" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, October 3, 2023

မြန်မာနိုင်ငံ မြို့နယ် ၂၀ မှာ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူ

VOA
ဆုမွန်

၀၃ အောက်တိုဘာ၊ ၂၀၂၃ 

၂၀၂၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းအတွက် နေရာတချို့တွင် စစ်ကောင်စီက ၂၀၂၃ စမ်းသပ်သန်းခေါင်စာရင်းကောက်ခံနေ 

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ ၁၅ ရက်အထိ မြန်မာနိုင်ငံတစ်ဝန်းက မြို့နယ်ပေါင်း ၂၀ မှာစမ်းသပ်သန်း ခေါင်စာရင်း စတင်ကောက်ယူမှာ ဖြစ်ကြောင်း စစ်ကောင်စီကကြေညာထားတဲ့အတိုင်း ရခိုင်ပြည်နယ်ထဲမှာတော့ မောင်တောမြို့က တချို့ ရပ်ကွက်တွေမှာ စတင်ကောက်ယူနေပြီဖြစ်ပါတယ်။ အခုလို စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူနေတဲ့ အခြေနေနဲ့ ပတ်သက်ပြီး ရန်ကုန်ကပေးပို့တဲ့သတင်းကို မဆုမွန်က ပြောပြပေးမှာပါ။

နိုင်ငံတစ်ဝန်းက မြို့နယ်ပေါင်း ၂၀ မှာ အောက်တိုဘာလ ၁ ရက်နေ ၁၅ ရက်အထိ စမ်းသပ် သန်းခေါင်စာရင်း ကောက် ယူဖို့ စစ်ကောင်စီက အောက်တိုဘာ ၁ရက်နေ့မှာ စတင်ပြင်ဆင်လိုက်တာဖြစ်ပါတယ်။ မြို့နယ်၂၀ကောက် ယူ မှာ ဖြစ်ပြီး ပြည်နယ်နဲ့ တိုင်း ၁၄ ခုက နေရာတချို့မှာ စမ်းသပ်ကောက်ယူမှုတွေ စတင်နေပြီဖြစ်ပါတယ်။

စမ်းသပ်ကောက်ယူမယ့်နေရာတွေထဲမှာ ရခိုင်ပြည်နယ် မောင်တောဒေသလည်း ပါဝင်ပါတယ်။ မောင်တော ဒေသ က ရခိုင်ရပ်မိရပ်ဖတဦးကတော့ အောက်တိုဘာ ၁ ရက်နေ့ထဲက စမ်းသပ်သန်းခေါင်စာရင်းကောက်ယူဖို့ ကြေညာ နေတာ ဖြစ်ပြီး အခု အချိန်ထိတော့ သူ့ရပ်ကွက်ထဲ လာမကောက်သေးဘူးလို့ ခုလိုပြောပြပါတယ်။

"သန်းခေါင်စာရင်းတွေကောက်နေတယ် လဝက လူဝင်မှုကြီးကြပ်ရေးကပေါ့။ သန်းခေါင်စာရင်း ကောက်တာကျမ တို့ အုပ်စု ကျမတို့ဘက်ကိုတော့မရောက်သေးပါဘူး။ ဟိုဘက်ရပ်ကွက်တော့ ကောက်နေတယ် ၁ရက်နေ့ဒီလ အောက် တိုဘာ ၁ရက်နေ့ကတည်းကပါ။ ကောက်နေပါတယ်။ ကျမသတင်းတွေ သေချာမသိရသေးပါဘူး။ကောက် နေတာလောက်ဘဲသိတယ်။ ကျမတို့ရပ်ကွက်ဘက်မရောက် သေးပါဘူး။ ကျမကတော့ရိုးရိုးလေးမြင်တယ်။ သန်း ခေါင်စာရင်းကောက်တာလူဦးရေဘယ်လောက် ရှိပြီပေါ့နော်။ သူတို့မှာခုဆိုရင် မဲစာရင်းလဲလာနေပြီလေ။ မဲလုပ်ဖို့ အဲဒါတွေအတွက်လုပ်တယ်ထင်တာဘဲ ကျမကတော့လေ။"

ရခိုင်ပြည်မောင်တော ဒေသအတွက် စမ်းသပ်ကောက်ယူမှုတွေ လုပ်နေပေမယ့် အဲဒီဒေသအတွင်းကရိုဟင်ဂျာတွေ နေထိုင်တဲ့ နေရာတွေမှာတော့ စမ်း သပ်သန်းခေါင်စာရင်းသီးခြားကောက်ယူတာမျိုးနဲ့ပတ်သတ်ပြီး လာရောက် ပြောဆိုအကြောင်းကြားထားတာမျိုး မရှိသေးဘူးလို့ ရိုဟင်ဂျာတဦးက ဗွီအိုအေကိုခုလိုပြောပါတယ်။

"ရခိုင် community ဘက်မှာတော့ တအိမ်ဆင်းတအိမ်တက် ကောက်တာရှိတယ်။ ရိုဟင်ဂျာတွေ ဘက်မှာတော့ သန်းခေါင်စာရင်း ရိုဟင်ဂျာတွေကောက်တယ်ဆိုတာကတော့ ပုံမှန်ကောက်တာက ၆လ တကြိမ်ကောက်တယ်။ နယ်ခြားစောင့်နာမည်နဲ့ နယ်ခြားစောင့်တွေက လိုက်ကောက်တယ်။ ဒါကပုံမှန် ကောက်လေ့ကောက်ထရှိတာပါ။ သန်းခေါင်စာရင်းကပုံမှန် ကောက်လေ့ကောက်ထရှိတာ ၆လတကြိမ် ပါ။"

ရခိုင်ပြည်နယ်တွင်း ကောက်ယူမှု အခြေနေကို သိရဖို့ ရခိုင်ပြည်နယ် လဝကမှုးရုံးကိုဗွီအိုအေကဆက်သွယ်မေးမြန်း ခဲ့ပေမဲ့ အခုချိန်ထိတော့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့နှစ် ၂၀၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကို အခြေခံပြီး ၂၀၂၃ ခုနှစ်၊ အောက်တို ဘာ ၁ ရက်နေ့အထိ မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ၅၆ ဒသမ ၂ သန်းရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ ရန်ကုန်တိုင်းမှာ လူဦးရေ ကိုးသန်းနဲ့အများဆုံးဖြစ်ပြီး မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်က လူဦးရေ ၆ ဒသမ ၈ သန်း စီနဲ့ ဒုတိယနေရာမှာ ရှိတယ်လို့ ဖေါ်ပြထားပါတယ်။ ဧရာဝတီတိုင်းကတော့ ၆ ဒသမ ၂ သန်းနဲ့ တတိယ လူဦးရေအ များ ဆုံးလို့ ဆိုပါတယ်။ ဒါတွေဟာခန့်မှန်းတွက်ချက်ထားမှုသာဖြစ်ပြီး စမ်းသပ်သန်ခေါင်စာရင်းကောက် ယူမှုမှာ တော့ တွေ့ရှိတဲ့အတိုင်း အရပ်တွင်း ကောက်ယူ တဲ့စနစ်(De Facto) စနစ်နဲ့ ကောက်ယူဖို့ စစ်ကောင်စီဘက်က ပြင် ဆင်ထားတယ်လို့ ပြောပါတယ်။

မြို့နယ် ပေါင်း (၂ဝ)ကို စမ်းသပ်ကောက်ယူမှာ ဖြစ်ပြီး မြို့နယ်တခုဆီအတွက် စာရင်းကောက် ကွက် (၁ဝဝ) ထားပြီး သတ်မှတ်ကောက်ယူဖို့ပြင်ဆင်ထားတာပါ။ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကိုတော့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ လမှာ ကောက်ယူမှာဖြစ်ပါတယ်။ ဒီကောက်ယူမှုအပြီးရလာတဲ့ လူဦးရေစာရင်းတွေကို အခြေခံပြီးမှသာ မဲစာရင်း ပြုစုမှာ ဖြစ်ကြောင်းနဲ့ ပြီးမှသာ ရွေးကောက်ပွဲလုပ်မယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် က ပြောဆိုထားပါတယ်။

လက်ရှိ စမ်းသပ်ကောက်ယူမဲ့ နယ်မြေတွေထဲက ကရင်နဲ့ပဲခူးဒေသတွင်း တချို့နယ်မြေတွေဟာ စစ်ကောင်စီ ဘက် က အပြည့်အဝ မထိန်းချုပ်နိုင်တဲ့ နေရာတွေပါဝင်နေတယ်လို့ ဆန်းစစ်သူတွေက ထောက်ပြနေပါတယ်။ ဒါပေမယ့် ဒီဒေသတွေမှာကောက်ယူမယ့်ပုံစံတွေနဲ့ ပတ်သတ်လို့ စစ်ကောင်စီဘက်က ရှင်းရှင်းလင်းလင်းထုတ် ပြန်ပြောဆို ထား တာမရှိ သေးပါဘူး။ လက်ရှိမှာ တော့ နေပြည်တော်အပါအဝင် လုံခြုံရေးအရ အဆင်ပြေတဲ့နေရာတွေကိုရွေး ပြီး စမ်းသပ်သန်း ခေါင်စာရင်း ကောက်ယူနေတာဖြစ်ပါတယ်။

ကုလသမဂ္ဂထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးကတည်းက နိုင်ငံတွင်း ကျယ်ပြန့်လာတဲ့ အကြမ်းဖက်မှုတွေ ကြောင့် လူ ၁.၆ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဖေါ်ပြထားပါတယ်။ ဒီလို အိုးအိမ်စွန့်ခွါ ထွက် ပြေး ရသူတွေ အတွက် ဘယ်လိုစာရင်းသွင်းဖို့စီစဉ်ထားတယ် ဆိုတာနဲ့ပတ်သတ်လို့ တော့ လဝက ဘက်က ရှင်းရှင်း လင်းလင်း ပြောဆိုထားတာမရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ ပြည်လုံးကျွတ်လူဦးရေသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ် နဲ့ ၂ဝ၁၄ ခုနှစ်တို့မှာ ကောက်ယူခဲ့ဖူးပါတယ်။ ၁၀နှစ်တကြိမ် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှု ကိုလုပ် ဆောင်ရတာဖြစ်ပြီး လာမယ့် ၂၀၂၄ အောက်တိုဘာမှာလည်း ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက်ယူသွားဖို့ စစ် ကောင်စီဘက်ကပြင်ဆင်နေတာဖြစ် ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */