" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, December 2, 2023

ဘူးသီးတောင်မြို့နယ်၌ ပြည်သူများသို့စားသုံးဆီ(၁)ပိဿာ လျှင် (၅၂၀၀) ကျပ်နှုန်းဖြင့်ရောင်းချပေး

INFORMATION AND PUBLIC RELATION DEPARTMENT
Sat, 12/02/2023 

ဘူးသီးတောင် ဒီဇင်ဘာ ၂

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းမှ စားသုံးသူပြည်သူ များသို့ ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၆)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့ လမ်းမပေါ်၌ စုရပ် ထားရှိကာပြည်သူများသို့ စားသုံးဆီများ လက်လီ ရောင်းချပေးခဲ့ကြသည်။

ဘူးသီးတောင်မြို့၌ Agri One Trading Co., Ltd ကုမ္ပဏီမှ ဆီစားသုံးသူများအား မြို့နယ်စားသုံးသူ ရေးရာ ဦးစီးဌာနမှ ကြီးကြပ်လျက် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ၊ မြို့နယ်စားသုံးဆီရောင်းကိုယ် စားလှယ် ဦးတင်အောင်မိုး ဦးဆောင်သောအဖွဲ့မှ အမှတ်(၆)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့ လမ်းမ ပေါ် တွင် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ပြည်သူများသို့ စားသုံးဆီတစ်ပိဿာလျှင် ၅၂၀၀ ကျပ်နှုန်းဖြင့် စားသုံးဆီ ၅၅၀ ပိဿာအား လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ကြသည်။

ထိုသို့ ဘူးသီးတောင်မြို့နယ်အတွင်း စားသုံးဆီရောင်းချမှုအား ဒီဇင်ဘာလ(၂)ရက်နေ့မှ(၅)ရက်နေ့ထိ သတ်မှတ်ရပ်ကွက်၊ ကျေးရွာများတွင် ဆက်လက်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)
ရခိုင်ပြည်နယ်
အမြို့မြို့အနယ်နယ်သတင်းများ

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */