္ခသည်များ၏ ခေါင်းဆောင် မူဟီအုလ္လသည် ဘာသာရေး အစွန်းရောက်မှုကို အားပေးလက်ခံသူ တ ယောက် မဟုတ်ဘဲ သဘောထား ပျော့ပြောင်းသူတဦးဖြစ်ကာ ၎င်းအား လုပ်ကြံသတ်ဖြတ်သွားသူများသည့် ARSA အဖွဲ့၏ လက်ချက်ဖြစ်သည်ဟု မွတ်စလင်အသိုင်းအဝန်းက ယုံကြည်ထားကြသည်။

မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ် ဇီးရိုးလိုင်းပေါ်တွင် အာရကန်ရိုဟင်ဂျာကယ်တင်ရေး တပ်မတော် (ARSA) နှင့် ရိုဟင် ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) တို့သည် ပြီးခဲ့သော ဇန်နဝါရီလ ၁၈ ရက် ညနေပိုင်းက ထိပ် တိုက် တွေ့ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည်။

ထိုသို့ နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် နှစ်နိုင်ငံနယ်စပ်မျဉ်းပေါ်ရှိ ဒုက္ခသည်စခန်းတခုလုံး မှာ လည်း မီးရှို့ခံရပြီး စခန်းရှိ ထောင်နှင့်ချီသည့်ဒုက္ခသည်များမှာ ကနဦးတွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့ နယ်သို့ ဝင်ရောက် ထွက်ပြေးခဲ့ကြသော်လည်း နောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများသို့ ပြန်လည် ခိုလှုံ ခဲ့ကြသည်။

အဆိုပါ ARSA နှင့် RSO တိုက်ပွဲတွင် RSO ဘက်မှ ၂ ဦး သေဆုံးပြီး RSO အဖွဲ့မှလည်း ဒုက္ခသည်စခန်းရှိ မွတ် စလင် ၂၀ နီးပါးအား ARSA အဖွဲ့ဝင်ဆိုသည့် သံသယဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်း ဘင်္ဂလား ဒေ့ရှ် ရောက် မွတ် စလင် ဒုက္ခသည်များက ပြောသည်။

ကူတုပါလောင် ဒုက္ခသည်စခန်း (ဓာတ်ပုံ – Registered Refugee)


ARSA နှင့် RSO တို့ တိုက်ပွဲဖြစ်ပွားရသည့် အကြောင်းရင်းကို မသိရှိသော်လည်း ရိုဟင်ဂျာအရေး လှုပ်ရှားသူ အများစု ကတော့ ARSA အဖွဲ့သည် အဆိုပါ ဇီရိုးလိုင်းပေါ်ရှိ ဒုက္ခသည်စခန်းတွင် ခြေကုပ်ယူပြီး မူးယစ်ဆေးဝါး လုပ်ငန်းများနှင့် တခြားသော ဒုစရိုက်လုပ်ငန်းများကို လုပ်ဆောင်နေသည့်အတွက် ARSA ခွဲထွက်လာသူများနှင့် RSO အဖွဲ့တို့ ပူးပေါင်း ကာ အင်အားသုံးပြီး ရှင်းလင်း ဖယ်ရှားခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။

စခန်းတခုလုံး မီးရှို့ခံရသည့် အဆိုပါ ဇီးရိုးလိုင်းပေါ်ရှိ ဒုက္ခသည်စခန်းတွင် လူပေါင်း နှစ်ထောင်နီးပါးရှိကာ ၎င်းတို့ သည် ပြီးခဲ့သော ၂၀၁၇ ခုနှစ် မောင်တော အရေးအခင်း ကာလက မြန်မာဘက်ကနေ ထွက်ပြေးတိမ်းရှောင်သွား သူများ ဖြစ် သည်။

မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ် နှစ်နိုင်ငံ ဇီးရိုးလိုင်းပေါ်ရှိ ဒုက္ခသည်စခန်းမှာ တိုက်ပွဲ ဖြစ်ပွားပြီး မီးလောင်ပြာကျ သွား သည့် နောက်ပိုင်းတွင် ARSA အဖွဲ့သည် ကော့ဘဇားခရိုင်အတွင်းရှိ ဒုက္ခသည်စခန်းများ၌ ခြေကုပ်ယူလာပြီး အချင်း ချင်း ဂိုဏ်းများကွဲကာ ဒုစရိုက်လုပ်ငန်းများကို ပိုမိုကျူးလွန်လာခြင်း ဖြစ်ကြောင်းလည်းမွတ်စလင်ဒုက္ခသည် များက ဆို သည်။

ကူတုပါလောင် ဒုက္ခသည်စခန်း (ဓာတ်ပုံ – Registered Refugee)
ရိုဟင်ဂျာအရေး လှုပ်ရှားသူ ရိုနေဆန်းလွင်က “ဒုက္ခသည်စခန်းမှာ အခု ဖြစ်ပျက်တာက နေ့ပိုင်းလုံခြုံပေမယ့် ည ပိုင်းဆို မလုံခြုံတော့ဘူး။ ဒုစရိုက်ဂိုဏ်းတွေက သူတို့ကို ဆန့်ကျင်သူတွေကို အပြတ်ရှင်းနေတယ်ဆိုတာမျိုးတွေ ဖြစ်နေတယ်။ သူတို့ကို လုပ်ရပ်တွေကို ဝေဖန်တာနဲ့တင် ပစ်မှတ်ထားပြီးတော့ သတ်ဖြတ်ခံနေရတာ။ စခန်းက လူတွေ တပူပေါ် တပူ ဆင့်ပြီးတော့ နေ့စဉ်နေ့တိုင်း ကိုယ့်အလှည့် ဘယ်တော့ရောက်လာမလဲ ဆိုပြီး ကြောက်လန့် နေကြတာတွေရှိတယ်။ အခုနောက်ပိုင်း ဒုစရိုက်သမားတွေနဲ့ ပတ်သက်ပြီး ဝေဖန်ဆန့်ကျင်သူ မရှိသလောက် ဖြစ် သွားပြီး၊ ဘယ်သူမှ ကိုယ့် အသက်ကို ရင်းပြီး မဝေဖန်တော့ဘူး” ဟု ဧရာဝတီသို့ သုံးသပ် ပြောဆိုသည်။

၂၀၁၇ ခုနှစ်ကနေ လက်ရှိအချိန်အထိ ဘင်္ဂလားဒေ့ရှ်ရောက် မွတ်စလင်ဒုက္ခသည်များ၏ ခေါင်းဆောင် မူဟီအုလ္လ အပါ အဝင် ARSA အဖွဲ့၏ ပြန်ပေးဆွဲခြင်း၊ ငွေညှစ်ခြင်း၊ ဓားပြတိုက်ခြင်း စသည့် ဖြစ်စဉ်များကြောင့် သေဆုံးသူ ၁၀၀ နီးပါး ရှိနေပြီ ဖြစ်ကြောင်း အဆိုပါဒုက္ခသည်စခန်းမှ မွတ်စလင်များက ပြောသည်။

ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) အဖွဲ့သည် ၂၀၁၆၊ ၂၀၁၇ ခုနှစ်တို့တွင် မောင်တောမြို့နယ်အတွင်း နယ်ခြားစောင့် ရဲစခန်းများကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ကမ္ဘာ၏ အာရုံစူးစိုက်မှု ရရှိခဲ့သည်။

ARSA ၏ လုပ်ဆောင်ချက်များသည် အကြမ်းဖက်သမားတို့၏ စစ်သွေးကြွသည့် လုပ်ရပ်များကို ပုံဖော်လုပ်ဆောင် ပြီး ဟိန္ဒူဘာသာဝင်များကိုလည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့်အတွက် အကြမ်းဖက်သမားများအဖြစ် မြန်မာ အစိုးရကကြေညာထားသလို မွတ်စလင်အသိုင်းအဝန်းကြားတွင်လည်း ထောက်ခံမှု ကျဆင်းခဲ့သည်။

You may also like these stories:


Topics: ကော့ဘဇား, ဘင်္ဂလားဒေ့ရှ်, မွတ်စလင်ဒုက္ခသည်စခန်း, ရာဇဝတ်မှု


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */