" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, December 14, 2023

ကမ္ဘာ့ဒုက္ခသည်များဖိုရမ် စတင်ကျင်းပ

VOA
ဗွီအိုအေ (မြန်မာဌာန)
၁၄ ဒီဇင်ဘာ၊ ၂၀၂၃ 

ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ဖွင့်ပွဲမှာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi (ဒီဇင်ဘာ ၁၃၊ ၂၀၂၃)

လေးနှစ်တကြိမ်ကျင်းပလေ့ရှိတဲ့ ကမ္ဘာ့ဒုက္ခသည်များဖိုရမ်ကို ဒီဇင်ဘာ ၁၃ ရက်နေ ၁၅ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမှာ ကျင်းပနေပါတယ်။ ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ဖွင့်ပွဲမှာ ကုလသမဂ္ဂဒုက္ခ သည် များ ဆိုင်ရာ မဟာမင်းကြီး Filippo Grandi က အခုတွေ့ဆုံမှုက“အဓမ္မရွှေ့ပြောင်းခံရမှုနဲ့ အိုး အိမ်စွန့် ခွာ ထွက်ပြေးနေရတာတွေအပေါ် တုံ့ပြန်နိုင်ဖို့နဲ့ ဒုက္ခသည်တွေကိုလက်ခံထားတဲ့ အိမ်ရှင် နိုင်ငံတွေအ တွက် မျှဝေတာဝန်ယူကြဖို့ လိုအပ်တဲ့ အခြေခံလုပ်ဆောင်ချက်တွေကို နိုင်ငံတွေအနေနဲ့ ပြန်လည်က တိကဝတ်ပြုနိုင်ဖို့ အခွင့်အလမ်း” လို့ ပြောပါတယ်။

ကမ္ဘာ့ဒုက္ခသည်များဖိုရမ်မှာ ဂါဇာကဒုက္ခသည်တွေအရေး လွှမ်းမိုးနေပေမယ့် မဟာမင်းကြီး Grandi က ကမ္ဘာတဝန်းက လူသားချင်းစာနာထောက်ထားမှုနဲ့ ဒုက္ခသည်ဆိုင်ရာအကျပ်အတည်း တွေကို လည်း မျက်ခြေမပြတ်ဖို့ အစိုးရတွေကို တိုက်တွန်းခဲ့ပါတယ်။ 

“ရိုဟင်ဂျာဒုက္ခသည်တွေအရေးအပါအဝင်သန်း နဲ့ချီတဲ့ဒုက္ခသည်တွေနဲ့ အိုးမဲ့အိမ်မဲ့ဖြစ်နေကြတဲ့ ဆူ ဒန်နဲ့ယူကရိန်းက အရပ်သားတွေရဲ့အခြေအနေ၊ ဆီးရီးယားနဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေလို နှစ်ရှည် လများ ဖြစ်နေတဲ့ အကျပ်အတည်းတွေကိုလည်း အာရုံစိုက်ပြီး ပံ့ပိုးပေးဖို့” သူက တောင်းဆိုပါတယ်။

Grandi ရဲ့အဖွင့်မိန့်ခွန်းထဲမှာ ဂါဇာကမ်းမြောင်ဒေသကအခြေအနေကို “ကြီးမားတဲ့ကပ်ဆိုးကြီး” အ ဖြစ် ညွှန်းဆိုခဲ့ပါတယ်။ အဲဒီမှာ"အရပ်သားထိခိုက်သေဆုံးမှုနဲ့နေရပ်စွန့်ခွာမှုတွေထပ်ဖြစ်လာမယ်"  လို့ Grandi ကသတိပေးခဲ့ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်ထိုနီယိုဂူတာရက်စ်ရဲ့ တောင်းဆို ချက် အတိုင်း "ဂါဇာမှာ အခု ချက်ခြင်း လူသားချင်းစာနာမှု အပစ်အခတ်ရပ်ဖို့နဲ့ ဓားစာခံတွေ ပြန် လွှတ်ရေး" လုပ်ငန်းစဥ်တွေ ပြစဖို့ တိုက်တွန်းခဲ့ပါတယ်။

“အစ္စရေးနဲ့ ပါလက်စတိုင်းပြည်သူတွေအတွက် စစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ယူဆောင်ပေး မယ့် ဆွေးနွေးပွဲ” တွေလုပ်ဖို့လည်း သူက တောင်းဆိုပါတယ်။ ဂျော်ဒန်ဘုရင် ဒုတိယမြောက် အဗ္ဗဒူ လာ ရဲ့ညီလာခံမိန့်ခွန်းထဲမှာလည်း “ပြင်းထန်တဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဂါဇာမှာ ဒုက္ခသည် အများ စုဖြစ်တဲ့ ပါလက်စတိုင်း ၁.၉ သန်းကျော်ဟာ အိုးအိမ်တွေကနေ ထပ်မံစွန့်ခွာထွက်ပြေး နေရ တယ်” လို့ အစ္စရေးစစ်တပ်ရဲ့စစ်ဆင်ရေးကို ရည်ညွှန်းပြီး ပြောခဲ့ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */