" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, October 3, 2023

အီးယူ-အာဆီယံဆွေးနွေးပွဲမှာ စစ်တပ်ကိုဖိတ်ကြားမှု ကန့်ကွက်ခံရ

RFA
RFA Burmese
2023.10.03 

ဥရောပကောင်စီဥက္ကဋ္ဌ Charles Michel အား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်နေ့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ကျင်းပသည့် ဥရောပသမဂ္ဂ (EU) နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အထိမ်းအမှတ် ထိပ်သီးဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။  REUTER

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ အောက်တိုဘာ ၃ ရက်မှာ ကျင်းပတဲ့ အီးယူ-ဥရောပသမဂ္ဂနဲ့ အာဆီယံ-အရှေ့ တောင်အာရှနိုင်ငံများအသင်း လူ့အခွင့်အရေးဆိုင်ရာ အရပ်ဘက်အဖွဲ့တွေ ဆွေးနွေးပွဲမှာ မြန်မာစစ်ကောင်စီ ကိုယ် စား ပြုသူကို ဖိတ်ကြားတာကို အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဝေဖန် ကန့် ကွက် လိုက်ပါတယ်။

စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကိုယ်စားလှယ်ကို အီးယူ-အာဆီယံ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ ဆွေးနွေးပွဲကို တက်ရောက်ခွင့်ပေးတာ အံ့ဩတုန်လှုပ်ရတယ် လို့ NUG အစိုးရက အောက်တိုဘာ ၃ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

အီးယူနဲ့ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်တွေအနေနဲ့ မြန်မာနိုင်ငံ အတွက် စစ်မှန်တဲ့ လူ့အ ခွင့်အရေးဆွေးနွေးပွဲလုပ်မယ်ဆိုရင် မြန်မာပြည်သူလူထုကို တရားဝင်ကိုယ်စားပြုသူတွေနဲ့သာလုပ်ဖို့လည်း NUG က တိုက်တွန်းထားပါတယ်။

HRW လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ အပါအဝင် မြန်မာ့အရေးလှုပ်ရှားနေတဲ့ အဖွဲ့ ၄၅ ဖွဲ့က ထုတ် ပြန် တဲ့ ပူးပေါင်းကြေညာချက်မှာလည်း စစ်ကောင်စီကိုယ်စားလှယ်ကို ဖိတ်ကြားတာဟာ လူ့အခွင့်အရေးစံနှုန်း စံ ထားတွေနဲ့ မကိုက်ညီဘူးလို့ ထောက်ပြ ထားပါတယ်။

အီးယူ ဥရောပသမဂ္ဂအနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို ဒဏ်ခတ်ပိတ်ဆို့ထားသလို၊ အာဆီယံခေါင်း ဆောင် တွေကျင်းပတဲ့ ညီလာခံတွေမှာလည်း စစ်ကောင်စီကို တက်ရောက်ခွင့် ပိတ်ထားပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */