" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, November 28, 2023

AA အဖွဲ့မှ လူနာများနှင့် ရိက္ခာများသယ်ရန်ဟုဆိုကာ ဒေသခံများအား ဖမ်းဆီးခေါ်ဆောင်နေ

ရဲဝံ့စွန်းစားပြည်ချစ်သား
Posted on November 28, 2023

AA သောင်းကျန်းသူအဖွဲ့အနေဖြင့် နှစ်ဖက်တိုက်ပွဲစတင်ဖြစ်ပွားသည့် နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ တိုက်ပွဲများဖြစ်ပွားရာ ဒေသရှိ ကျေးရွာသားများ “၎င်းတို့၏လူနာများနှင့် ရိက္ခာများသယ်ရန် အတွက်” ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်လျက်ရှိရာ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်နေ့ကလည်း ဘူးသီးတောင်မြို့ နယ်၊ အောင်ဇေယျကျေးရွာသို့ ULA/AA ဒုနိုင်ငံရေးမှူး မင်းထီးဆိုသူ ရောက်ရှိလာပြီး ကျေးရွာမူလ တန်း ကျောင်းတွင် အောင်ဇေယျကျေးရွာနှင့် အောင်သာယာကျေးရွာမှ တစ်အိမ်တစ်ယောက်ခေါ် ယူ ကာ ၎င်းတို့ အဖွဲ့ဝင်လူနာများနှင့် ရိက္ခာများသယ်ယူရန်ရှိသဖြင့် ကျေးရွာ ၁ ရွာ စီမှ ရွာသား ၂၀ စီ စေ လွှတ်ပေးရန်နှင့် မရောက်လာသည့်ရွာအား မီးရှို့မည်”ဟု ခြိမ်းခြောက်ပြောဆိုသွားကြောင်း ဒေသခံ များ ထံမှ သိရှိရသည်။ 

ယင်းနေ့မှာပင် ပလက်ဝမြို့နယ်ဘက်မှတစ်ဆင့် ကျောက်တော်မြို့နယ်၊ ဝက်မကျ ကျေးရွာသို့ ရောက်ရှိ လာသည့် AA ဒဏ်ရာရ လူနာ ၄၂ ဦးအား ပို့ဆောင်ရန်အတွက်ဟုဆိုကာ ဝက်မကျေးရွာသားများအား အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ULA/AA အဖွဲ့နှင့် နီးစပ်သူများထံမှ သိရှိရသည်။ 

အဆိုပါကိစ္စနှင့်ပက်သက်၍ ၎င်းမှ “လူနာတွေလိုက်ပို့တဲ့သူတွေ(AA အဖွဲ့)က ကျနော်တို့ရွာအထိ လိုက် ပို့ပြီး စစ်ဖြစ်နေတဲ့နေရာကို ပြန်သွားကြတာ၊ ပါလာတဲ့လူနာတွေက ထရွန်အိုင်နဲ့နှုံးဘူးက စစ်စခန်းကို တိုက်တဲ့သူတွေ၊ လေယာဉ်ဗုံးနဲ့ အမြောက်ထိတဲ့သူတွေများတယ်၊ ခြေပြတ်လက်ပြတ်တွေအများကြီးပဲ၊ လမ်းမှာဆေးမမှီလို့ သေသွားတဲ့သူတွေလည်း ရှိသလို စခန်းအခြေမှာ သေပြီးကျန်ခဲ့သူတွေလည်း ရာ ချီနေပြီတဲ့၊ တွေ့လိုက်ရသလောက်ကတော့ ဒီကနေ စက်လှေအကြီး ၁ စီး၊ အသေး ၂ စီးနဲ့ ကုလားတန် မြစ်ကြောင်းအတိုင်းဆင်းသွားတာ၊ လူနာတွေကို ရွှေပြည်ရွာဟောင်း တစ်ဆင့် လက်ပံတဲစုရွာက သူတို့ စခန်းကိုပို့မှာလို့တော့သိရတယ်” ဟု ပြောသည်။

 AA သောင်းကျန်းသူအဖွဲ့အနေဖြင့် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်နေ့မှစ၍ ချင်းပြည်နယ်၊ ပလက်ဝ ဒေသရှိ ထရွန်အိုင်နဲ့နှုံးဘူး စစ်စခန်း ၂ ခုအား အင်အားများစွာဖြင့် တိုက်ခိုက်လျက်ရှိရာ ယနေ့အချိန် ထိ သိမ်းပိုက်နိုင်ခြင်းမရှိသေးဘဲ စစ်တပ်ဘက်မှလည်း အမြောက်ပစ်ကူ၊ လေယာဉ်ပစ်ကူများဖြင့် ပြင်း ပြင်းထန်ထန်တိုက်ခိုက်လျက်ရှိနေကြောင်း သိရှိရသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */