Sunday, August 25, 2024

ရိုဟင်ဂျာတွေနဲ့ လူနည်းစုတွေအပေါ် ဖိနှိပ်မှုတွေ အမေရိကန်သတိပေး

VOA
ဗွီအိုအေ (မြန်မာပိုင်း)

၂၅ ဩဂုတ်၊ ၂၀၂၄ 
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken
 
မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကျပ်အတည်းတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကြီးထွားလာနေတာနဲ့အမျှ လူနည်းစု တိုင်းရင်းသားတွေ၊ ဘာသာခြားတွေ အထူးသဖြင့် ရိုဟင်ဂျာတွေအတွက် အခက်အခဲတွေ ပိုတိုးလာနေတယ်လို့ အမေရိကန်က သတိပေးလိုက်ပါတယ်။

လူမျိုးတုန်းသတ်ဖြတ်မှုက လွတ်မြောက်လာတဲ့ ရိုဟင်ဂျာတွေနဲ့ တသားတည်း ရပ်တည်ကြောင်းလည်း ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထွက်ပြေးရတဲ့ဖြစ်ရပ် နှစ်ပတ်လည်အချိန်မှာ ထုတ်ပြန်လိုက်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ရဲ့ စနေနေ့က ကြေညာချက်မှာ ဖော်ပြထားတာပါ။

မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဒေသတွင်းနိုင်ငံတွေမှာ ဒုက္ခရောက်နေကြတဲ့ ရိုဟင်ဂျာတွေအတွက် အရေးcကြီးတဲ့ အကူအညီတွေကို ဆက်ပေးသွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၇ နှစ်အတွင်း အမေရိကန်က ရိုဟင်ဂျာတွေအတွက် စာနာမှု အကူအညီအဖြစ် ဒေါ်လာသန်း ၂၄၀၀ နီးပါးပေးအပ်ခဲ့ပြီး ဖြစ်သလို၊ ရိုဟင်ဂျာတွေနဲ့ အရပ်သားတွေအပေါ် ရက်စက်ကြမ်းကြုတ်မှု လုပ်ရပ်တွေကို မှတ်cတမ်းcပြုစုထားကြောင်းလည်း ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။

မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီရေး၊ အားလုံးပါဝင်ခွင့်နဲ့ ငြိမ်းချမ်းတဲ့ အနာဂတ်အတွက် လိုလားချက်တွေကို ဆက်လက်အားပေး ထောက်ခံသလို၊ အရပ်သားတွေကို အကာအကွယ်ပေးဖို့ သက်ဆိုင်ရာအဖွဲ့အစည်း အားလုံးကိုလည်း တိုက်တွန်းထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */