" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, May 16, 2023

ကော့ဆက်စ်ဘဇား ရိုဟင်ဂျာဒုက္ခသည်စခန်းက စျေးတန်းမီးလောင်

BBC
ဘီဘီစီမြန်မာပိုင်း
၂၀၂၃ မေ ၁၆ ရက်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဆက်စ်ဘဇားခရိုင်ထဲက ရိုဟင်ဂျာဒုက္ခသည် စခန်းအမှတ် ၁၅ က စျေးတန်းမှာ ဒီနေ့မနက်ပိုင်းက မီးလောင်မှုဖြစ်ခဲ့ပါတယ်။

အဲဒီမီးလောင်မှုကြောင့် စျေးဆိုင်တန်းထဲက ဆိုင်ပေါင်း ၂၀ ကျော် မီးထဲ ပါသွားခဲ့တယ်လို့ စခန်းအတွင်းမှာ နေ ထိုင်တဲ့ ဒုက္ခသည်တွေက ဘီဘီစီကို ပြောပါတယ်။

စျေးဆိုင်တန်းက ယာယီတဲတွေဟာ တစ်တဲနဲ့တစ်တဲ ကပ်နေတာကြောင့် မီးဘေးကိုစိုးရိမ်ပြီး ရိုဟင်ဂျာတွေဘေး လွတ်ရာပြောင်းရွှေ့ခဲ့ရတယ်လို့လည်းဆိုပါတယ်။ 

ဒါပေမဲ့ မီးလောင်ပြီး မကြာခင်မှာပဲ မီးကို ငြှိမ်းသတ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒီမီးကြောင့် ထိခိုက်ဒဏ် ရာ ရသူတော့ မရှိခဲ့ပါဘူး။ မီးလောင်ရတဲ့အကြောင်းရင်းကို မသိရသေးပေမဲ့ လျှပ်စစ်မီး မတော်တဆမှုကနေ မီး လောင်မှု စတင်တာဆိုပြီး ပြောဆိုနေကြတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းက အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်း မိုခါ ကုန်းတွင်းပိုင်းကို ဖြတ်သန်းဝင်ရောက်ချိန်တုန်း က လည်း အဲဒီစခန်းက ဒုက္ခသည်တွေရဲ့ ယာယီတဲ ၂၄ လုံးပျက်စီးခဲ့သလို မြေပြိုမှုလည်း ၂ ကြိမ်ဖြစ်ခဲ့တယ်လို့ ဒုက္ခ သည်တွေက ပြောပါတယ်။ 

အဲဒီ စခန်းအမှတ် ၁၅ တစ်ခုတည်းမှာတင် နေထိုင်သူ ရိုဟင်ဂျာဒုက္ခသည် အယောက် ၅၄၀၀ ရှိတယ်လို့လည်း သိရပါတယ်။ 

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ မီးလောင်မှုတွေ မကြာခဏဖြစ်ပွားနေပြီး မနေ့ညပိုင်းတုန်းက လည်း ဒုက္ခသည် စခန်းအမှတ် ၂ ဘက်မှာ မီးလောင်မှုဖြစ်ခဲ့ပါသေးတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */