" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, November 24, 2023

လောက်ကိုင်မြို့အနီး စစ်ကောင်စီနောက်ဆုံးစခန်းကုန်း MNDAA သိမ်းယူ၊ စစ်ဆင်ရေး လောက်ကိုင်သို့ ဦးတည်နေ ပြီဟု အသိပေး

မဇျ္စိမ
ရွှေနွယ် (မဇ္ဈိမ)
24 November 2023
ပုံအညွှန်း − လောက်ကိုင်မြို့အနီးစခန်းသိမ်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများ ဓာတ်ပုံ − The Kokang

လောက်ကိုင်မြို့အနီးရှိ စစ်ကောင်စီ၏ နောက်ဆုံးစစ်စခန်းကုန်းကို ယနေ့သိမ်းယူနိုင်ခဲ့ပြီး စစ်ဆင်ရေး သည် လောက်ကိုင်သို့ ဦးတည်နေပြီဟု မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAAက ထုတ်ပြန်သည်။

လောက်ကိုင်မြို့ တုန်ချိန်အနီးရှိ ဆိုင်တာအိုင်တောင်ကုန်းစစ်စခန်းကို ယနေ့ နိုဝင်ဘာ ၂၄ ရက်နေ့ နံ နက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မွန်းလွဲ ၂ နာရီ ၄၀ မိနစ် ခန့်တွင်မြေပြင်ထိုးစစ်စတင်ခဲ့ကြောင်း၊ ညနေ ၃ နာရီ ၁၆ မိနစ်ခန့်တွင်အောင်မြင်စွာ သိမ်းပိုက်နိုင် ခဲ့ ကြောင်း MNDAA ၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

တုန်ချိန်သည် လောက်ကိုင်မြို့နှင့်ကပ်လျက်တည်ရှိနေသည့် ရပ်ကွက်ဖြစ်သည်။ ယနေ့တိုက်ပွဲအပြင်း အထန်ဖြစ်ခဲ့ပြီး လက်နက်ကြီး ပစ်ခတ်သံများကြောင့် ထိတ်လန့်တုန်လှုပ်ခဲ့ရသည်ဟု လောက်ကိုင် ဒေ သခံများကပြောသည်။

MNDAA အနေဖြင့် ယနေ့ နိုဝင်ဘာ ၂၄ ရက်နေ့တွင် ကိုးကန့်ဒေသ တောင်ပိုင်းနှင့်မြောက်ပိုင်းရှိ စစ် ကောင်စီ၏ စစ်ရေးစခန်း လေးခုနှင့် လက်နက်ခဲယမ်းများ သိမ်းယူနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

MNDAA သည် ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့ကပင် ချင်းရွှေဟော်မြို့ ကို တိုက််ခိုက်သိမ်းပိုက်ခဲ့သည်။ထို့နောက် ဆက်လက်ထိုးစစ်ဆင်ခဲ့ပြီး  နိုဝင်ဘာ ၁၂ ရက်နေ့တွင် ချင်းရွှေဟော်မှတဆင့် လောက်ကိုင်မြို့နှင့် လေးမိုင်ခန့်အကွာရှိ ပါစင်ကျော်ဒေသအထိ နယ်မြေ တ ကြောလုံးအား ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း MNDAA ပြောခွင့်ရသူ လီကျားဝင်းမှ မဇ္ဈိမကို ပြော ကြားသည်။

လောက်ကိုင်မြို့ကို တိုက်ခိုက်တော့မည်ဖြစ်သောကြောင့် တပ်ဖွဲ့ဝင်များလိုက်နာရန်စည်းကမ်းများကို MNDAA က နိုဝင်ဘာ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။   စစ်ဆင်ရေးသည် လောက်ကိုင်သို့ ဦးတည် နေပြီဖြစ်ကြောင်း ယနေ့ထပ်မံအသိ‌ပေးခြင်းဖြစ်သည်။

လောက်ကိုင်မြို့တွင် ကျန်ရှိနေသာ တရုတ်နိုင်ငံသားများ နေရပ်ပြန်ကြရန်နှင့် အရပ်သားပြည်သူ များ အနေဖြင့်လည်း စစ်ကောင်စီနှင့် နီးကပ်ရာတွင်နေထိုင်ခြင်းမပြုကြရန်  MNDAA က နိုဝင်ဘာ ၁၈ ရက်နေ့က ထုတ်ပြန်အသိပေးထားခဲ့သည်။

စာတည်း - အေးချမ်း
#Mizzima

Link : Here

 

 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */