" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, July 8, 2023

ICC တာဝန်ရှိသူတွေ ရိုဟင်ဂျာဒုက္ခသည်တွေကို တွေ့ဆုံ

RFA
RFA Burmese
2023.07.07 

အိုင်စီစီရဲ့ တရားရေးအရာရှိ Karim AA Khan အား ဘင်္ဂလားဒေ့ရှ်နိုင်ငံ Kutupalong ဒုက္ခသည်စခန်းတွင် ၂၀၂၃ခုနှစ်၊ ဇူလိုင် ၆ ရက်နေ့က တွေ့ရစဉ်။Tanbir MIRAJ / AFP
 

နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး (အိုင်စီစီ) က တာဝန်ရှိသူတွေဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု အ တွက် မြန်မာစစ်တပ်ကို တရားစွဲဆိုထားတဲ့အမှုမှာ ကိုယ်တွေ့ကြုံခဲ့ရသူတွေကို ဇူလိုင်လ ၆ ရက်က သွားရောက် တွေ့ဆုံပြီး ထွက်ဆိုချက်တွေ ရယူခဲ့ပါတယ်။

အိုင်စီစီရဲ့ တရားရေးအရာရှိ ကာရင် အာဆက် အာမက် ခန်က မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခ သည် အများစုရှိတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကောက်ဘဇားက ဒုက္ခသည် စခန်းတွေကို လေးရက်ကြာ သွားရောက်ပြီး မျက်မြင်သက်သေတွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

အိုင်စီစီက တာဝန်ရှိသူတွေဟာ ကောက်ဘဇားက ရိုဟင်ဂျာ ဒုက္ခသည် စခန်း ၁ နဲ့ ၂ ကို သွားရောက်ပြီး၊ ဒုက္ခ သည်အချို့ကို စကားပြန်ကနေတဆင့် စကားပြောဆိုခဲ့ကြတယ်လို့ ဒုက္ခသည်တွေ အကူအညီပေးရေးနဲ့ နေရပ်ပြန် ပို့ရေး ကော်မရှင်ရုံးက တာဝန်ရှိသူ ခါလစ် ဟူဆိန်က ပြောပါတယ်။


အိုင်စီစီတာဝန်ရှိသူတွေက သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေကို အကူအညီပေးဖို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ် ဟာ ဆီနာနဲ့ နိုင်ငံခြားရေး ဝန်ကြီး အေကေ အဗ္ဗဒူရာမန် တို့ကို တောင်းဆိုထားပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */