" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, October 3, 2023

ဘူးသီးတောင်တွင် လူမှောင်ခိုပွဲစားနှစ် ဦး ဖမ်းဆီးရမိ

ရခိုင်နေ့စဉ်
အောက်တိုဘာလ( ၃)ရက်

ဘူးသီးတောင်မြို့နယ်၊ သင်္ဘောဆိပ်အနီးတွင် လူကုန်ကူးမှုသတင်းအရ တာဝန်ရှိသူများ စောင့်ဆိုင်း နေစဉ် ယမန်နေ့ ညနေပိုင်းက မလေးရှားနိုင်ငံသို့ တရားမဝင်ပို့ဆောင်မည့် ရိုဟင်ဂျာ( ၂ )ဦးနှင့်အတူ လူမှောင်ခိုပွဲစား (၂) ဦးကို ဖမ်းဆီးရမိခဲ့သည်။

လူမှောင်ခိုပွဲစား( ၂ )ဦးမှာမာမောက်အာယစ် (ဘ)လာလာမာမတ်(၂၂)နှစ်နှင့် အဒူလာမိန်(ဘ)အဒူမာ လိခ်(၂၅)နှစ် ၊ ဘုရားပြင်အောင်ပကျေးရွာ၊ ဘူးသီးတောင်မြို့နယ်နေသူတို့ဖြစ်သည်။

၎င်းတို့ခေါ်ဆောင်လာသည့် ရိုဟင်ဂျာ (၂) ဦးမှာအဒူလာ(ဘ)ဒိလ်မာမတ်(၂၁)နှစ်၊ သပြေတောရွာ၊ မြင်းလွတ်အုပ်စု၊ မောင်တောမြို့နယ်နှင့်အော်ဇီဒါ(ဘ)ရော်ဟီးမူလာ (၁၉)နှစ်၊သရေကုန်းဘောင် ကျေး ရွာ၊ မောင်တောမြို့နယ်နေသူတို့ဖြစ်သည်။

လူမှောင်ပွဲစားဖြစ်သူ မာမောက်အာယစ်နှင့် အဒူလာမိန်တို့သည် မလေးရှားနိုင်ငံသို့ သွားရောက်လို သည့် ရိုဟင်ဂျာများကိုလိုက်လံစုဆောင်းပြီး ရသေ့တောင်မြို့နယ်ရှိ ပွဲစားထံသို့ထပ်မံပို့ဆောင်ပေး ရ ကြောင်း နှင့် ထိုသို့ ပို့ဆောင်ပေးခဲ့ပါက တစ်ဦးလျှင် ငွေကျပ်(၃)သိန်းစီ ပွဲခရရှိပြီး၊ ယခုနှစ်အတွင်း ရိုဟင်ဂျာ(၆)ဦးကိုပို့ဆောင်ပေးခဲ့ကြောင်း ရခိုင်နေစဉ့်သတင်းအရသိရသည်။

အဒူလာနှင့် အော်ဇီဒါတို့၏ ထွက်ဆိုချက်အရ မလေးရှားနိုင်ငံသို့ သွားရောက်လိုသည့်အတွက် ပွဲစား များနှင့် ချိတ်ဆက်ခဲ့ပြီး ပို့ဆောင်ခ ငွေကျပ်သိန်း (၆၀) ကို မလေးရှားရောက်ရှိမှသာ ပေးချေရမည်ဖြစ် ၍ သဘောတူခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ လူမှောင်ခိုပွဲစား( ၂) ဦးအား ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူ ကာ ဆက်စပ်တရားခံများ ဖမ်းဆီးရမိရေး စစ်ဆေးလျက်ရှိကြောင်းရခိုင်ပြည်နယ်စစ် ကောင်စီ၏ သတင်းများဖော်ပြနေသောရခိုင်နေစဉ့်တွင်ဖော်ပြထားသည်။

ဓါတ်ပုံ-ရခိုင်နေစဉ့်

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */